အပိုင်း (၁၃)
စပါးကြီးမြွေကို တိုက်ခိုက်သည်ကား လွယ်လှသော်လည်း ဆယ်မိနစ်နီးပါးလောက် ကြာပေသည်။
စုရှင်းချန်သည် ကဗြောက်ကသောက်ဖြစ်နေသည့် ကြည့်ရှုသူပရိသတ်ကြီးကို အာရုံမစိုက်နိုင်တော့ပဲ မျောက်သားအမိကို စိုးရိမ်သောကြောင့် မျောက်လေးနားအား အလျင်အမြန် ပြေးသွားကာ မြေပြင်ပေါ်တွင် လဲကျနေသော မျောက်အမေကြီး၏ကျောနှင့် ရင်ဘတ်ကို ပွတ်ပေးနေပေသည်။
မျောက်သားပေါက်လေးသည်လည်း အလွန်ပင် ငယ်သေးသည်ဖြစ်ရာ စုရှင်းချန်သည် သူတို့ကို ဒီအတိုင်း မထားခဲ့နိုင်ပေ။
အတော်ကြာကြာ စဥ်းစားပြီးသည့်နောက်တွင်ကား စုရှင်းချန်သည် အမေမျောက်ကြီးနှင့် ကလေးလေးကိုသယ်လိုက်သည်နှင့် သူ၏ ကီလိုသုံးဆယ်လေးဆယ်လောက်သာလေးသည့် ခန္ဓာကိုယ်အလေးချိန်သည် ချက်ချင်းပင် ပေါင်ချိန်ငါးဆယ်ကျော်သွားပေသည်။
အချိန်တော်တော်ကြာသည်အထိ လမ်းလျှောက်ပြီးနောက်တွင်ကား စုရှင်းချန်သည် နဖူးပေါ်ရှိ ဖုန်းအား ယခုချိန်ထိဖွင့်ထားသည်ကို သတိရသွားပေသည်။ ထို့ကြောင့်ပင် အသက်ကိုပြင်းပြင်းရှူကာ မောနေသည်ကို အနည်းငယ် ဖြေလိုက်ပြီးလျှင်
"သူငယ်ချင်းတို့အားလုံးးး ကျွန်တော် အခုမျောက်သားအမိကို သယ်လာတာပါ ကွှန်တော်သာအကယ်လို့ သူတို့ကို မကယ်ခဲ့ရင် သူတို့သေချာပေါက် သေသွားနိုင်ပါတယ်ခင်ဗျ...။ အဲ့တာကြောင့် ဟဟဟဟ..."
ထိုအချိန်၌ Live လွှင့်သည့် နေရာတစ်ခုလုံးသည် လူအတော်အများဖြင့် ရုတ်ရက်ခတ်နေပြီး လူအများသည် ကျောက်ဆူးပမာ သန်မာသည့်လူသားလေးအား မျောက်ကလေးကို မည်သို့ကာကွယ်ခဲ့ကြောင်း စကားခန်းဖွဲ့နေကြပေသည်။
ဖောလိုးလုပ်သည့်သူများသည် တဖြေးဖြေးနှင့်တက်လာကာ စုရှင်းချန်သည် ထောင်ပေါင်းများစွာသော ဖန်များကို ရခဲ့ပေသည်။
စုရှင်းချန်တစ်ယောက် စပါးကြီးမြွေကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အချိန်ကတည်းက ကြည့်ရှုသူ တော်တော်များများသည် မိနစ်ပိုင်းအတွင်းတွင် တက်လာကြပေသည်။ တရုတ်လူမျိုးများ၏ စိတ်စွမ်းအင် ပြင်းပြမှုကို မည်သည်မှ ယှဥ်လို့မရသည်ပဲ တစ်ယောက်အပေါ်တစ်ယောက် ကူညီလိုစိတ် ပြင်းပြသည့်စိတ်ကိုကား မချီးကျူးပဲ မနေနိုင်ကြပေ။
အာလူးကြော်လေးစားချင်တယ်။ "သားကြီးရာ မင်း တော်တော် သတ္တိရှိတာပဲ။ ငါဆို အဲ့လိုမလုပ်နိုင်ဘူး"
၁၇၆၆၄၉၆၀၃၁။ "မင်းရဲ့ဗီဒီယိုတွေကို အရင်တုန်းကတော့ ရုပ်လေးချောလို့ အစားအသောက်လေးတွေကိုကြည့်ပြီး စားချင်စိတ်လေးဝင်လို့ ကြည့်ခဲ့ပေမဲ့ အခုတော့ မင်းကို တော်တော် လေးစားသွားပြီ"
မှတ်ချက်မျိုးစုံကို ပေးကြပြီး စုရှင်းချန်၏ ယောက်ျားပီသမှုနှင့် ရဲရင့်သည့်စိတ်ဓာတ်ကို ချီးကျူးခန်းဖွင့်နေကြပေသည်။ အကယ်လို့သာဤသို့သော ကိစ္စမျိုးနှင့်ကြုံတွေ့ခဲ့ပါက ကြည့်ရှုသူအပေါင်း မည်သို့လုပ်ကြမည်နည်းဟူသည့် ဆွေးနွေးခန်း ဝင်နေကြပေသည်။
မြို့စွန်တွင် ကြီးပြင်းခဲ့ကြသည့်သူများသည် မြွေမြင်သည်လောက်ကိုတော့ စာမဖွဲ့တော့ပေ။ မြွေသည် အဆိပ်မပြင်းပဲ စပါးကြီးမြွေလောက် မဟုတ်ပါကသေချာသလောက်ပင် သူတို့ကိုယ်တိုင်လည်း မြွေကိုပြန်တိုက်ခိုက်မည်ဖြစ်သည်။ မြို့တွင် နေထိုင်ကြသောလူများသည်ကား မြွေကိုပင် မမြင်ဖူးသောကြောင့်ပင် ဤမျှကြီးမားသော မြွေမပြောနှင့် အသေးစားလေးတွေ့ရုံမျှပင် လန့်ဖျပ်၍ သေသွားနိုင်ပေသည်။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းသည်ကား လူတိုင်းနီးပါး၏ ပထမဆုံးဦးစားပေးဖြစ်ပေသည်။ တစ်ကိုယ်ကောင်းဆန်သည်ပဲ ဆိုထားဦးတော့ တခြားသတ္တဝါလေးတွေကို ကယ်ဖို့အတွက် ဤသို့သောမြွေမျိုးနှင့် ယှဥ်တိုက်ရသည်ထပ် ဖနောင့်နှင့်ခြေဖဝါး တစ်သားတည်းဖြစ်အောင် ပြေးမည်ဖြစ်သည်။
မျောက်သားအမိကို အလွန်ပင် စိတ်ပူနေကြသော ပရိသတ်ကြီးသည် Live ထဲက မထွက်ပဲ အခြေအနေကို စောင့်ကြည့်နေကြပေသည်။
စုရှင်းချန်သည် အိမ်သို့ပြန်ရောက်သည်နှင့် မောပန်းနွမ်းနယ်နေသည့် မျောက်မကြီးကို ပထမထပ်ရှိ နေရာချကာ မျက်ရည်အဝိုင်းသားလေးနှင့် မျောက်ကလေးသည် မိခင်၏ရင်ခွင်ထဲမှ မထွက်ပဲ ပခုံးနှစ်ဖက်ကို တင်းကြပ်စွာ ဖက်ထားကာ အလန့်တကြား ဖြစ်နေပေသည်။
"မကြောက်ပါနဲ့ကွယ်" စုရှင်းချန်သည် မျောက်ကလေးအား ပြုံးပြုံးလေးဖြင့် ကြည့်နေပြီးနောက်တွင်ကား ဘယ်ရီသီးများနှင့်ဟျူဇီအသီးများကိုအိတ်ထဲသို့ထည့်ကာ ရေသေချာ ဆေးကြောလိုက်ပြီးလျှင် မျောက်အမေကြီးကို လာကျွေးလိုက်ပေသည်။
"ဝုဝု..." ခွေးလေးနှစ်ကောင်သည် တံခါးလေးဘေးနားတွင်နေကာ မျောက်လေးများကိုကြည့်၍ ဝင်လာရမည်ကို အတော်ပင် ကြောက်နေပေသည်။
စုရှင်းချန်သည် ခွေးလေးများကို အချက်ပြလိုက်ကာ မျောက်သားအမိကို ကြောက်သွားမည်ကားလည်း စိုးရိမ်လှပေသည်။
"သွားတော့" စုရှင်းချန်သည် ပထမထပ်တံခါးကိုပိတ်ကာ ခွေးလေးများကိုအပြင်သို့ ထုတ်လိုက်ပေသည်။ ထို့နောက် နဖူးပေါ်ရှိဖုန်းကို ဖြုတ်ကာ အားကုန်တော့မည်ဖြစ်ပြီး အတော်ပင် နေမြင့်နေပြီဖြစ်သောကြောင့်ပင်
"အားလုံးပဲ နေ့လယ်စာ သုံးဆောင်လိုက်ကြပါဦးချင်ဗျ။ နောက်တစ်ခေါက်မှ ထပ်တွေ့ကြတာပေါ့"
အနည်းငယ် ပူနေပြီဖြစ်သောဖုန်းကိုကိုင်ကာ စုရှင်းချန်သည် ထမင်းဟင်းချက်ပြုတ်ရန်အတွက် အမြန် ပြင်ဆင်ပေသည်။ စိတ်ထဲ၌လည်း အိမ်ပိုင်ရှင် ထမင်းစားပြီပြီလားဟူသော အတွေးသည်ကား ခဏခဏဝင်လာကား အားနာစိတ်များဖြစ်ပေါ်ရပေသည်။
အသေအချာပင် မစားရသေးပေ။
ယနေ့သည် စနေနေ့ဖြစ်ပေသည်။ ယွီဖန်ရှင်းတစ်ယောက် ဆယ်နာရီမှ အိပ်ရာထကာ မနက်စာ စားပေသည်။
တစ်နာရီခွဲကျော်သည်တိုင်အောင် ယွီဖန်ရှင်းတစ်ယောက် ဗိုက်မဆာသေးပေ။
သို့သော်လည်း နေ့တိုင်းလိုလို အချိန်မှန်နေသည့် နေ့လယ်စာသည် ယနေ့၌ နောက်ကျနေသည်ကိုကား အနည်းငယ် သိချင်စိတ်ဖြစ်မိပေသည်။
ယွီဖန်ရှင်းသည် စိတ်ထဲ၌မသိမသာလေးနှင့် မေ့မေ့ပျောက်ပျောက် ဖြစ်ရန် ဂိမ်းဆော့လိုက်၊ မသိချင်ယောင်ဆောင်ပြီး နေ,နေလိုက်သည်နှင့် နှစ်နာရီတောင် ထိုးလာပြီဖြစ်ရာ ဗိုက် အရမ်း ဆာလာသောကြောင့် ထမင်းစားဝိုင်းကို သွားလိုက်ပေသည်။
ထမင်းဘူးလေး တင်ထားပေပြီ။
မျက်လုံးများ အရောင်တလက်လက်တောက်ပလာကာ ကြောင်မျက်လုံးများပမာ အပြေးအလွှားပင်ထမင်းဘူးကိုဖွင့်လိုက်သည်နှင့် ဘယ်ရီသီးလေးများကို တွေ့လိုက်ရပေသည်။
ဤသို့ သေးသေးမွှားမွှားလေးကပင် ယွီဖန်ရှင်းအတွက် သွားရည်ကျစရာ ဖြစ်နေပေသည်။ ထို့ကြောင့်ပင် မစောင့်နိုင်တော့သည့်အဆုံး ဘယ်ရီသီးများကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပေသည်။ ချဉ်ပြုံးပြုံး အရသာလေးနှင့် သဘာဝ၏အရသာလေးကို ခံစားလိုက်ရပေသည်။
ထို့နောက် ယွီဖန်ရှင်းသည် သူ မထင်မှတ်ထားသည့် အလုပ်တစ်ခုကို လုပ်လိုက်မိပေသည်။ ဆိုလိုသည်မှာ ပျော်ရွှင်မှုနှင့် အသီးအနှံများဖြင့် ပြည့်နေသော ဤနေ့လယ်စာကို သူငယ်ချင်းတစ်သိုက်ကို လိုက်လံ ပြသလိုက်ပေသည်။
လတ်ဆတ်ပြီး ကြည်လင်တောက်ပသော ရက်စ်ဘယ်ရယ်သီးများသည် နေ့ခင်းဘက်တွင် မှိန်ပျပျဖြစ်နေသည့် ကြွေထည် ပန်းကန်ပြားလေးပေါ်တွင် ကျကျနနတင်ထားသည်မှာ အဖိုးမဖြတ်နိုင်လောက်အောက်ပင်။ ကြွားဝါ၍ပြောသည်ဟု ဆိုရမည်ဖြစ်သော်လည်း ယွင်ဖန်ရှင်းအဖို့ မကြုံတွေ့ဖူးသော အရာတစ်ခုကို တွေ့ကြုံနေရသည့်အတွက်ကြောင့်ပင် ထိုထပ် ပို၍ စာဖွဲ့ပြောဆိုရလျှင်တောင် ပိုသည်ဟု ထင်လိမ့်မည် မဟုတ်ချေ။
ပဲတီစိမ်း၊ မှိုခြောက်နှင့် ခေါင်းလောင်းငရုတ်သီးကို အသုံးပြု၍ သေးငယ်သော အသားလေးများကို အသေအချာ စီစီရီရီထည့်ထားသည်မှာ စားချင်စိတ်ကိုနှိုးဆွနေပေသည်။
စုရှင်းချန်သည် အရွက်တစ်ခုကြော်ပေးရန် အချိန်မမှီတော့သောကြောင့်ပင် အိမ်ပိုင်ရှင်အတွက် သကြားထည့်ထားသော ကြက်ဥနှစ်လုံးကိုကြော်ကာ ထိုအပေါ်၌ကြက်သွန်စိမ်းအနည်းငယ်နှင့် ပဲငံပြာရည်ကို ဖြူးထားပေသည်။
အရမ်းကို ရိုးရှင်းသော နေ့လယ်စာပင်။
ရီရှောင်ဟန်။ "လောင်ယုက နေ့လယ်စာကို ဒါစားတာလား"
ပိုင်ဝမ်။ "သူငယ်ချင်းတစ်သိုက်ကို လောင်အောင်လုပ်နေတာလားး။ ရည်စားက တော်တော် ဂရုစိုက်ပုံရတယ်။"
ရှောင်ယူဖိုင်။ "ဟေးး ရက်စ်ဘယ်ရီပဲ။ ဒီနေ့တောင် ရက်စ်ဘယ်ရီကို တွေ့သေးတယ်။ ဒါရဲ့သိပ္ပံနာမည်က ရက်စ်ဘယ်ရီလို့ ခေါ်ကြတာ။ ဒါကို အသည်းတို့ကျောက်ကပ်တို့ကို ကောင်းစေပြီးတော့ အိပ်ပျော်စေတယ်လို့လည်း ကြားတယ်"