Chapter 33

237 40 0
                                    

အပိုင်း (၃၃)

ဒါရိုက်ကျားယောင်သည် အတွင်းရေးမှူးပိုင် ဖုန်းမဆက်မမေးခင် ကြိုတင်၍ ဆက်လိုက်သည်။

“သူအဆင်ပြေပါတယ်။ ငါတို့ကသာ ဘာမဟုတ်တာကိုလျှောက်ပြီး စိတ်ပူမိနေတာ”

ဥက္ကဌဖန်း ဘာစိတ်ကူးပေါက်ပြီး သူမကို ဤသို့ ပြောရက်နိုင်တာလဲမသိ။ ဖန်ရှင်းတကယ်ပဲ သူ့ကို မေ့နိုင်သွားပြီလား။ သူမကရော ဖန်ရှင်းကို မမေ့နိုင်သေးဘူးလား။

“ဘော့စ် ဘာမှမဖြစ်ဘူးဆိုတာ သေချာလို့လား”

ဖုန်းဆက်နေသည်ကိုမေ့ကာ အတွေးထဲတွင် လွင့်မျောနေခိုက် တစ်ဖက်မှ ပိုင်ဝမ်၏ အသံကို ကြားသည်နှင့် အသိစိတ် ပြန်ဝင်လာသည်။ ပိုင်ဝမ်က ဘော့စ်အခြေနေကို သေချာသိ၏။ သို့သော် ဒါရိုက်တာကျားယောင်အဖို့ ဘော့စ်နှင့်ပတ်သက်ပြီး အာရုံနောက်မခံချင်တော့၍သာ ဤသို့ပြောသည်ကို နားလည်သောကြောင့် အရမ်းကြီး ရှေ့ဆက် မေးမနေတော့ပေ။

“ဘာလဲ နင်က ငါ့ကိုမယုံတာလား” ဒါရိုက်တာကျားယောင်သည် ပိုင်ဝမ့်အမေးကြောင့် စိတ်တိုလာသည်။

“သူက ဘာမှမဖြစ်ရုံတင်မကဘူး ငါ့ကို အသက်ကြီးကြီးတဲ့ လူတစ်ယောက်နဲ့ ကြိုက်နေတယ်ထင်ပြီးတော့ မောင်လေးတွေကို ကြိုက်ဆိုပြီး အကြံပေးနေသေးတာ”

“တကယ်ကြီးလား!”

ပိုင်ဝမ်၏အော်သံကြောင့် လျှောက်လမ်းတစ်လျှောက် လူများအလန့်တကြား လှည့်ကြည့်ကြပေသည်။ သေချာနေပေပြီ။ ကျားယောင်တောင် လန့်ဖျပ်သွားသောကြောင့်

“ဘာဖြစ်တာလဲ နင်ကလည်း နားကွဲတော့မယ် အော်တာ!”

ကျားယောင်အမေးကို မ ဖြေနိုင်သေးပေ။ ပိုင်ဝမ်အတွေးထဲတွင်ကား ခုနက ပြောလိုက်သော စကားကို စဉ်းစားခန်းဝင်နေပေသည်။ သူများအကြိုက်ကို အသက်ကြီးကြီးဟု ပြောနေခြင်းကား သေချာပေါက်ကို ဘော့စ်က ငယ်ငယ်လေးကို စိတ်ဝင်စားနေခြင်းကြောင့်ပင်။ သေချာပါပြီ...။ ဒါပေမဲ့ ကျားယောင်ကရော ဘယ်သူ့ကိုကြိုက်နေလို့လဲ။ ဒါရိုက်တာ ရည်စားရှိသည်ဟူသည့် သတင်းမျိုး တစ်ခါမျှတောင် မကြားဖူးပေ။

ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now