အပိုင်း (၁၈)
မနက်အစောပိုင်းအချိန် ဖြစ်သည့်အတွက် စုရှင်းချန်သည် Live ကို အဆုံးသတ်ကာ ငရုတ်သီးနှင့်ငါးရှဉ့်ချက်ရန်အတွက် အိမ်သို့ အမြန် ပြန်လာပေသည်။ အဘယ်ကြောင့်ဆိုသော် ယမန်နေ့ညက အိမ်ပိုင်ရှင်အပေါ် အဆိုးမြင်နေသည့်အတွက် မည်သည်မျှ ချက်ပြုတ်မပေးခဲ့ပေ။
အမှန်တကယ်ကား စုရှင်းချန်သည် သူ့စိတ်ကို သူ မထိန်းနိုင်တော့သောကြောင့်ပင် ညစာချက်မကျွေးခဲ့သည့်အပြင် အိမ်ပိုင်ရှင် ညတိုင်းအိမ်မက်ဆိုးမှသက်သာအောင် ချော့သိပ်ပေးခြင်းလည်းမရှိခဲ့ပေ။
စုရှင်းချန်သည် တစ်ရက်လောက် စိတ်ကိုဖြေလျော့အောင်လုပ်ပြီးမှသာလျှင် နောက်ဆုံး၌ သေချာ ပြန်စဥ်းစားကာ တစ်ဖက်လူမှာ ဘာအမှားမှ လုပ်ထားခြင်းမရှိသည်ကို သိလိုက်ရပြီး အနည်းငယ် စိတ်မကောင်းဖြစ်မိပေသည်။
အဲ့လောက်ကြီးထိ စိတ်ဆိုးစရာမရှိပေ။
အမှန်တိုင်းပြောရရင်ကား သူကိုယ်တိုင်ပင်သူတစ်ပါး၏ ကိုယ်ရေးအချက်အလက်များကိုသူများသိအောင် ချပြလိုက်ပြီး တောင်းပန်သင့်သည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေသည်။
တစ်ဖက်လူအား တောင်းပန်ဖို့ကား တစ်ဖက်လူအကြိုက် အရသာရှိသော ညစာလေးကို ငါးခေါင်းဟင်းကို ငရုတ်သီးလေးနှင့်ငါးရှဉ့်ကိုပါ ထည့်ကာ မှိုလေးပါရော၍ ချက်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မှိုခြောက်သည် သိုလှောင်ထားရသည်မှာ အလွန် လွယ်ကူသည့်အတွက်ကြောင့် စုရှင်းချန်သည် မှိုများကိုတစ်ခါတည်းဖြင့် အများကြီး ဝယ်ထားလိုက်ပေသည်။ မှိုကိုကား မည်သည့်ဟင်းချက်ချက် ထည့်ရသည်မှာ အကျင့်တစ်ခုလို ဖြစ်နေပေပြီ။ မှိုသည် ကျောက်ကပ်အတွက် ဖြည့်စွက်အစာတစ်ခုဖြစ်သည့်အပြင် ယောက်ျားလေးများအတွက် သင့်လျော်သော အစာတစ်ခုဖြစ်ပေသည်။
ခရမ်းချဥ်သီးအနှစ်ကိုကား ဝယ်ပြီးကတည်းက အခုချိန်ထိ ဖွင့်ပင် မဖွင့်ရသေးပေ။
"ဟေးး..." စုရှင်းချန်သည် ခရမ်းချဥ်သီးအနှစ်များကို ငါးပေါ်သို့ အကုန်လောင်းထည့်လိုက်ပေသည်။ အမှန်တိုင်းပြောရရင်ကား စုရှင်းချန်အဖို့ တော်ရုံငါးရှဉ့်ဟင်းစားလေ့မရှိပေ။ ထို့ကြောင့်ပင် ဟိုတလောက ငါးကို ချက်ပြုတ်တုန်းက ခရမ်းချဥ်သီးအနှစ်ကို အကုန်လောင်းထည့်မိလိုက်သည့်အတွက်ကြောင့် အသစ်ပြန်ဝယ်ထားရခြင်းဖြစ်ပေသည်။
လတ်ဆတ်သည့် ဟင်းခွက်သုံးခွက်သည် အငွေ့တလူလူနှင့်ဖြစ်နေပေသည်။
ဟင်းများထမင်းများကို ပွတ်သိပ်ထည့်ရသည်မှာ ထမင်းဘူးနှင့်ပင် မပြည့်တော့ပေ။
ထို့ကြောင့် စုရှင်းချန်သည် ထမင်းဘူးကို မထုပ်တော့ပဲ ဒီအတိုင်း ထမင်းပန်းကန်များဖြင့်သာ သွားပို့ရန် ဆုံးဖြတ်လိုက်ပေသည်။
စကားမစပ် စုရှင်းချန်တွေးမိသည်ကို တစ်ချက်လောက် ပြောပြရဦးပေမည်။ သေချာပေါက် အိမ်ပိုင်ရှင်သည် စုရှင်းချန်၏ဖြစ်တည်မှုကို သိပုံရလောက်သည်ဖြစ်ပြီး မငြင်းမဆန်ပဲထမင်းဘူးပို့နေသည်ကို လက်ခံနေခြင်းဖြစ်ရပေမည်။
အဘယ်ကြောင့်ဆိုသော် စုရှင်းချန် မရှင်းပြတတ်လောက်အောင်ပင် အိမ်ပိုင်ရှင်သည် ထမင်းဟင်းပို့ခါနီးတွင် မည်သည့်နေရာကို ပျောက်သွားလို့ပျောက်သွားမှန်းမသိလောက်အောင် ပျောက်ခြင်းမလှ ပျောက်သွားကား ခဏအကြာမှသာ ထမင်းစားရန် ပေါ်လာခြင်း ဖြစ်ပေသည်။
ယွီဖန်ရှင်းသည် ထူးဆန်းသည့်ထမင်းဘူးအကြောင်းကို အရမ်း ခေါင်းထဲမထားပေ။ စုံစမ်းဖော်ထုတ်ခြင်းလည်း မလုပ်တော့သည်မှာ တစ်ဖက်လူမှ သူ့အားထမင်းကျွေးနေသည်ကို သူကိုယ်တိုင် မလွန်ဆန်နိုင်သောကြောင့်ပေ။
ယွီဖန်ရှင်းအဖို့ ကိစ္စတော်တော်များများကို ခေါင်းထဲတွင် မရှိလှပေ။
သူ့အကြောင်းပင် သူ ဂရုစိုက်ခြင်းကား ရှားလှပေသည်။
သို့သော်လည်း ယွီဖန်ရှင်း ကိစ္စတိုင်းကို တစ်ဖက်လူမှထိန်းချုပ်နိုင်ခြင်းမဟုတ်ပေ။ ဒီဘက်ကမ္ဘာတွင်ကား ယွီဖန်ရှင်း၏ဘဝသည် ယွီဖန်ရှင်းလက်ထဲတွင်သာ ရှိပေသည်။
မည်သို့ပင်ဖြစ်စေ ယခုတွင်ကား ယွီဖန်ရှင်း၏ အစာအိမ်လေးသည် တစ်ဖက်လူ၏လက်ထဲတွင် ရှိနေပေသည်။
နီရဲပြီး လတ်ဆတ်သည့် ငါးခေါင်းငရုတ်သီးဟင်းသည် ပူနွေးပြီး နူးညံ့သည့်အနံ့လေးနှင့် ပြည့်စုံနေသည့်အတွက်ကြောင့် သားရည်တမြားမြား ဖြစ်အောင် ဆွဲဆောင်နိုင်ပေသည်။
ငါးခေါင်းဟင်းကို ငရုတ်သီးဖြင့် ချက်ပြုတ်ထားပြီးတစ်ဖက်တွင်ကား ငါးရှဉ့်ဟင်းကို ပုံထားကာ ထိုထမင်းဟင်းကား တွေ့သည့် မည်သူမဆိုပင် အရသာရှိသည် မရှိသည်ထားဦးတော့ တွေ့ရသည်နှင့်ပင် သွားရည်ကျစေပေသည်။ အနှစ်ရည်သည် စစစားလိုက်ခြင်းပင် ပါးစပ်၌ အမြှုပ်ထသွားသည့်ပုံစံမျိုးခံစားလိုက်ရပြီး ထို့နောက်တွင်ကား ငါးအသားနှင့် ရောထားသည့်အနှစ်ရည်အရသာကို ပေါင်းစပ်လိုက်ပါကအတော်ပင် စား၍အရသာကောင်းလှပေသည်။
သုံးလွှာအသားအရသာလိုမျိုးသာမက အနှစ်ရောထားသည့် နက်ရှိုင်းသည့်အရသာသည် နူးညံ့ပျော့ပျောင်းသည့်အရသာကို ဖော်ကျူးရုံသာမက မှော်ဆန်သည့် အရသာတစ်ခုကို စားနေရသည့်တိုင် ဖြေရှင်းချက်မပေးနိုင်လောက်အောင် အရသာကေင်းနေပေသည်။
အလွန်ပင် အရသာရှိလှပေသည်။
ယွီဖန်ရှင်း ကိုယ်တိုင် ငါးအရိုးမနွှာတတ်သည့်အပြင် ထမင်းဖြူနှင့်ငါးကို ရောမစားတတ်သည့် အကျင့်ရှိသည့်တိုင် မလွှင့်ပစ်ရက်ပဲ တစိုက်မတ်မတ်နှင့်ပင်စားလိုက်ပေသည်။
ယွီဖန်ရှင်းသည် ငါးခေါင်းကို တူဖြင့်ယူရန် အနည်းငယ် အခက်ခဲရှိနေပေသည်။ နူးညံ့သည့် ငါးအသားဖြစ်သည့်တိုင် ခေါင်းပိုင်းရှိငါးအသားများကို တူဖြင့်ယူကာ နှိုက်စားဖို့သည်ကား ယွီဖန်ရှင်းအတွက် အခက်အခဲရှိလှပေသည်။ သို့သော်လည်း စားချင်စိတ်ကို ထိန်းမရသည့်အတွက်ကြောင့် မဖြစ် ဖြစ်နိုင်သည့်နည်းနှင့်ပင် ငါးအသားကို ရအောင် စားပေသည်။ ငါးရှည့်သားကို စားလိုက်ရသည့်အချိန်နှင့် ငါးခေါင်းကို စားရသည့်အချိန်တောင် မတူပေ။ အတော်ပင် အရသာရှိရုံသာမက အရသာခံသည့်နေရာကို ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် တုန်ခါသွားသည့် နားစည်နှင့်အတူတူ စပ်သည့်အရသာကို ခံစားလိုက်ရပြီး လျှာပါးလေးကို ရိုက်ခတ်သွားသည့်အရသာသည် စိတ်ထဲတွင် ပျော်ရွှင်သွားသလိုလို စပ်ကျိန်းကာ စိတ်ကိုမြောက်တက်သွားသလို မည်သို့ပင် ပြောမပြတတ်တော့ပေ။
ဥက္ကဌယွီသည် အေးစက်စက်ဖြင့် နှုတ်ခမ်းလေးကို ရှုံ့ကာတစ်ခုခုကို မကျေနပ်သည့်ပမာ ဖြစ်လာပေသည်။ သူ့အား ချက်ပြုတ်ပေးနေသည့် ကောင်မလေးကား အစပ်အတော်ကြိုက်တတ်သောကောင်မလေးဖြစ်ရပေမည်။
သို့သော်လည်း ဟင်းလျာကား အစပ်အရသာမှလွဲ အတော်ပင် အရသာရှိသည်ကား လက်ခံနိုင်ပေသည်။
ယွီဖန်ရှင်းသည် စားသောက်ပြီး ဗိုက်တင်းသွားသည်နှင့် မှိုဟင်းချိုကို သောက်လိုက်ပေသည်။ ဟင်းအတွင်းတွင် အနည်းငယ် ထည့်သည်သာမက မှိုကို ဟင်းချိုချက်ပေသည်။
ယွီဖန်ရှင်းသည် အတော်ပင် ဗိုက်ဝနေပြီဖြစ်သော်လည်း ဘေးနားတွင်ထည့်ထားသောစပျစ်သီးကို တွေ့ရသည့်အတွက် စားချင်စိတ်ကို ထိန်းမရပြန်ပေ။
ထို့ကြောင့် တစ်လုံးပြီးတစ်လုံး ကောက်ကာစားလိုက်ပေသည်။ ကိုယ့်မုန့်ကို ကိုယ်စားသည်ထပ်သူတစ်ပါးမုန့်ကို စားခြင်းကား အရသာရှိလှသည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပေသည်။ စပျစ်သီးသည် ပေါသောနေသော အရာတစ်ခုဖြစ်သော်လည်း အခုမျှလောက် ဘယ်စပျစ်သီးမှ အရသာ မရှိလောက်ပေ။
ထူးဆန်းပေသည်။
စုရှင်းချန်သည် ထမင်းစားဝိုင်းကို ရုတ်တရက်ဖြတ်သွားလိုက်သည်နှင့် အိမ်ပိုင်ရှင်စားနေသည့်ပုံစံကို တစ်ချက်လှမ်းကြည့်လိုက်ပေသည်။ အံ့သြစရာကောင်းလောက်အောင်ပင် အိမ်ပိုင်ရှင်သည် ဟင်းနှစ်ပန်းကန်နှင့် ဟင်းချိုကို ပြောင်တလင်းခါအောင် စားလို့ကုန်သွားပေပြီ။
အိမ်ပိုင်ရှင်သည် အစားအသောက်ကို အတော်ပင် စားနိုင်ပေသည်။ ဘေးပတ်လည်တွင် တောင်တန်းမြစ်ချောင်းနှင့် အပင်များ စိုက်ပျိုးထားသည့်နေရာရှိသောကြောင့် ခံသာပေသေးသည်။ မဟုတ်လျှင် အိမ်ပိုင်ရှင် စားပုံမျိုးနှင့် သေချာပေါက် လောက်မည် မဟုတ်ပေ။
စုရှင်းချန်သည် ခေါင်းကိုတခါခါဖြင့် မီးဖိုချောင်အတွင်းသို့ ဝင်သွားကာ ခွေးလေးများအတွက်အစားအစာကိုယူလိုက်ပြီးလျှင် ကျွေးရန်ပြင်ဆင်လိုက်ပေသည်။ အစာကျွေးပြီးသည့်နောက်တွင်ကား ခွေးစာခွက်ကို ဆေးကြောကာ ခွေးလေးများကို ခဏနီးပါးလောက် ပွတ်သပ်နေလိုက်ပြီးလျှင်
"ကောင်လေးတို့ ဖေဖေကြီး အပေါ်တက်ပြီး ဂိမ်းသွားဆော့လိုက်ဦးမယ်။ မနက်ဖြန် အပြင်သွားရင်လိုက်ကြဦးမလား"
"ဝမ်ဝမ်" ခွေးလေးနှစ်ကောင်သည် စုရှင်းချန်၏ ခြေထောက်လေးကိုပွတ်သပ်ကာ သခင့်ကို ထွက်မသွားစေချင်သည့်ပုံစံမျိုး ပြသနေကြပေသည်။
"ဖေကြီးနဲ့ ကစားချင်တယ်ဆို ဖေကြီးကို ဖက်ပါဦးကွဲ့..." စုရှင်းချန်သည် ခွေးကလေးများကို ဖေဖေနဲ့သားကြီးပုံစံပမာ နေရသည်ကို အလွန်ပင် သဘောကျပေသည်။ ခါးလေးကိုကိုင်းကာ ခွေးလေးနှစ်ကောင်ကို ကောက်ချီလိုက်သည်နှင့် ခန္ဓာကိုယ်ကြီးသည် ထင်ထားသည်ထပ် နစ်လာသည်ကို ခံစားလိုက်ရပေသည်။
"မင်းတို့နှစ်ကောင် တော်တော်ကို ကြီးလာပြီပဲ" တစ်နေ့ထပ်တစ်နေ့ ပိုပိုနစ်လာပေသည်။
"ဝမ်ယူ..." ခွေးလေးများသည် နှာခေါင်းနီနီရဲရဲလေးဖြင့်စုရှင်းချန်၏ပါးလေးကိုကပ်ကာ သခင့်ကိုကပ်ခွဲနေပေသည်။
"ဟုတ်ပါပြီကွယ် ဖေကြီးလည်း သားတို့ကို ချစ်ပါတယ်"
ထို့နောက်တွင်ကား စုရှင်းချန်သည် ကပ်ချွဲနေသည့် ခွေးလေးနှစ်ကောင်ကို လှောင်အိမ်လေးထဲတွင်သိပ်ကာ
"ကောင်းသောညပါ ဝမ်ဝမ်၊ ဝမ်ယူ"
သခင်ထွက်သွားသည်ကို ခံစားမိသည်နှင့် ခွေးလေးနှစ်ကောင်သည် များမကြာမီပင် အိပ်ပျော်သွားကြပေသည်။
ထိုအချိန်သည် ညရှစ်နာ ထိုးနေပြီဖြစ်သည်။ ဂိမ်းသမားများအတွက် လိုင်းပေါ်တွင် အများဆုံးရှိနေနိုင်သည့်အချိန် ဖြစ်သည့်အပြင် လူစည်သောအချိန်လည်း ဖြစ်ပေသည်။
စုရှင်းချန် ဂိမ်းပေါ်သို့တက်လိုက်သည်နှင့် ကစားသမား ၂၁ ယောက်သည် ဂိမ်းထဲတွင်ရှိနေသည်ကို တွေ့ရပေသည်။
စုရှင်းချန်သည် တခြားသူများကိုစောင့်ရသည်မှာပျင်းလာသည်အတွက်ကြောင့် ဂိမ်းပိုစ့်တင်သည့်နေရာသို့ဖွင့်လိုက်သည်နှင့်ယွီဖိုင်းရန်၏ပိုစ့်သည်ထိပ်ဆုံးမှတက်လာသည်ကိုတွေ့ရပေသည်။ စပ်စုချင်သောကြောင့်ပင် ထိုပိုစ့်ကို ဖွင့်ကြည့်လိုက်သည်နှင့် ယွီဖိုင်းရန်သည် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို အသေအချာ ရှင်းပြထားခြင်းမရှိသော်လည်း နတ်ဆိုးအကောင့်နှင့်လူအား အသေအချာကို ပြောထားသည့်ပို့စ်ပင် ဖြစ်ပေသည်။
လူတော်တော်များများသည် မှတ်ချက်များ ချန်ထားခဲ့ကြပေသည်။
ရှောင်မင်ရဲ့ခွေးလေး။ "သိရသလောက်ဆို ယွီဖိုင်းရန်ရဲ့ပထမဆုံးပို့စ်တင်တာဆိုတော့ သေချာပေါက်ကို နာမည်ကြီးတော့မှာ"
သူမအပြုံးလေးကအလှဆုံးပဲ။ "ဝိုးးးး"
မူရီတန်။ "မင်းရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ တင်လိုက်တာလားကွ"
ပူတိုယင်ကောင်။ "ယွီဖိုင်းရန်က ဂုဏ်သိက္ခာတွေဘာတွေ ထိန်းပြီး ပြောနေတာလားကွ"
မင်းဘယ်လိုထင်လဲ။ "ဘုရားရေ... မင်းတို့ကလည်း ယွီဖိုင်းရန်က နာမည်တစ်လုံးနဲ့ နေတာကွ"
"ဟ..." စုရှင်းချန်သည် ပျော်ရွှင်စွာပင် ရယ်မောလိုက်ပေသည်။ ရယ်မောလျှင်ရုပ်ဆိုးသည်ဟု ဆိုခဲ့ဖူးသောသူများကိုပင် ဂရုမစိုက်နိုင်တော့ပဲပျော်ပျော်ရွှင်ရွှင် ဟက်ဟက်ပက်ပက် ရယ်ချလိုက်ပေသည်။ "ယွီဖိုင်းရန် ပို့စ်တင်တာ ရယ်ချင်စရာပဲ"
ထိုစဥ် ကျယ်လောင်သည့် သီချင်းသံတစ်ခုနှင့်အတူတူ ကစားသမား ၂၁ ယောက်သည် ဆာဗာတစ်အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြကာ စုရှင်းချန်၏အမှိုက်သဖွယ် အကောင့်လေးသည် တဖြေးဖြေး မှေးမှိန်ကျလာပေသည်။
စုရှင်းချန်သည် ဖုန်းကိုအောက်ချကာ ဂိမ်းကိုအတည်ကြီး လေးလေးနက်နက် ဆော့ရန် ဆုံးဖြတ်လိုက်ပေသည်။
ယနေ့အတွက် လုပ်ဆောင်ရမည့်အလုပ်ကား ပိုက်ဆံကို တတ်နိုင်သမျှရအောင်စုပြီးလျှင် သိုင်းပညာကိုအသေအချာလေ့လာနိုင်ရန်အတွက် ပိုက်ဆံထုတ်သုံးရမည်ဖြစ်သည်။ ထို့ပြင် ထိုပညာဖြင့်တခြားသောအဖွဲ့များတွင်ပါဝင်နိုင်မည်ဖြစ်သည်။
သို့သော်လည်း စုရှင်းချန် ဂိမ်းအကောင့်ကိုဖွင့်ကာဆော့မည်ပင် မလုပ်ရသေးခင် အခြားသောဂိမ်းသမားများထံမှ သူငယ်ချင်းဖြစ်ရန်တောင်းဆိုသည့်မက်ဆေ့ဂျ်များ အပြုံလိုက် တက်လာပေသည်။
စုရှင်းချန်တစ်ယောက် သူငယ်ချင်းလုပ်ရန် တောင်းဆိုသည့်အကောင့်များကို ငြင်းဆိုသည် ဟူသောခလုတ်ကို နှိပ်နေရသည်မှာ အတော်ပင်ဒေါသထွက်လာပေသည်။
(အနီးနားရှိလူ)။ "ချိုမြတဲ့ကြာမြစ်လေး... မင်း ယွီဖိုင်ရန် ဆီပဲသွား။ ငါ့ဆီကို မလာခဲ့နဲ့"
ယွီဖန်ရှင်းသည် လသွေးမြို့တော်သို့ပြေးသွားလိုက်သည်နှင့် ဘုရားကျောင်းနားအရောက်တွင် သနားစရာကောင်းသည့် အဆင့် ၃၀ သာရှိသေးသောကောင်လေးတစ်ကောင်ကို အဆင့်မြင့်သည့် ကစားသမားတစ်သိုက်မှ ဝိုင်းပတ်တားနေကြသည်ကို တွေ့လိုက်ရပေသည်။
(အနီးနားရှိလူ)။ "ယွီဖိုင်းရန် ရောက်လာပြီ...။"
လူတော်တော်များများသည် သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေသော သူ၏ခေါင်းပေါ်တွင် ပန်းရောင်စာတမ်းလေးဖြင့် "ယွီဖိုင်းရန်" ဟူသည့် ကစားသမားတစ်ယောက်ကို တွေ့လိုက်ရပေသည်။
(စနစ်)။ 'ကစားသမားယွီဖိုင်းရန်သည် သင့်အား သူငယ်ချင်းလုပ်ရန် တောင်းဆိုခဲ့သည်။ လက်ခံမည်... ငြင်းဆိုမည်'
စုရှင်းချန်သည် ကြောင်တောင်တောင်နှင့်ပင် ကွန်ပျူတာဖန်သားပြင်ကို ကြည့်ကာ ကလစ် တစ်ချက်နှိပ်လိုက်သည်နှင့် ယွီဖိုင်းရန်သည် သူနှင့် ဂိမ်းထဲမှာ သူငယ်ချင်းဖြစ်သွားပေသည်။
ယွီဖန်ရှင်းသည် မည်သည်ကိုမျှ ရှည်ရှည်ဝေးဝေး စဥ်းစားနေခြင်း မရှိတော့ပေ။ သူသည် စုရှင်းချန်အား အကြံတစ်ခုပေးသည့်အနေဖြင့်
"မင်း အခုအခြေအနေကို နားလည်တယ်ဆိုရင် ငါ့အတိုင်းလေးလိုက်လုပ်။ မင်းက ဘာမှမဟုတ်တဲ့ ဒီအတိုင်း အပျော်ကစားသမားသာသာပဲဆိုတော့ ငါ့ကို သိပ်အနှောင့်အယှက်တော့ မပေးနဲ့"
စုရှင်းချန်သည် မက်ဆေ့ဂျ်ကိုကြည့်ကာ ရင်နင့်သောအပြုံးဖြင့် ပြုံး၍ ပျော်ရွှင်ရမလိုလိုပင်။
ဒီကောင်ကတော့ ဘာတွေလာပြောနေမှန်း မသိဘူး။