Chapter 12

473 80 0
                                    

အပိုင်း (၁၂)

ဥက္ကဌယွီဖန်ရှင်းတစ်ယောက် ညကြီးမင်းကြီးပေါ်လာပြီး စာအိတ်အနီလေးနှင့် ထုတ်ပြန်ချက်ထုတ်လိုက်သည်ကား ကုမ္ပဏီ Wechat တစ်ခုလုံး ပွက်လောရိုက်သွားပေသည်။

စီစဥ်ညွှန်ကြားရေးဌာန။ "ဘော့်စ်က ကျွန်တော်တို့ဂိမ်း နာမည်ကြီးအောင်မြင်နေပြီဆိုတာကို ဘယ်လိုသိတာလဲခင်ဗျ။ ဘော့စ်မှာ အင်တာနက်အကောင့်ရှိတာလား။"

စမ်းသပ်ရေးဘန်းး။ "မဖြစ်နိုင်ပါဘူးး... အာရှနဲ့အမေရိကဘက်ကလူတွေ ပြောတာက သူတို့အမျိုးမျိုးစမ်းသပ်ကြည့်ပြီးပြီတဲ့။ ဘော့စ်ပြောတာလောက်နဲ့ အောင်မြင်ပြီဆိုတာ မဖြစ်နိုင်သေးပါဘူးး။"

မာကတ်တင်းဌာနဘိုဘို။ "မင်းအပြင်လောက,က သတင်းတွေကိုမဖတ်ရသေးဘူးလားကွာ။ ဆိုရှယ်မီဒီယာတွေနဲ့ဂိမ်းနဲ့ပတ်သက်တဲ့ မီဒီယာတွေမျိုးစုံမှာပြောထားကြတာက မှော်ဒိုမိန်းဂိမ်းက တကယ်ကိုကောင်းတယ်တဲ့။ မင်းကလည်း ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို နည်းနည်းလောက် ယုံကြည်ချက် ရှိစမ်းပါကွာ။"

ပန်းချီ(အန်နီမေးရှင်းဆွဲသူ)ချင်းဇီ။ "အားးအားး ချင်းရှန်ရဲ့ ဂိမ်းကို တိုက်ရိုက်ထုတ်လွှင့်တာကတကယ်ကို ပေါက်ကွဲထွက်နေပြီ။ အရမ်းကို နာမည်ကြီးးးနေပြီကွ။ ဒီထပ်ပိုပြီး ကျေနပ်စရာ ဘာရှိသေးလို့လဲ..။ ငါတို့မှော်ဒိုမိန်းဂိမ်းးးကွ..."

စမ်းသပ်ရေးဘန်းး။ "မီးးးးမီးအီမိုဂျီလေးဖြင့် (အရမ်းကိုဂေါ်နေပြီကွ)"

စီစဥ်ညွှန်ကြားရေးဌာန။ "ဟမ်... ဘော့စ်ကစာအိတ်လေးတစ်ခုထုတ်ပြန်ပြီးတော့ ထွက်ပြေးသွားပြီလား (ပျောက်သွားပြီလား)"




ကုမ္ပဏီဂရုတွင် လူတော်တော်များများတက်တက်ကြွကြွနှင့် စကားပြောနေသည့်အချိန်တွင်ယွီဖန်ရှင်းသည် ကွန်ပျူတာကိုပိတ်ကာ အိပ်ရန်ပြင်ဆင်လိုက်ပေသည်။ သို့သော်လည်း စိတ်ထဲတွင် တစ်ခုခုလိုနေသည်ဟုခံစားလိုက်ရသောကြောင့်ပင်...

စာကြည့်ခန်းအတွင်းမှထွက်ကာ ထမင်းစားပွဲခန်းသို့ဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် တင်ထားသောဘူးပေါ်တွင် "ပျင်းနေလို့" ဟူ၍ စာသားလေး ရေးထားသည်ကို တွေ့လိုက်ရပေသည်။

မသိလိုက်ခင်ပင် ယွီဖန်ရှင်းတစ်ယောက် မျက်နှာကြီးတစ်ခုလုံး ပြုံးစိစိဖြစ်နေပေသည်။

တစ်ဖက်လူသည် သူ့အား အမြဲလိုလိုပင် ဂရုတစိုက် ချက်ပြုတ်ပေးတတ်ပြီး ပျင်းရိခြင်းမရှိပဲနှင့်ပင် အပတ်တကုတ်နှင့် ချက်ပြုတ်သောကြောင့်ပင်အရသာသည် ရှယ်ကောင်းနေခြင်းဖြစ်ပေသည်။

သို့သော်လည်း တစ်ခါတစ်ရံ တစ်ဖက်လူဘက်မှဟင်းချက်ရသည်မှာပျင်းရိလာပါက ဟင်းပွဲသည်အလွန်ပင်သိသာပေသည်။ အရသာကောင်းနေသည့်တိုင် စိတ်ရင်းနှင့်ချက်ပြုတ်ပေးထားသော ဟင်းလျာနှင့်မတူတော့ပဲ မာဆတ်ဆတ်ဖြစ်နေသည့်အချိန်များ၊ တစ်ခါတစ်ရံ မကျက်ပင် မကျက်ပေ။ သို့သော်လည်း စားသောက်ရသည်မှာ အရသာရှိသေးသောကြောင့်သာ ခံသာပေသည်။

ယနေ့ညအတွက်ကား ပေါက်စီနှစ်လုံးကိုသာ အသားဖြင့် အဆာသွတ်ထားပေသည်။ တစ်ခုကိုကားငရုတ်သီး အနည်းငယ်ထည့်၍အစပ်အရသာလေးလုပ်ထားပေသည်။

ယွီဖန်ရှင်း သတိထားမိသည်ကား တစ်ဖက်လူသည် သူ၏အကြိုက်ကို သေချာမသိသောကြောင့်ပင် အရသာနှစ်မျိုးစီ အမြဲ ထည့်ပေးလေ့ရှိပေသည်။

ထို့ကြောင့်ပင် တစ်ဖက်လူ၏တွေးခေါ်တတ်သောစိတ်လေးကို သိလိုက်ရပေသည်။

သို့သော်လည်း ယွီဖန်ရှင်း၏ကြီးပြင်းခဲ့ရသောပတ်ဝန်းကျင် သည် တခြားသူများနှင့်လုံးဝနှိုင်းယှဥ်၍မရပေ။ လူအားလုံးသည် သူ့အပေါ် ကောင်းပေးနေသည်ဟူ၍ မျှော်လင့်ချက် နည်းနည်းမှ မထားပေ။ ဤသို့ပင် အိမ်လေးအတွင် မသိမသာပင် သူ့အားဂရုစိုက်နေသည့်အခိုက်အတန့်ကိုပဲ ခံစားမိချင်သည်ဖြစ်ပြီး ဒီထပ်ပို၍ မတောင့်တတော့ပေ။

ပေါက်စီနှစ်ခုကို စားပြီးသည့်နောက်တွင်ကား ယွီဖန်ရှင်းသည် ရေတစ်ခွက်ကိုသောက်၍ အိပ်ရာဝင်ခဲ့ပေသည်။

အိပ်ရာဝင်သည့်ဖြစ်စဥ်ကို ပြောရမည်ဆိုသည်ကား စားကောင်းသောက်ကြောင်း စားရသောကြောင့်လားမသိ ဖန်ရှင်းတစ်ယောက် ယခုတလောတွင် အိပ်ပျော်လာပေသည်။

ဖန်ရှင်းမသိလိုက်သည်ကား ညကြီးမင်းကြီးတွင် ဧည့်ခန်းအတွင်း၍ ဧည့်သည် (ရှင်းချန်) တစ်ယောက် အိပ်ရာမှအရင်ထကာ အိပ်ခန်းထဲသို့ဝင်၍ ဖန်ရှင်း၏အခြေအနေကို အမြဲစစ်ဆေးနေခြင်းကြောင့် ဖြစ်သည်။ အကယ်၍ အိပ်မက်ဆိုးမက်ပါက သူကိုယ်တိုင်ပင် ဖေးဖေးမမနှင့် ချော့သိပ်ပေးတတ်ပေသည်။

ပုံမှန်ဆိုလျှင်ကား သဘက်လေးတစ်ခုကို ရေစွတ်၍ လက်တွေခြေထောက်တွေကို ပွတ်သက်ပေးရုံဖြင့် အိမ်ပိုင်ရှင်သည် အိပ်ပျော်သွားတတ်ပေသည်။

ထို့ကြောင့်ပင် စုရှင်းချန်တစ်ယောက် ညတိုင်း အိပ်ရာစောစောဝင်ခြင်းဖြစ်ပေသည်။ မဟုတ်ပါကဤသို့ထနေပုံမျိုးနှင့် မနက်ပိုင်းထနိုင်မည်မဟုတ်ပဲအလုပ်ပင်လုပ်နိုင်မည်မဟုတ်ပေ။

"အာ မင်္ဂလာ မနက်ခင်းပါခင်ဗျ" နောက်တစ်နေ့မနက်ခင်းကိုရောက်ရှိနေပြီဖြစ်ပြီး စုရှင်းချန်သည် တောင်တန်းစိမ်းစိမ်းလေးများ သစ်ပင်တောတောင်များကို မျက်နှာမူထားသော ပြတင်းပေါက်လေးမှနေ၍ သဘာဝတရားကြီး၏မနက်ခင်းအလှကို နှုတ်ခွန်းဆက်သ လိုက်ပေသည်။

မနက်စာ စားပြီးသည့်နောက်တွင်ကား အလုပ်လုပ်သည့်ဝတ်စုံများကိုဝတ်ကာ တောင်တက်ဖိနပ်ကိုဝတ်၍ ကျောပိုးအိတ်ကိုလွယ်ကာ ခွေးလေးနှစ်ကောင်နှင့် တောင်ပေါ်သို့ တက်ခဲ့ပေသည်။

ခွေးကလေးများသည် စိတ်လှုပ်ရှားနေသောကြောင့်ပင် အမြီးလေးများ တလှုပ်လှုပ်နှင့် စုရှင်းချန်အနောက်သို့ တောင်လမ်းလေးအတိုင်းပြေးတက်လိုက်လာကြပေသည်။

စုရှင်းချန်သည် မိုဘိုင်းဖုန်းကိုထုတ်ကာ တောင်လမ်းလေးတစ်လျှောက် အရှေ့တွင် ရဲရဲတင်းတင်းပြေးသွားနေကြသော ခွေးလေးနှစ်ကောင်ပါ ပါအောင် ဗီဒီယိုအတိုလေး ရိုက်လိုက်ပေသည်။

"အားလုံးပဲ ဒီနေ့ ကျွန်တော်နဲ့ ခွေးလေးတွေနဲ့ အတူတူ တောင်ပေါ်ကို လမ်းလျှောက်ထွက်လာတာဖြစ်ပါတယ်။ ဘယ်လိုတွေ ကြုံတွေ့ပြီး ဘာတွေနဲ့ရင်ဆိုင်ရမလဲမသိသေးပေမဲ့ လာမှလည်း သိမှာမလို့လာဖြစ်အောင်လာလိုက်တာပါ"

တောင်တန်းများပေါ်ရှိ မနက်ပိုင်းရှုခင်းသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေပေသည်။

စုရှင်းချန်၏ကင်မရာသည် အလွန်ပင် ကောင်းသောကြောင့်ပင် တောင်တန်းများ၏အလှကို အသေအချာ ဖမ်းရိုက်နိုင်ပေသည်။

သာယာသော အသံများနှင့် ငှက်ကလေးများ၏မနက်ခင်းတွန်နေသည့်အသံများသည် တောင်တစ်လျှောက် သဲ့သဲ့လေးကြားနေရပေသည်။ ထိုသို့သော မြင်ကွင်းမျိုးကို မြင်တွေ့နေရသောကြည့်ရှုသူတစ်ချို့သည် အိပ်ရာပေါ်မှပင် မထသေးသူများပင် ရှိပေသည်။ တချို့ဆိုလျှင်ကား ထပင်မထသေးသောကြောင့် ထိုသို့သော လှပသည့်မြင်ကွင်းကို မြင်တွေ့ခွင့်ရမည် မဟုတ်ပေ။

မြူမှုန်များကြောင့်ပင် အပင်များမှတစက်စက် စီးကျနေသော ရေများသည် ပတ်ဝန်းကျင်အလှကိုထပ်ပေါင်းထည့်၍ အလှတစ်ခု ဖန်တီးပေးနေပေသည်။ စုရှင်းချန်သည် Live ကို ဖွင့်ကာ နဖူးပေါ်တွင် ကင်မရာကိုတင်၍ တသွင်သွင်စီးကျနေသော ရေများ၏ အရင်းအမြစ် စီးဆင်းရာကို ရှာဖွေရန် ပရိသတ်ကြီးကို အတူတူလိုက်ပါအောင် ခေါ်ဆောင်သွားပေသည်။





ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now