အပိုင်း(၂၄)
စုရှင်းချန်သည် အိမ်ပိုင်ရှင်က သူ၏လက်အား ဆုပ်ကိုင်ထားသည်ကိုကြည့်ကာ အနည်းငယ်ရှက်သွေးဖြာသွားသောကြောင့်"ဒီကလူကြီးမင်းကအရမ်းနောက်တတ်တာပဲနော်"
ဤသို့သောအခြေနေမျိုးတွင်ကားစုရှင်းချန်တစ်ယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ။
သို့သော်လည်း အိမ်ပိုင်ရှင်သည် အမြဲပင်ပါးစပ်ကြမ်းသူတစ်ယောက် ဖြစ်ပေသည်။ လူကြီးမင်းဟန်လိုငယ်ရွယ်ပြီး ချောမောသည့် လူတစ်ယောက်ကိုအသက်ကြီးကြီး လူကြီးဟု သုံးနှုန်းသည်ကားအနည်းငယ် လွန်သွားပြီဖြစ်သည်။
စုရှင်းချန်ကိုယ်တိုင်ကိုက ရူးကြောင်ကြောင်ဖြင့်အရိပ်အကဲ မသိမိခြင်း ဖြစ်ပေသည်။ သူတို့နှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် မတည့်သည်ကိုမေ့နေခြင်းဖြစ်ပေသည်။
"လူကြီးမင်းတို့နှစ်ယောက်..ကျွန်တော်တို့အတူတူသွားကြမယ်လေဗျ" စုရှင်းချန်သည် အဆင်မပြေဖြစ်နေသည့် အခြေနေကို ဖြေဖျောက်နိုင်အောင် ကြိုးစားနေပေသည်။
.....သို့သော်လည်းမည်သူမျှနားမထောင်ကြပေ။
ဟန်မူယွီနှင့်ယွီဖန်ရှင်းနှစ်ယောက်လုံးသည် အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနှင့်ကြည့်ကောင်းသောသူနှစ်ယောက်ဖြစ်ကာ ထိုသူနှစ်ဦးသည်မျက်နှာချင်းဆိုင်တစ်ဖက်စီတွင်ရပ်နေကြကာ အကြည့်များသည် စူးရှနေသည့်အတွက် လေကိုပင်ဖောက်ထွင်းလာတော့မည့်အလားပင်။
"အရမ်းကြီးလွန်မလာနဲ့နော်"
ဟန်မူယွီသည်ယွီဖန်ရှင်းအနားသို့ကပ်ကာ
"ငါမင်းကိုငါ့အဖေရဲ့ကျောင်းသားတစ်ယောက်အနေနဲ့ လေးစားမှုရှိတယ် ဆိုပေမဲ့ မင်းငါ့ရဲ့ ကိုယ်ရေးကိုယ်တာကိုတော့ ဝင်ရောက်စွက်ဖက်လို့မရဘူးကွ"
နှစ်ပေါင်းများစွာတိုင်အောင်ပါမောက္ခဟန်(ဟန်မူယွီ၏အဘိုး)သည် အားလပ်ရက်အတွက်ညစာစားပွဲကိုအမြဲပြုလုပ်လေ့ရှိတတ်ပြီး ယွီဖန်ရှင်းကိုယ်တိုင်သည် ထိုစားပွဲသို့အမြဲပင် တက်ရောက်တတ်သည်ဖြစ်ရာ ဟန်မိသားစုနှင့် ဆက်ဆံရေး ကောင်းလှပေသည်။
ပါမောက္ခဟန်သည်ယွီဖန်ရှင်းကိုမြေးတစ်ယောက်လိုပင်ချစ်မြတ်နိုးပေသည်။ ဟန်မူယွီသည်လည်း သူ့အဘိုးချစ်မြတ်နိုးသည့် ယွီဖန်ရှင်းအား ညီတစ်ယောက်လို သဘောထားသော်လည်း တခါတရံတွင်ကားယွီဖန်ရှင်းသည် ကလေးဆန်သကဲ့သို့ တဇွတ်ထိုးလုပ်တတ်သည့်အပြင် ကောက်ကျစ်သောစိတ်လဲရှိသူဖြစ်ပေသည်။ သူ့အဘိုးအရှေ့နှင့် သူ့အရှေ့တွင်ကား လူနှစ်ယောက်လိုပင်ကောင်းလိုက်မကောင်းလိုက်ပင်။
မည်သို့ပင်ဖြစ်စေ ဟန်မူယွီသည်ယွီဖန်ရှင်းအား သဘောကျသည်မဟုတ်ပေ။ ယွီဖန်ရှင်းတစ်ယောက်ပေကျင်းမှထွက်သွားပြီးနောက်ပိုင်းတွင်ရှန်ဟိုင်းမြို့တွင်နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာကာ နိုင်ငံ၏အချမ်းသာဆုံးအယောက်သုံးဆယ်စာရင်းတွင်ပင်ပါဝင်လာခဲ့သည့်တိုင် မူယွီတစ်ယောက်ယွီဖန်ရှင်းကိုအမြင်မကြည်သေးပေ။
ထို့အပြင်ယွီဖန်ရှင်းတစ်ယောက် ဟန်မူယွီသည်လိင်တူကြိုက်သည်ဟုသိသောအခါရွံရှာသည့်အပြုမူမျိုးပြုလုပ်ခဲ့သေးပေသည်။ အမှန်တကယ်တွင် ယွီဖန်ရှင်းသည် လိင်တူကြိုက်သည့်သူများကို မုန်းတီးသည်ထက် သူကိုယ်တိုင်ပင် စိတ်ကူးယဥ်၍မရသောအရာတစ်ခု ဖြစ်သောကြောင့်ပင်။ ထို့ပြင်ဟန်မူယွီကဲ့သို့ အသက်ကြီးကြီးလူတစ်ယောက်သည် ကောင်လေး ချောချောလေးများကို ဖျက်စီးနေသည်ဟူသော သူ၏အမြင်ကိုလုံးဝပြောင်းလဲ၍မရပေ။ ယခုတွင်လည်းကောင်လေးတစ်ယောက်ကိုချိန်နေပြန်ပြီ။
ယွီဖန်ရှင်းသည် ဟန်မူယွီသတိပေးနေသည့်ကြားကပင်