အပိုင်း (၁၆)
စုရှင်းချန်တစ်ယောက် ဒေါသထွက်နေသော ကျင်းရှုကို ထိန်းချုပ်၍မရသည့်အပြင် သူဘာပြောပြောနားထောင်တော့မည် မဟုတ်သည်ကို သိသောကြောင့် မြေပြင်ပေါ်တွင်သာ ငြိမ်ငြိမ်လေးလှဲနေကာ တုတ်တုတ်ပင်မလှုပ်ရဲပေ။ တစ်ဖက်လူသည် ဒေါသူပုန်ထကာ ဆဲဆိုနေပေသည်။
ကံကောင်းစွာနှင့်ပင် တဖြေးဖြေးနှင့် ဒေါသများပြေလာကာ အသံဆဲသွားသည့်အချိန် စုရှင်းချန် တစ်ယောက် စိတ်သက်သာရာရ၍ ချက်ချင်းဆိုသလိုပင် ဂိမ်းစနစ်မှ အလကားလက်ဆောင်အဖြစ်ပေးသော အသက်ပြန်သွင်းသည့်နည်းစနစ်ကိုအသုံးပြုကာ မြေပြင်ပေါ်မှ ကုန်းရုန်းထလိုက်ပြီးလျှင် သူ၏အမှိုက်အကောင့်လေးကို အဆင့်တက်ဖို့ရန်ကား တာဝန်များကို ဆက်လက်လုပ်ဆောင်ပေသည်။
လမ်းတစ်လျှောက်တွင် သူနှင့်အဆင့်တူသည့် ကစားသမားများသည် နတ်ဝေါယာဉ်ကို စီးကာ လေပေါ်တွင် ပျံနေကြပေသည်။ စုရှင်းချန်သည်လည်း နတ်ဝေါယာဉ်ကို စီးချင်ပေသည်။
သို့သော်လည်း ပေးအပ်ထားသည့်တာဝန်ကိုပြီးမြောက်အောင် လုပ်ရမည်ဖြစ်သည်။
ထိုအချိန်၌ နတ်ဆိုးအကောင့်နှင့်သူသည် ယွီဖိုင်းရန်၏ "သူငယ်ချင်းလော အမျိုးလော" သေချာမသိသည့်သူတစ်ယောက်မှ ယွီဖိုင်းရန်အားသစ္စာဖောက်ထားသည့် ဓာတ်ပုံကို ရိုက်ယူထားခဲ့ပေသည်။ ထို့နောက် ထိုဓာတ်ပုံကို ယွီဖိုင်းရန်အား ပြလိုက်ပေသည်။
နတ်ဆိုး။ "ငါအခုလေးတွင် ယွီဖိုင်းရန်ကိုသစ္စာဖောက်တဲ့ သူငယ်ချင်းတစ်ယောက်ကို တွေ့လာတာ။ သူ့ကိုသတ်ပြီးတော့ ယွီဖိုင်းရန် မကောင်းကြောင်း ပြောဖို့ ခြိမ်းခြောက်ခဲ့တာကို တကယ် လုပ်တယ်သိလား။ ပျော်စရာလည်း မကောင်းဘူး"
ဂိမ်းထဲရှိ အံ့သြဖွယ်ဓားအဖွဲ့ကြီးသည် အဖွဲ့အလွန်တောင့်ကာ လူနှစ်ထောင်ကျော်လောက်ရှိသောအဖွဲ့ဖြစ်ပေသည်။
ထိုအချိန်သည် ညဉ့်ဦးပိုင်းနှင့် အမှောင်ထုကြီးဆိုးသောအချိန်ဖြစ်သည့်အလျှောက် ဂိမ်းသမားတို့၏တက်ကြွရာအချိန်ဖြစ်ပေသည်။
နတ်ဆိုးအကောင့်ပို့လိုက်သည့် ဓာတ်ပုံသည် အသင်းထဲသို့ပြန့်သွားကာ အုတ်အုတ်ကြွကြွကြည့်နေကြပေသည်။
ယွီဖိုင်းရန်ရဲ့ သူငယ်ချင်းဆိုပါလားး...။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ...
အမှန်ဆိုလျှင်ကားဤဓာတ်ပုံကိုကြည့်ခြင်းအားဖြင့် ထိုသူငယ်ချင်းဆိုသူသည် အတော်ပင်ရယ်စရာကောင်းလှသူဖြစ်ကာ ယွီဖိုင်းရန်နှင့်သေချာခင်မင်ပုံမပေါ်သည့်အတွက် စိတ်အေးရသည်ဟု ဆိုရပေသည်။
ဇာမဏီငှက်။ "ညီမလေးဖန်းဖန်းး လာကြည့်လှည့်ပါဦးး"
ဖန်းဖန်းဆိုသည့် အကောင့်နာမည်နှင့် ကောင်မလေးသည် အံ့သြဖွယ်ဓားအဖွဲ့၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်အပြင် ဂိမ်း၏နတ်ဘုရားမတစ်ယောက်ဆိုလည်း မှန်ပေသည်။ မိဘနောက်ခံတောင့်တင်းသည့်အပြင် စာတော် ဉာဏ်ကောင်းကာ လှပသည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားရသောကြောင့်ပင် အပြင်လောကတွင်လည်း အလှနတ်သမီးလို့နာမည်ကြီးသူ ဖြစ်ပေသည်။
နောက်ဆုံးတစ်ခေါက် နာမည်ကြီးခဲ့သည့် ဂိမ်းမှစ၍ ဖန်းဖန်းသည် ဂိမ်းလောကထဲကို ခြေချခဲ့သူဖြစ်ပေသည်။
သတင်းနှိုက်သည့်ပုံစံမျိုး မဟုတ်သော်လည်း ဂိမ်းလောကတွင်ကား နာမည်ကြီးသည့် ဂိမ်းသမားနှစ်ယောက်သည် တစ်ယောက်က ယောက်ျားလေးဖြစ်ပြီး နောက်တစ်ယောက်က မိန်းကလေးဖြစ်နေပါက သေချာပေါက်အတွဲဟု သတ်မှတ်ထားကြပေသည်။ ထို့ကြောင့်ပင် ဖန်းဖန်းနှင့် ယွီဖိုင်းရန်တို့နှစ်ဦးသားကို အတွဲဟု သတ်မှတ်ထားသည့်အဖွဲ့ကသပ်သပ်ပင်ရှိပေသည်။
သို့သော်လည်း တချို့သောသူများက မနေနိုင်တော့သည့်အဆုံးတွင်ကား ဖန်းဖန်း၏အလှပဆုံးပုံတစ်ခုကို ယွီဖိုင်းရန်ကို ပြသလိုက်သည်နှင့်တစ်ပြိုင်နက် သေချာပေါက် ချောမောသည်ဟု ပြောမည်ကိုမျှော်လင့်ထားသော်လည်း ယွီဖိုင်းရန် ပြောလိုက်သောစကားလုံးများသည်ကားး
"မျက်စိနောက်လိုက်တာ"
မှော်ဓားဘက်တော်သားအသင်းသည် အခြေအနေကို ရိပ်စားမိသောကြောင့်ပင် မည်သည်ကိုမျှ မပြောပဲ နတ်ဘုရာမလေးဓာတ်ပုံကို လာကြည့်မည့်အချိန်ကိုသာ စောင့်နေကြပေသည်။
လောင်ဝန်ဖန်းဖန်း။ "နင်က သူများတကာကိုမဟုတ်ကဟုတ်ကတွေလုပ်ပြီးတော့ အကြောင်းမရှိအကြောင်းရှာပြီး ဘာလို့သတ်ရတာလဲ။ နင်အဲ့လိုလုပ်တာ ငါတို့အသင်းရဲ့ဂုဏ်သိက္ခာကိုဘယ်လောက်ထိတောင် ထိခိုက်လဲဆိုတာကို သိလား။ နင်သတ်ခဲ့တဲ့လူကို ပြန်တောင်းပန်သင့်တယ်"
နတ်ဆိုးး။ "ဘာရယ်... တောင်းပန်ရမယ်။ နင် မှားနေပြီထင်တယ်"
ဖန်းဖန်း။ "ငါတို့တွေက အံ့ဖွယ်ဓားအဖွဲ့သားတွေပဲ။ ဒီလိုဂုဏ်ပုဒ်တွေနဲ့ပြည့်စုံတဲ့အဖွဲ့သားတစ်ယောက်ကဒီလိုလုပ်ရပ်မျိုးကို လုပ်ပြီး တစ်ဖက်လူကို အနိုင်ကျင့်တာက ကောင်းတဲ့လုပ်ရပ်မှ မဟုတ်တာ။ နင် မတောင်းပန်ရင် ငါကိုယ်တိုင် တောင်းပန်လိုက်မယ်"
နတ်ဆိုးး။ "နင် ဘာဖြစ်ချင်နေတာလဲ"
ဖန်းဖန်း။ "နင့်ကို အဖွဲ့ထဲကနေ ထုတ်ပြီးတော့ ဒီကိစ္စက ငါတို့အဖွဲ့နဲ့လုံးဝမဆိုင်ဘူးဆိုတာကို ပြသရလိမ့်မယ်။ နင့်ကို ပုဂ္ဂိုလ်ရေးအရ ဒီလိုမျိုးလုပ်တာမဟုတ်ပဲ ဒါက ငါတို့အသင်းရဲ့ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုပဲလေ။"
နတ်ဆိုး။ "နင့်ကိုယ်နင်သာ စိတ်ပူစမ်းပါ။ ငါနင့်ကိုပြောလို့မရရင် ခေါင်းဆောင်ကို ရအောင် ပြောမယ်"
နတ်ဆိုးအကောင့်နှင့်လူအား ဤသို့အဖွဲ့ထဲမှထုတ်ပယ်လိုက်ခြင်းသည် ကောင်းသည့်လုပ်ရပ်တစ်ခုဟုဆိုရမည်ကား အကယ်လို့သာဤသို့မလုပ်ခဲ့ပါလျှင် နောက်လူများသည်လည်း ထိုသို့ပင် ပြုမူနေဦးမည်ကို စိုးရိမ်သောကြောင့်ပင်။
ဖန်းဖန်းသည် ပုံမှန်ဆိုလျှင်ကား မိုင်းရှီဟုခေါ်သည့် ဂိမ်းထဲတွင် ထမ်းဆောင်ရသော တာဝန်တစ်ခုတွင် ဖန်ရှင်း (ယွီဖိုင်းရန်) နှင့်အတူ ပါဝင်လေ့ရှိသည်ကား သူတို့နှစ်ဦးသည်အတွဲများဖြစ်သည်ဟု လူအထင်လွဲစရာဖြစ်ခဲ့ပေသည်။ အမှန်တကယ်တွင်ကား သူတို့နှစ်ဦး၏သူငယ်ချင်းဆက်ဆံရေးကို သူတို့နှစ်ဦးသာ သိပေသည်။
နတ်ဆိုး။ "အမှိုက်လိုအဖွဲ့ ကျစ်..."
ထိုသို့ပြောပြီးနောက်တွင် နတ်ဆိုးဆိုသည့် အယုတ်တမာလေးသည် အဖွဲ့ထဲမှ ထွက်သွားပေသည်။
မထင်မှတ်သည့် ကိစ္စများ ဖြစ်ပေါ်လာပြန်ပြီ။ ယွီဖိုင်းရန် တစ်ယောက် အေးအေးဆေးဆေးပင် ဂိမ်းဆော့၍ နေသော်လည်း တစ်ယောက်ပြီးတစ်ယောက်ပင် သူ့အားရန်ရှာ သူ့အကြောင်းအား ဂိမ်းအကောင့်တွင် မျိုးစုံတင်၍ သတင်းမျိုးစုံကို ဖြန့်ကြပေသည်။ ယခုတွင်ကားလည်း ထိုဓာတ်ပုံသည် ပေါက်ကြားသွားကာ "ယွီဖိုင်းရန်တစ်ယောက် သူငယ်ချင်းရဲ့ သစ္စာဖောက်ခြင်းကို ခံရသည်" ဟူသော ခေါင်းစဥ်ဖြင့် အတော်ပင် ပွက်လောရိုက်နေကြပေသည်။ ထို့ပြင်ကား အံ့ဖွယ်ဓားအဖွဲ့မှ ဖန်းဖန်းဆိုသူနှင့် ယွီဖိုင်းရန်နှစ်ယောက်လုံးအားလည်း မကောင်းပြောသည့် သတင်းမျိုးစုံ တက်လာပေသည်။
ဓာတ်ပုံကို တင်လိုက်ပြီးပြီးချင်းတွင်ကား ဂိမ်းထဲရှိလူအနှံ့ ပေါက်ကြားသွားပြီးလျှင် သူငယ်ချင်းအချင်းချင်း ဓာတ်ပုံတစ်ယောက်နှင့်တစ်ယောက် ပြကြကာ စိတ်ဝင်တစားနှင့် ပွဲကို ထိုင်ကြည့်နေကြပေသည်။
ရန်မိုင်။ "ယွီဖိုင်းရန်မှာ သူငယ်ချင်းရှိတယ်ဆိုတာ ငါ ဘာလို့ မသိရတာလဲ။ သူက တစ်ကိုယ်တည်းသမားကြီး မဟုတ်ဘူးလား။"
ထပ်တူခံစားရပါတယ်။ "ငါ့ညီနဲ့ ယွီဖိုင်းရန်နဲ့ တစ်ခါ ဂိမ်းအတူတူဆော့ဖူးတယ်။ သူ ဘာလို့ ဂိမ်းထဲမှာအဖော်မရှိပဲတစ်ယောက်တည်း ဖြစ်နေရတာလဲဆိုတော့ သူရဲ့ပါးစပ်ကိုက ကြမ်းတာလေ။ စကားကိုဘယ်တော့မှ ကောင်းကောင်းမပြောတဲ့အပြင်ကိုမှ စိတ်ကလည်းကြီးသေးတယ်"
စုရှင်းချန်သည် ဂိမ်းကိုအာရုံတစိုက်ဖြင့်ကြည့်၍ဆော့နေချိန် သူ့အား မက်ဆေ့ဂျ်မျိုးစုံမှယွီဖိုင်းရန်၏ သူငယ်ချင်းလားဟူသော အမေးကို မေးထားကြပေသည်။
စုရှင်းချန် ကိုယ်တိုင်ပင် ကြောင်စီစီဖြစ်သွားပေသည်။
ထို့ကြောင့်ပင် စုရှင်းချန်သည် ဆော့နေရာမှ ခဏထွက်ကာ ဂိမ်းပို့စ်ကို ဝင်ကြည့်လိုက်ပေသည်။ ပြန်ကြားစာတွင် ရေးထားသည့် တစ်ချို့စာများသည် သူပြောချင်နေသည့်အတိုင်း ကွက်တိပြောထားသည်များကိုပင် တွေ့ရပေသည်။ ထို့ကြောင့်ပင် လူတိုင်းနီးပါးက ယွီဖိုင်းရန်ကို မုန်တီးနေကြပေသည်။
အဓိပ္ပာယ်ရှိသည်ပင်။
မည်သို့ပင်ဖြစ်စေ စုရှင်းချန် ဂိမ်းဆော့သည်ကား သူ၏စိတ်ကို လန်းဆန်းသွားစေရန်နှင့် အတွေ့အကြုံ ရစေရန်ဖြစ်သည့်အပြင် တစ်ခုခုလုပ်စရာလေးရရန် လုပ်ခြင်းဖြစ်ပေသည်။ သို့သော်လည်း မထင်မှတ်ပဲနှင့် တခြားသူ၏အရှုပ်ကို ဝင်ပါမည်သလို ဗုံးတစ်ခုကို တက်နင်းမိသည့်ပမာ စုရှင်းချန်ဘဝသည် အရှုံးချည်းပင် ဖြစ်နေသည်။
တချို့မှတ်ချက်များတွင်ပင် စုရှင်းချန်အား ယှဉ်ပြိုင် ဆော့ကစားရင်း သတ်ပစ်ချင်သည့်သူများပင် ရှိနေသည်။ ထိုသို့သော မှတ်ချက်များကို မြင်နေရသော စုရှင်းချန်အဖို့ ယွီဖိုင်းရန်၏စိတ်ကြီးမှုကို လျှော့ရခြင်းသည်ကား အဖြေဖြစ်မည်ဟု တွေးမိပေသည်။ အမှန်တကယ်ပင် ယွီဖိုင်းရန်သည် ဒေါသကြီးပေသည်။
(အနီးနားရှိလူ) ငါ့ရဲ့အဖော်လေး။ "ဟေးး မင်း ယွီဖိုင်းရန်ရဲ့ Wechat အကောင့်လေး ပေးပါလား မင်းပြောရင်တော့ ငါ မင်းကို မသတ်တော့ဘူး"
(အနီးနားရှိလူ)ကြာမြစ်လေးး။ "မင်း ငါ့ကို အဲ့လိုမျိုးခြိမ်းခြောက်နေတာ... ငါ ယွီဖိုင်းရန်ကို ပြန်ပြောလိုက်လို့ မင်းတရားစွဲခံရမှာ မကြောက်ဘူးလား"
(အနီးနားရှိလူ)ငါ့ရဲ့အဖော်လေးး။ "မင်းက သူ့ကိုသစ္စာအရင်စဖောက်တာပဲဟာကို... ဟီးဟီးး သူကမင်းကို သူငယ်ချင်းလို့တောင် သတ်မှတ်မှာမဟုတ်တော့ဘူးး။"
စုရှင်းချန်သည်လည်း ထိုသို့ပင် တွေးမိပေသည်။ သူသာ ယွီဖိုင်းရန်ဖြစ်ပါက သေချာပေါက် စိတ်တိုမည်ဖြစ်သည်။
(အနီးနားရှိလူ)ကြာမြစ်လေးး။ "ကောင်းပြီလေ အဲ့ဒါဆိုလည်း သတ်ပေါ့"
စုရှင်းချန်ကို အနိုင်ကျင့်နေသည့် ကစားသမားသည် အနည်းငယ် တုန်လှုပ်သွားပေသည်။ ကောလာဟလတွင်ကား ဤကြာမြစ်ဆိုသည့် ကောင်သည် သစ္စာမရှိသူဟု နာမည်ကြီးသော်လည်း ယခုတွင်ကား အနည်းငယ် စိတ်ဝင်စားစရာကောင်းနေပေသည်။
(အနီးနားရှိလူ)ငါ့ရဲ့အဖော်လေးး။ "မင်း အဲ့လိုသာတွေးကြေးဆိုရင် ငါ မင်းကို သတ်ရုံပဲ မဟုတ်ဘူး... မင်းကို ထပ်ပြီး ဂိမ်းဆော့လို့မရအောင်ပါ လုပ်ပစ်လို့ရတယ်"
(အနီးနားရှိလူ)ကြာမြစ်လေးး။ "မင်းတို့တွေ ငါ့ကို ဒီလိုတွေ လာပြောပြီး ဘာတွေ ဖြစ်ချင်နေကြတာလဲ... ငါ့ကို ဒီလိုပြောပြီး ယွီဖိုင်းရန်ရဲ့ အာရုံစိုက်တာကို ခံချင်နေတာလား... ဘာလဲ မင်းတို့က အခြောက်တွေလား"
(အနီးနားရှိလူ)ငါ့ရဲ့အဖော်လေးး။ "ဟဲ့ကောင် ငါက အဲ့လို မဟုတ်ဘူးကွ။ ငါ့ညီမ လိုချင်တာ"
(အနီးနားရှိလူ)ငါ့ရဲ့အဖော်လေးး။ "ငါ တော်တော် သည်းခံထားတာနော်... မင်းကို တကယ် သတ်ပစ်ချင်နေပြီ"
ထိုသို့ပြောရင်းနှင့် ဓားကိုထုတ်ကာ စုရှင်းချန်ကိုစတင်တိုက်ခိုက်ပေသည်။ သို့သော်လည်းတိုက်ခိုက်ပြီး မကြာမီပင် သူ၏အနောက်မှ အရာတစ်ခု၏ရိုက်နှက်ခြင်းကို ခံလိုက်ရကာ ချက်ချင်းပင် သေဆုံးသွားရပြန်သည်။
စုရှင်းချန်လဲလျောင်းနေသည့် အရှေ့သို့ လာရပ်သူသည် စုရှင်းချန်အား စူးရှသည့်မျက်လုံးများဖြင့်ကြည့်နေသည်ကိုတွေ့ရပေသည်။ ဂိမ်းကာရိုက်တာတစ်ခုဖြစ်သည့်တိုင် အကြည့်များကားအဘယ်ကြောင့် အဲ့လောက် အသက်ဝင်နေရပါသနည်း။ သို့သော်လည်း ထိုစူးရှသည့် အကြည့်နောက်ကွယ်တွင်ကား မထင်မှတ်ထားသည့်တည်ငြိမ်ခြင်းတစ်ခုကိုခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက်ပင် စုရှင်းချန်ရင်ထဲ၌စိတ်မလုံမလဲဖြစ်လာပေသည်။
(အနီးနားရှိလူ)ကြာမြစ်လေးး။ "တောင်းပန်ပါတယ်..."
စုရှင်းချန်သည် အမှားတစ်ခုခုလုပ်ထားသည်ဟုခံစားရသောကြောင့် တောင်းပန်စကားဆိုခဲ့ပေသည်။
ယွီဖန်ရှင်းသည် စုရှင်းချန်ဘက်မှ တဖွဖွ တောင်းပန်စကားဆိုနေသည်ကို နားပင် မထောင်နိုင်တော့ပေ။ ထိုကောင်လေးသည် သူ့အား စကားကောင်းပြောလိုက် တောင်းပန်လိုက် အတင်းပြောလိုက်နှင့် ထူးတော့ ထူးဆန်းလှပေသည်။
(အနီးနားရှိလူ)ယွီဖိုင်းရန်။ "မင်းက တောင်းပန်တာမှာ တော်တော် ဆရာကျနေပြီပဲနော်"
(အနီးနားရှိလူ)ကြာမြစ်လေးး။ "အမ်..."
(အနီးနားရှိလူ)ယွီဖိုင်းရန်။ "မင်း နှစ်ခါတောင် အသတ်ခံရတာမလား..."
(အနီးနားရှိလူ)ကြာမြစ်လေးး။ "ဟုတ်တယ်"
(အနီးနားရှိလူ)ယွီဖိုင်းရန်။ "ငါ့ကြောင့်မလား..."
(အနီးနားရှိလူ)ကြာမြစ်လေးး။ "ဟုတ်တယ်..."
(အနီးနားရှိလူ)ယွီဖိုင်းရန်။ "အဲ့တာဆို ငါ့ကို ဘာလို့ တောင်းပန်တာလဲ..."
စုရှင်းချန်သည် နစ်နာသူဖြစ်သည်ကို အဘယ်ကြောင့် တောင်းပန်နေမိသနည်း။
သို့သော်လည်း သူ အသတ်ခံလိုက်ရသည်ကား သူ့ညံ့ဖျင်းမှုကြောင့်ပင်။
(အနီးနားရှိလူ)ကြာမြစ်လေးး။ "ငါ မင်းကို ပြဿနာဖြစ်အောင် လုပ်မိတယ်လေ။ ငါသာ မလုပ်မိရင် မင်းလည်း ပြဿနာတက်စရာအကြောင်းမရှိဘူးလေ...။"
(အနီးနားရှိလူ)ယွီဖိုင်းရန်။ "မင်းကိုယ်မင်း အရမ်းကြီး အထင်မသေးပါနဲ့ကွာ... မင်း ငါ့ကို ပြဿနာရှာခဲ့တယ်ဆိုရင်တောင်မှ ငါ့အတွက် ဖြစ်နေကျမို့ ရိုးနေပါပြီ။ မင်းလိုလူတစ်ယောက်ကြောင့် မခံစားရတော့ပါဘူး"
စုရှင်းချန်သည် ဤသို့သော လူမျိုးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ပေသည်။ မထူးဆန်းသည်ကား သူ့ကိုမုန်းသည့်လူများသော်လည်း အသေးအမွှားလေးများကစပြီး ဂရုစိုက်နေသည့်သူ များသည်ကား မလွဲပေ။
စုရှင်းချန်သည် ယွီဖိုင်းရန်၏စကားကိုကြားပြီးနောက်တွင်ကား မည်သည်ကိုမျှ ဆက်မပြောပဲ မြေပြင်ပေါ်ကိုသာ ပြေးသွားပေသည်။
(အနီးနားရှိလူ)ငါ့ရဲ့အဖော်လေးး။ "ယွီဖိုင်းရန်လားး မင်းပေါ့နော်"
(အနီးနားရှိလူ)ငါ့ရဲ့အဖော်လေးး။ "အာ... ဒီကလေးကို သတ်ဖို့ မရည်ရွယ်ပါဘူးးး အထင်လွဲတာပါ..."
အခုမှ ကြောက်နေပြီပေါ့...
(အနီးနားရှိလူ)ယွီဖိုင်းရန်။ "နောက်တစ်ခါ မင်း သူ့ကိုတွေ့ရင် ရှောင်သွားလိုက်ကြားလား..."
(အနီးနားရှိလူ)ငါ့ရဲ့အဖော်လေးး။ "အင်းပါ... အင်းပါ"
သူတို့ကမှ တကယ့် သူငယ်ချင်းတွေ ကျနေတာပဲ။
(အနီးနားရှိလူ)ယွီဖိုင်းရန်။ "အရမ်းကြီး မတွေးပါနဲ့။ သူ့ရဲ့ Wechat အကောင့်လည်း ငါမသိသလို သူနဲ့ငါက ဘာမှလည်း မတော်ဘူးး...။ ဘာမှမဆိုင်ဘူး"
ယွီဖိုင်းရန်၏စကားကြောင့် ကြည့်ရှုနေသောလူတော်တော်များများသည် စိတ်လှုပ်ရှားမှုပင်ပျောက်ဆုံးသွားပေသည်။
ရလဒ်အနေဖြင့် ချိုမြပြီးချဉ်စုပ်သည့် ကြာမြစ်ဟူသောထူးဆန်းသည့်နာမည်လေးသည် ဂိမ်းလောကတွင် နာမည်ကြီးစွာဖြင့် ကျန်ခဲ့ပေတော့သည်။
တင်ထားသည့်ခေါင်းစဥ်။ "မင်းတို့အားလုံး တစ်ခုခုဖြေရှင်းချင်ရင် ငါ့ဆီကိုပဲ လာခဲ့ ကြာမြစ်ဆိုတဲ့အကောင့်နဲ့ ငါနဲ့က ဘယ်လိုမှ မပတ်သက်ဘူးး..."
ယွီဖန်ရှင်းတစ်ယောက် ဖြေရှင်းခန်း ထုတ်လိုက်ပေသည်။