Chapter 14

462 68 0
                                    

အပိုင်း (၁၄)

စုရှင်းချန်တစ်ယောက် အင်္ကျီဝယ်ပေးရသည့် အချိန်တိုင်းအမြဲပင် တွန့်ဆုတ်နေတတ်သည်ကား မည်သည့်အဝတ်ကို ဝယ်ပေးလို့ ဝယ်ပေးရမှန်းမသိသောကြောင့်ပင်။

မည်သို့ပင်ဖြစ်စေ ဟျူဇီအသီးအား ရောင်းလိုက်ရာမှ ယန်းတစ်ထောင်ကို မမျှော်လင့်ပဲနှင့် ရခဲ့ပေသည်။ ထို့ကြောင့်ပင် ဦးလေးနျိုဝတ်ရန်အတွက် လူကြီးဝတ်ဆယ်ထည်ကို လက်ဆောင်အဖြစ် ပေးနိုင်ခဲ့ပေသည်။

အိမ်သို့ပြန်ရောက်လာသောအခါတွင်ကား မိုဘိုင်းဖုန်းထဲတွင် လတ်တလောကမှ သိမ်းထားသော ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ကာ ခေါင်းစဥ်အနေဖြင့်

"ဒီအဖိုးအိုကတော့ ကျွန်တော့်ရဲ့ရွာမှာ တစ်ယောက်တည်း နေတဲ့အဖိုးပါ။ ဒီဖိုးဖိုးရဲ့အနွေးထည်ကို ပြန်ဝယ်ချင်တယ်ဆိုရင် ကျွန်တော်ကနေတစ်ဆင့် ဆက်သွယ်လို့ရပါတယ်ခင်ဗျ"

ထို့နောက်တွင်ကား ဝယ်ချင်သည့်ပရိသတ်များသည် စုရှင်းချန်ထံ လာရောက်ဆက်သွယ်ကြပေသည်။

ယန်းတစ်ရာ့ငါးဆယ် ပေးမည်ဟု သဘောတူညီချက်ရကာ နှစ်ဦးသား စျေးဖြစ်သွားသည်နှင့်တစ်ပြိုင်နက် စုရှင်းချန်တစ်ယောက် အမြန်အဆန်ပင် ရောင်းလိုက်ပေသည်။ ယန်းတစ်ရာ့ငါးဆယ်သည်ကား များပြားသည့် ပမာဏမဟုတ်သည့်အပြင် မြို့ကြီးပြကြီးတွင် မှာယူပါကလည်းအဟောင်းဖြစ်သည့်တိုင် ဤစျေးကိုရမည်မဟုတ်ပေ။

စုရှင်းချန်သည် စီးပွားရေးကို မသိမသာလေးစတင်လုပ်ကိုင်နေသည့်အတွက်ကြောင့်ပင် တချို့သော မှတ်ချက်ရေးသူများက စုရှင်းချန်အား

"မင်းဆီကဝယ်ရတာ တကယ်ကို စျေးအတန်ဆုံးနဲ့ ပြီးတော့ လက်တွေ့တကယ်ဆန်တဲ့ ဘလော့ကာတစ်ယောက်ပဲ"

စုရှင်းချန်သည်ကား "ဟဟ ဘာလို့ဆို ကျွန်တော်ကပိုက်ဆံရဖို့အတွက် လုပ်နေတာ မဟုတ်လို့လေ...။"

လူလူဒါအပြာရောင်လမ်းလေး။ "ကျောက်ဆူးကောင်လေး ရီရီ ကျန်သေးလားဟင်။ ငါ့စာကြည့်ခန်းထဲမှာချိတ်ဖို့ တစ်ခုလောက်ထားချင်လို့"

စုရှင်းချန်။ "နောက်ဆုံးတစ်ခုတော့ ကျန်သေးပါတယ်။ တကယ်ကို အချိန်ကိုက် ရောက်လာတာပဲ"



နှစ်ရက်ကြာပြီးနောက်တွင်ကား အသီးလေးများသည် ဝယ်ယူသူများထံ အဆင်ပြေချောမွေ့စွာနှင့် ရောက်ကြသည်ဖြစ်ရာ ကောင်းမွန်သည့်မှတ်ချက်များစွာကိုရရှိခဲ့ပေသည်။ ဘလော့ကာကောင်လေး၏ သေသေချာချာထုပ်ပိုးပေးသည့်အတွက်ကြောင့်ပင် အတွင်းရှိ အသီးများသည် မပုပ်မသိုးသွားပဲ အကောင်းတိုင်း ရှိနေပေသေးကာလတ်ဆတ်နေပေသည်။

နောက်နှစ်ရက်ကြာသောအခါတွင်လည်း မှာထားသည့်ရီရီကို ထပ်မံပို့ပေးနိုင်ခဲ့ပေသည်။

စုရှင်းချန်သည် ဝယ်သူများထံမှ မှတ်ချက်ကောင်းများကို ရသည်သာမက ဓာတ်ပုံနှင့်တကွပင် ကျေးဇူးတင်စကားများပါ ပြောကြပေသည်။ ထို့ပြင် ပစ္စည်းတော်တော်များများကို ဝယ်ယူအားပေးသူ များပြားသည့်အလျှောက်ပင် ပျော်ရွှင်မှုများ ရရှိသလို အနည်းငယ် ရှက်သွေးဖြာမိပေသည်။

စုရှင်းချန်သည် ထိုပုံများကို ဦးလေးနျူကို ပြလိုက်သည်နှင့် ဦးလေးနျူကိုယ်တိုင် သဘော အလွန်ကျနေပေသည်။ ထို့ပြင် သူကိုယ်တိုင် လုပ်ထားသည့်ပစ္စည်းများကို တပါးသူမှ ဝယ်ယူပြီးနောက်တွင် စာကြည့်ခန်းတွင် တယုတယ ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသောကြောင့် အလွန် ကျေနပ်ပီတိ ဖြစ်ရပေသေးသည်။

စုရှင်းချန်သည်လည်း အတိုင်းထက်အလွန်ကိုဝမ်းသာနေပေသည်။ သူကိုယ်တိုင် စိုက်ပျိုးခဲ့သည့် လယ်ယာအတွင်းမှအစေ့များသည် ယခုတလောကမှပင် အဖူးများလည်း ပွင့်နေပြီဖြစ်သည်။ စိမ်းစိုနေသည့် လယ်ကွင်းပြင်ကြီးသည် ချစ်စရာ အလွန်ကောင်းလှပြီး အသေအချာ ဂရုစိုက်မှုကိုလိုအပ်နေပေသည်။

"ကျွန်တော်ကိုယ်တိုင် လုပ်ထားတဲ့ ဝါးပြွန်လေးတစ်ခုလေ။ ဒီအရာလေးက မျိုးစေ့အသစ်လေးတွေကို ဂရုစိုက်တဲ့နေရာမှာ တကယ်ကို အသုံးဝင်တယ်လေ။ သူတို့နည်းနည်းလောက်ကြီးလာရင်ဒီထပ်ကြီးတဲ့ ပြွန်နဲ့ ထပ်ပြီး ဂရုစိုက်ပေးရပါ့မယ်"

လူငယ်လေး၏ပျော်ရွှင်ပြီး နူးညံ့သောအသံလေးသည် တိတ်ဆိတ်ငြိမ်သက်နေသော တောင်တန်းကြီး၏ နေဝင်ချိန်နှင့် ရောယှက်ကာ နားဆင်သူတို့၏နားပေါ်သို့ တိုက်ရိုက်ကျရောက်လိုက်သည်နှင့် နစ်မျောသွားစေသည့် စိတ်သက်သာမှုတစ်ခုကို ပေးပေသည်။

ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now