Chapter 20

511 80 1
                                    

အပိုင်း (၂၀)

စုရှင်းချန်သည် ဤသို့သော မှတ်စုတိုလေးများကို မမြင်ဖူးသောကြောင့် ဆန်းတပြားပြားဖြင့် ကြည့်နေမိပေသည်။

ထို့နောက်တွင် မည်သည်ကိုမျှ မတွေးတော့ပဲ အစားအသောက်များကို ထမင်းဘူးထဲထည့်ကာပိုက်ဆံနှင့်မှတ်စုကို ထမင်းဘူးပေါ်တွင်တင်လျှက် ထားခဲ့ပေသည်။

နေ့လယ်ပိုင်းတွင် သူဌေးလေးသည် အိမ်သို့ ဆိုင်းမဆင့်ဗုံမဆင့် ပြန်လာပေသည်။ ယခုရက်ပိုင်းတွင် ယွီဖန်ရှင်းတစ်ယောက် နေ့လယ်တိုင်း အိမ်သို့ထမင်းပြန်စားလေ့ရှိကာ ရုံးသို့မပြန်မီ ခဏမျှ အနားယူလေ့ရှိပေသည်။

ယွီဖန်ရှင်းသည် ထမင်းဘူးကို တွေ့လိုက်သည်နှင့်အပေါ်တွင်တင်ထားသော မှတ်စုတစ်ခုကိုတွေ့သောကြောင့် မျက်မှောင်ကြုတ်လိုက်ပေသည်။

"ပိုက်ဆံပေးတာတွေကို လက်မခံပါဘူးး" ဟူသောမှတ်စုပင်။

စုရှင်းချန်သည် အိမ်ပိုင်ရှင်မှတ်စုကိုမြင်၍ မည်သည်ကို တွေးနေမည်ကိုမသိပေ။ သို့သော်လည်း သူကိုယ်တိုင် အိမ်ပိုင်ရှင်ကို ယခုအချိန်တွင် ရင်မဆိုင်ချင်သေးပေ။

ထိုအချိန်၌ စုရှင်းချန်သည် သပ်သပ်ရပ်ရပ် ဝတ်စားကာ ကျောပိုးအိတ်ကိုလွယ်၍ အပြင်ထွက်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

"သွားကြရအောင်" ကောင်လေးသည် ခွေးလေးနှစ်ကောင်ကိုခေါ်၍ ခြံတံခါးကိုသော့ခတ်ကာ တောင်ပေါ်သို့ တက်သွားပေသည်။

ဘယ်ရီသီးများကို ကောက်ယူထုပ်ပိုးပြီးသည့်အချိန်တွင်ကား ထပ်မံ၍တောင်တွင်းအစားအသောက် အသီးအနှံများကို လျှောက်ပတ်ရှာခဲ့ပေသည်။

ပီလောပီနံနှင့် ကင်းမွန်ရွက်များကဲ့သို့ အရွက်စားအပင်များသည် တောင်ပေါ်တွင် အလေ့ကျပေါက်ရောက်ပေသည်။

နေ့လယ်ပိုင်းအချိန် တောင်ပေါ်တွင် နေမင်းကြီးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွန်းလင်းနေသည်ဖြစ်ရာအပင်များပေါ်သို့ ကျဆင်းလာသည့် နေအလင်းရောင်သည် သစ်ရွက်လေးများကိုဖြတ်၍ ခွေးလေးနှစ်ကောင်ပေါ်တွင် လှပသည့်ကြယ်ပုံစံပမာပုံရိပ်ယောင်တစ်ခုကို ထွက်ပေါ်စေပေသည်။

စုရှင်းချန်သည် မနေနိုင်တော့သည့်အဆုံးတွင် ဖုန်းကိုဖွင့်ကာ Live ဖွ့င်၍ ပရိသတ်ကြီးများကိုနှုတ်ခွန်းဆက်သလိုက်ပေသည်။

"မင်္ဂလာနေ့လယ်ခင်းပါ...။ ကျွန်တော် ဒီနေ့အားလပ်ရက်ဖြစ်တဲ့အတွက် တောင်ပေါ်ကို ပြန်တက်ခဲ့တာပါဗျ။ ကျွန်တော် ဒီနေ့ကံကောင်းလို့ကံကောင်းညားဆိုပြီး ပီလောပီနံရွက်ကို ရှာကြည့်မလို့ပါခင်ဗျ"

ထိုခဏတွင်ကား Live ထဲတွင် လူအများအပြားမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် နေ့လယ်နေ့ခင်းဖြစ်သည့်အတွက် တရေးတမော အိပ်စက်နေကြသည့်အချိန် ဖြစ်ပေသည်။

စုရှင်းချန်သည် ခရမ်းရောင်ပန်းပွင့်များမှာ ခေါင်းလောင်းပန်းများပမာ ပွင့်လန်းနေသည်ကိုမြင်၍ အလွန်ပင် ဝမ်းသာအားရသွားကာ

"ဒီပန်းလေးတွေကို လီလီပန်းလေးတွေလို့လည်း ခေါ်သေးတယ်ခင်ဗျ။ တောင်ကြားလေးတွေမှာပွင့်တဲ့လီလီပန်းလေးတွေရယ်၊ မြက်ခင်းပြင်စိမ်းလေးတွေရယ်နဲ့ လှပတဲ့ကောင်းကင်ကြီးဆိုတာလိုက်ဖက်တဲ့ပေါင်းစပ်မှုတစ်ခုပဲလေ။ အာ ပြောဖို့မေ့နေတာ... လီလီပန်လေးတွေက ပျော်ရွှင်မှုကိုတန်ပြန်သက်ရောက်စေတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်"

အာကာနာလင်းရှင်းး။ "မျက်ရည်တောင်ဝဲမိတယ်။ ကိုယ့်ရဲ့အချစ်ဦးလည်း ဒီပန်းလေးတွေကိုလက်ဆောင်ပေးခဲ့လို့နဲ့တူတယ် တစ်သက်လုံးရိုးမြေကျပေါင်းနေရတာ"

စုရှင်းချန်သည် ပန်းလေးများကို ဓာတ်ပုံရိုက်ကာ Live အတွင်းရှိ စကားပြောခန်းသို့ တင်လိုက်ပြီးလျှင် ဖန်များ၏မက်ဆေ့ဂျ်ကိုမြင်ကာ ပြုံးပျော်သောမျက်နှာဖြင့်

"ဒီနေ့မှာ လီလီပန်းလေးတွေကို မြင်လိုက်ရတဲ့သူမှန်သမျှ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်နိုင်ကြပါစေ"

လှပပြီး အကြည်ဓာတ်ကို ပေးဆောင်နိုင်သောမျက်နှာပိုင်ရှင်၏ပါးစပ်ဖျားလေးမှ လှပသည့်စကားလုံးများနှင့် လှပသည့်မြင်ကွင်းတို့ကို ရှုစားနေရသူ အပေါင်းသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး တစ်ရက်တာကို လန်းလန်းဆန်းဆန်းဖြတ်ကျော်နိုင်ပေတော့မည်။

ရုပ်ချောပြီး အပြောကောင်းသော လူအတော်အများကို မြင်ဖူးသော်လည်း ဤကဲ့သို့ စိတ်ရင်းအတွင်းမှပြောသော စကားလှလှပိုင်ရှင်အား တော်ရုံမြင်ရသည်မှာ ရှားလှသည့်အပြင် အပန်းပြေစေကာ နှစ်လိုဖွယ်ကောင်းသည့်အသံမျိုးကို ပိုင်ဆိုင်ထားသည့်သူလည်း ဖြစ်ပေသည်။

"သွားကြရအောင်" စုရှင်းချန်သည် နဖူးပေါ်တွင် ဖုန်းကို တစ်ဖန်ပြန်တင်လိုက်ပေသည်။ ထိုအချိန်၌ လက်တွင် ခမောက်ကိုင်ထားကာ အနည်းငယ် ချွေးပြန်နေသောကြောင့် ခမောက်ဖြင့် ယပ်ခတ်နေပေသည်။

ပူတာအိုအရွက်များသည် ခြောက်သွေ့ပြီး အေးမြသောအရပ်တွင် ပေါက်ရောက်လေ့ရှိသည့်အပြင် စမ်းချောင်းအနီး တောင်ကုန်းအနီးနားတွင်လည်းပေါက်ရောက်လေ့ရှိသော အရွက်များဖြစ်ပေသည်။

"ကျွန်တော်တို့ ကင်းမွန်ရွက်ရဲ့အမြစ်ကို ရှာလို့တွေ့ပြီဗျ" ကျောက်ဆူးပမာ မာကျောနေသည့် လူငယ်လေးသည် သူရှာနေသည့်အရာကို တွေ့ပြီဖြစ်သောကြောင့် မထိန်းနိုင်ပဲ အပျော်တကြီးဖြင့် ပြောနေပေသည်။ ထို့နောက်တွင် ကျောပိုးအိတ်ကိုအောက်သို့ချကာ တွင်းတူးလိုက်ပေသည်။

ခွေးကလေးနှစ်ကောင်သည် လျှာလေးကိုထုတ်ကာ ဘေးဘီသို့လိုက်လံ၍ အနံ့ခံနေကြပြီးလျှင် အဘက်ဘက်မှ လာမည့်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်မည့်အစောင့်များပီပီ နားစွင့်နေကြပေသည်။

"ပူတာအိုအရွက်လေးတွေက မေလနဲ့ဂျွန်လမှာပေါက်ရောက်လေ့ရှိလို့ ဒီအချိန်မှာ ပူတာအိုအရွက်တွေကို တူးယူလို့ အဆင်မပြေသေးဘူး" စုရှင်းချန်သည် ချွေးကိုသုတ်ကာ ပရိသတ်ကြီးကိုအသေအချာ ရှင်းပြနေပေသည်။

"ဒီဇင်ဘာလနဲ့ဖေဖော်ဝါရီလ ရောက်ရင်တော့ ပူတာအိုအရွက်ကို တူးယူဖို့ အဆင်ပြေတဲ့ အချိန်ကောင်းပဲလေ"

ထို့နောက်တွင်ကား ထပ်မံ၍ "ကင်းမွန်ရဲ့အမြစ်မှာထူးခြားတဲ့ဟော်မုန်းဓာတ်တစ်ခု ပါဝင်ပြီးတော့ သွေးထဲကိုဂလင်းဓာတ်တချို့ ပို့ဆောင်တဲ့အချိန်မှာအားကောင်းအောင် အထောက်အကူပြုတယ်လို့ဖတ်ဖူးပါတယ်။ ရင်နဲ့ယမ်ဓာတ်ကို ညီမျှအောင် ထိန်းညှိပေးပြီးတော့ အတွင်းအင်္ဂါအစိတ်အပိုင်းတွေနဲ့အတူတကွ ပါဝင်သွားပြီး ဇီဝဖြစ်စဉ်ကိုတိုးတက်စေတဲ့အတွက် တကယ်ကို ကောင်းတဲ့ဆေးဝါးတစ်ခုလို့ ဆိုလို့ရပါတယ်"

"အင်း တော်တော်ကြီးတာပဲ အမြစ်က" စုရှင်းချန်သည် ကြီးမားသည့်အမြစ်ကြီးကို ဆွဲထုတ်ကာ ရွှံ့ကိုသုတ်၍ ဘေးရှိခြင်းတောင်းအတွင်းသို့ ပစ်ထည့်လိုက်ပေသည်။

Live တစ်ခုလုံးရှိ လူများသည် အုံးအုံးကြွသွားကြပေသည်။ ကင်းမွန်မြစ်ကို ရောင်းနိုင်မလားဟူသောမေးခွန်းများစွာကို မေးကြပေသည်။

သို့သော်လည်း ကောင်လေးသည် အမြစ် နောက်တစ်ခုကို ထပ်မံ၍ တူးဖော်ရန် စိတ်ရောက်နေသောကြောင့်ပင် ရောင်းချင်သည့်စိတ် လုံးဝ မပေါ်ပေ။

"ဝမ်" ရုတ်တရက်ဆိုသလိုပင် ခွေးကလေး၏ထဟောင်သောအသံကြောင့် စုရှင်းချန်တစ်ယောက် ခွေးလေးဆီသို့ အာရုံရောက်သွားပေသည်။

ဤသို့အန္တရာယ်များလှသော တောင်ကြီးတွင် စုရှင်းချန်တစ်ယောက် ဂရုမစိုက်ပဲနှင့် မနေရဲပေ။ ထို့ကြောင့် သူ၏လက်အတွင်းရှိ ပစ္စည်းများကို ပစ်ချကာ ခွေးလေးကြည့်နေသည့်နေရာသို့ လိုက်ကြည့်လိုက်ပေသည်။

"ဘာဖြစ်လို့လဲ"

စုရှင်းချန်သည် ကြောင်စီစီဖြစ်သွားကာ နှုတ်ခမ်းပါးလေးကို ကိုက်၍ လက်ကိုမြှောက်ပြီး ဝှေ့ယမ်းကာ "ဟေးး" ဟူသောစကားလုံးဖြင့် မျောက်သားအမိကိုနှုတ်ဆက်လိုက်ပေသည်။

စုရှင်းချန်သည် လက်ကိုဝှေ့ယမ်းပြီး နှုတ်ဆက်ပြီးသည့်နောက်တွင်ကား မျောက်မကြီးသည် သစ်ပင်ပေါ်မှ ကလေးလေးကိုချီ၍ ဆင်းလာကာ စုရှင်းချန်ဆီသို့ ပြေးလာပေသည်။

စုရှင်းချန်လည်း အံ့အားသင့်ကာ ပျော်သွားသောကြောင့်ပင် "မျောက်သားမိလေး~ မင်းတို့ ငါ့ကို မှတ်မိကြသေးတယ်ပေါ့"
မျောက်အမေကြီးသည် စုရှင်းချန်နားသို့ ကပ်လာကာ ဘေးနားရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်လိုက်ပုံသည်ကား ဖော်ရွေသည့်သူငယ်ချင်းနှစ်ယောက် လက်ဆုံစကားပြောမည့်အလားပင်။

စုရှင်းချန်သည် အိတ်ကပ်အတွင်းသို့ လက်နှိုက်လိုက်သောအခါ သစ်သီးလေးတစ်ခုကိုတွေ့သောကြောင့် မျက်ရည်ဝဲနေသော မျောက်ကလေးအား လက်ဆင့်ကမ်း၍

"ရော့ စားကြည့် အရသာရှိတယ်"

ထိုအချိန်ခဏတွင် မျောက်အမေကြီးသည်တွန့်ဆုတ်တွန့်ဆုတ်နှင့် သူ့သားလေးအား ရန်ပြုမည်ကို စိုးရိမ်စိတ်ရှိသော်လည်း အဆုံးတွင် စုရှင်းချန် လက်အတွင်းရှိ အသီးကိုယူလိုက်ကာ ပါးစပ်အတွင်းတွင် ပလုတ်ပလောင်း ထိုးသိပ်လိုက်ပေသည်။

စုရှင်းချန်သည် မျောက်ကလေး စားပုံသောက်ပုံကိုကြည့်၍ ခေါင်းလေးတခါခါဖြင့် အနောက်သို့ပြန်လှည့်ကာ အမြစ်များကို အိတ်အတွင်းသို့ ပစ်ထည့်လိုက်ပေသည်။

မျောက်အမေကြီးသည် စုရှင်းချန်၏ခြေထောက်နားလေးသို့လာကာ စုရှင်းချန်၏ဘောင်းဘီစကိုဆွဲလိုက်ပေသည်။

"အမ်" စုရှင်းချန်တစ်ယောက် မျောက်မကြီး၏ အမူအရာကို နားလည်သောကြောင့် အံ့အားသင့်ကာ

"မင်း နောက်ကို လိုက်စေချင်တာလား"

မျောက်အမေကြီးသည် စုရှင်းချန်၏ဘောင်းဘီကိုအဆက်မပြတ် ဆွဲချနေပေသည်။

စုရှင်းချန်တစ်ယောက် ငိုရမလိုရီရမလိုနှင့် မျောက်အမေကြီး သူ့ကို ဘယ်ခေါ်သွားမည်ကို သိချင်နေပေသည်။

"ခနလေး ပစ္စည်းတွေ ထည့်လိုက်ဦးမယ်" စုရှင်းချန်သည် ကျောပိုးအိတ်ကိုလွယ်ကာ ပါလာသည့်ပစ္စည်းများနှင့် ခြင်းတောင်းတစ်ခုကို သယ်၍ တောင်ကုန်းတစ်လျှောက် မျောက်အမေကြီးနှင့်အတူတူဆင်းသွားပြီးလျှင် အမည်မသိနက်ရှိုင်းသည့်တောင်တွင်းသို့ ဝင်ရောက်သွားကြပေသည်။

ကြည့်ရှုနေသည့် ပရိသတ်များသည် မျောက်အမေကြီးက ကောင်လေး၏ဘောင်းဘီကို မလွှတ်တမ်းဆွဲထားသည်ကိုတွေ့သော်လည်း တောနက်တွင်းသို့ရောက်နေပြီဖြစ်သောကြောင့် အတော် စိတ်မချဖြစ်နေရပေသည်။

မျောက်အမေကြီးသည့် အလျင်အမြန် ပြေးသွားသည့်အတွက်ကြောင့် စုရှင်းချန်အဖို့ အပြေးအလွှားလိုက်ရပေသည်။ ထို့နောက်တွင်ကား တောင်တွင်းရှိတောအုပ်တစ်ခုတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားကြပေသည်။

မျောက်အမေကြီး ဘယ်ကိုပြေးနေလို့ ပြေးနေမှန်းမသိသော်လည်း စုရှင်းချန်ကိုယ်တိုင် မေ့လဲချင်လောက်အောင် မောပန်းလာသည့်အချိန်ရောက်သည့်အခါမှသာ မျောက်မကြီးသည့်ကြီးမားသည့် ကျောက်တုံးတစ်ခုနားတွင် ရပ်လိုက်ပေသည်။

"ရော့" စုရှင်းချန်သည် ရေခွက်အတွင်းမှ ရေကို ခွေးလေးများသောက်ရန် လောင်းထည့်ပေးလိုက်ပေသည်။

ထိုအချိန်တွင် မျောက်ကလေးသည် သူမိခင်အတူတူစုရှင်းချန်နားသို့ ကပ်လာကာ ရေသောက်ရန်အတွက် ရေလေးခပ်လာပေသည်။

စုရှင်းချန်က မျောက်ကလေးကိုကြည့်ကာ "မင်းတို့မျောက်ကလေးတွေက သကြားလေးတွေကို စားတတ်တာလား"

မျောက်ကလေးသည် လူစကားကို နားမလည်သောကြောင့်ပင် စုရှင်းချန်အားမျက်ရည်အဝိုင်းသားလေးနှင့် ထိုင်ကြည့်နေပေသည်။

အမေကြီးသည် လျင်လျင်မြန်မြန်ပင် ကျောက်တုံးကြီးပေါ်သို့ ခုန်တက်သွားပေသည်။

ထိုအချိန်တွင် ကြည့်ရှုသူပရိသတ်၏အာရုံကိုအပြည့်အဝရရှိနေသည်ကား ကျောက်တုံးနံဘေးတွင် ပေါက်ရောက်နေသော တန်ဖိုးကြီး မှိုတစ်မျိုးဖြစ်ပေသည်။ ထိုမှိုသည် ကြီးမားသည့်သစ်သားကြီးပေါ်တွင် ပေါက်ရောက်နေသည်ဖြစ်ပြီး ကျောက်တုံးနှင့်အနည်းငယ် ကွယ်နေသောကြောင့် အရမ်းမသိသာပေ။

ချီစီကြောင်လေး။ "သေလို့ရပြီ အဲ့တာ နာမည်ကြီးမှိုမလားးး"

ကောင်လေးသည် အနားသို့ကပ်ကာ အသေအချာပင် ပရိသတ်မြင်အောင် ပြလိုက်သည့်အခါမှ ထိုမှိုမှန်သည် ဟူသော သေချာမှုနှင့်အတူ ကြိတ်ကြိတ်သဲစည်ကားလာကြပေသည်။

မှတ်ချက်များသည် အဆက်မပြတ် တက်လာပေသည်။

"အဲ့ဒီမှိုကို အနီရောင်ချီလို့တောင် တင်စားခေါ်ဝေါ်ကြတယ်လေ။ ဘာလို့ဆို သွေးရောင်လိုဖြစ်နေတဲ့အပွင့်ဖက်တွေနဲ့ ရာစုနှစ်ပေါင်းများစွာ ကြာမှ ပွင့်တဲ့မှိုပွင့်မို့လို့လည်း ဖြစ်တယ်။ အဲ့မှိုကနေ ရတဲ့ဆေးဝါးက အသက်ကြီးတဲ့သူနဲ့နေမကောင်း မကျန်းမမာဖြစ်နေတဲ့သူတွေအတွက် အတော်ကိုအသုံးဝင်တယ်လေ"

"အမလေး အဲ့တာဆို အဲ့မှိုတွေက ဘယ်လောက်တောင် တန်လောက်လဲမသိဘူးးး။ ကျောက်ဆူးကောင်လေးတော့ ချမ်းသာပြီဟေ့"

"တကယ့် အရိုင်းမှိုက အဲ့နှစ်တွေတုန်းကတောင် ဒေါ်လာထောင်ပေါင်းများစွာ ကျတာလေ။ ပြီးတော့အရမ်းကို တန်ဖိုးထားရတဲ့အတွက် ကျောက်ဆူးကောင်လေး အဲ့တာကိုရောင်းချင်ရင် နှစ်သိန်းအောက်ကို လုံးဝ မလျှော့နဲ့"

စုရှင်းချန်သည် ကြည့်ရှုသူပရိသတ်များ ဤသို့ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို သတိမထားမိပေ။

စုရှင်းချန်သည် ကြီးမားသည့် မှိုနီရောင်ကြီးကို ငေးကြည့်ကာ ထိပင်မထိရဲပေ။

ကြည့်ရသည်မှာ မျောက်ကလေးသားအမိသည် ဤမျှ တန်ဖိုးကြီးလှသော မှိုပွင့်ကိုပြရန်အတွက် သူတို့ကို ခေါ်လာခြင်း ဖြစ်ရပေမည်။

စုရှင်းချန်သည် အနီရောင်မှိုပွင့်ကို ကြည့်နေရင်းနှင့်ပင် တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါမျောက်မကြီးသည် မျောက်သာလေးအတွက် အကောင်လေးအား ဝိုင်းဖမ်းပေးနေသည်ကို တွေ့ရပေသည်။

"ကျေးဇူးတင်ပါတယ်" စုရှင်းချန်သည် အသေအချာပင် ကျေးဇူးတင်စကားပြောပြီးနောက် မှိုပွင့်ကြီးအားကောက်ယူလိုက်ပြီးလျှင် ခြင်းတောင်းအတွင်းသို့မတတ်သာပဲ ထည့်ရတော့ပေသည်။

ထို့နောက်တွင် အိမ်သို့ကမန်းကတန်းပြန်ကာ မှိုနီပွင့်နှစ်ပွင့်အား သူနှင့်အတူတူ ပြန်ယူလာပေသည်။

မျောက်မကြီးသည့်သူ့အနောက်သို့ဆက်မလိုက်တော့သည်ကို သိလိုက်ရသောကြောင့် စုရှင်းချန်သည် အနောက်သို့လှည့်ကာ လက်ပြနှုတ်ဆက်လိုက်ပေသည်။

"နောက်တစ်ခေါက်မှ ပြန်တွေ့ကြတာပေါ့"

ထိုအချိန်တွင် ပေကျင်းမြို့ပေါ်ရှိ ဒါရိုက်တာတစ်ဦးသည် ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြုလုပ်နေပေသည်။

"ဒါရိုက်တာဟန် ကျွန်တော် ခင်ဗျားအဖေအတွက် အဆင်ပြေစေမယ့် ဆေးတစ်ခုကို ရှာတွေ့ထားတယ်"

ဒါရိုက်တာဟန်သည် ဖခင်နေမကောင်းသောကြောင့် ယခုတလောတွင် စိတ်ညစ် စိတ်ဆင်းရဲနေရသည်။ အပြည့်အဝယုံသည်ဟု မဆိုလိုသော်လည်း စိတ်ပျက်လက်ပျက်ဖြင့်

"ဘာကောင်းတာလဲပြပါဦး"

"တောရိုင်းမှိုပွင့်နီတစ်မျိုးပါ ဒါရိုက်တာ"

နှစ်မိနစ်ကြာပြီးနောက်တွင် ဒါရိုက်တာဟန်၏မိုဖိုင်းဖုန်းအတွင်းသို့ စုရှင်းချန်၏ဗီဒီယိုကို ပို့လိုက်ပေသည်။

ဒါရိုက်တာဟန်၏ အမည်ရင်းသည် ဟန်မူယွမ်ဖြစ်ပြီး အသက်သုံးဆယ်ရှိနေပြီဖြစ်သောလူကြီးလူကောင်းတစ်ယောက်ဖြစ်ပေသည်။

ယခုတွင်ကား အဖေအိုကြီးသည် မည်သည်ကိုမျှ မစားနိုင်ပဲ အားနည်းနေသည့်အတွက် ဤသို့သောဆေးဝါးမျိုးကို မှီဝဲရန် လိုအပ်ပြီး ထိုဆေးဝါးမှာ ရဖို့ရန် ရှားပါးလှပေသည်။

"ငါ သူ့ကို ဆက်သွယ်လို့ရမယ့် အချက်အလက်တွေ အကုန်လိုချင်တယ်"

ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now