အပိုင်း (၁၉)
ကုမ္ပဏီပိုင်ရှင် သူဌေးလေးတစ်ယောက် ဘာကို စိတ်ရှုပ်ပြီး အာရုံနောက်နေမှန်း မသိတော့ပေ။
ထို့ကြောင့် တစ်ဖက်လူအား "ဂိမ်းအကောင်းတစ်ခုမှာ အဆင့် ၃၀ ထိပဲရှိသေးတယ်ဆိုတာ ဓာတ်သတ္တုရေဘူးတစ်ခုလိုပဲကွ။ သူတို့ကို ပြန်သုံးလို့ရပေမယ့် ၅၀ ရာခိုင်နှုန်းလောက်ပဲ အသုံးဝင်တော့တာလေ။"
ယွီဖိုင်းရန်။ "မင်းသင်ချင်တယ်ဆိုရင် ငါ မင်းကို နတ်ဆိုးဂိမ်းအကြောင်း သင်ပြပေးမယ်လေ။ နတ်ဆိုးဂိုဏ်းဆိုတာ နတ်ဆိုးလောကရဲ့ ဘုရင်တစ်ဆူရှိတဲ့နေရာပဲ"
ထိုသို့ပြောသည်ကိုမြင်လိုက်သည်နှင့် စုရှင်းချန်သည် အလွန်ပင် ဒေါသထွက်သွားပေသည်။ ထို့ကြောင့်ပင် ဤလူနှင့်ဆက်စကားမပြောချင်တော့လောက်အောင်ကို စိတ်ကုန်သွားပေသည်။ သူ့ကိုများဓာတ်သတ္တုရေဘူးဘာညာနဲ့။
"မင်းကသာ ဓာတ်သတ္တုရေဘူးလေ..." မည်သို့ကြောင့်များ အဆိပ်အတောက်ဖြစ်နေသည့် အဲ့ပါးစပ်ကြီးက သူတစ်ပါးအကောင့်ကိုများ စျေးပေါတယ်လေးဘာလေးနှင့် ၅၀ ရာခိုင်နှုန်းလောက်ပဲ သုံးရတယ်ဘာညာ ပြောနေရသနည်း။
စုရှင်းချန်သည် နှုတ်ခမ်းလေးကိုကိုက်ကာ ယွီဖိုင်းရန်နှင့်သူငယ်ချင်းဖြစ်နေသည့်အကောင့်ကို ဖွင့်၍ ဖျက်မည်ဟူသော နေရာကို ကလစ်နှိပ်ကာဆက်ဆက်နှိပ်နေရင်းနှင့်ပင် လက်ချောင်များပင် ဖြူဖပ်ဖြူရော်ဖြစ်လာပေသည်။
စုရှင်းချန်သည် အမှန်တကယ်တွင်ကား အိမ်ပိုင်ရှင်နှင့်ပတ်သက်လာလျှင် အမြဲလိုလိုစိတ်ကိုမထိန်းနိုင်ဖြစ်ရသည်ကား အိမ်ပိုင်ရှင်သည် သူ့အား မကောင်းသည့် အကျင့်စရိုက်များ ဖော်ပြနေခြင်းကို သဘောမကျသောကြောင့်ပင်။
သူသည် အိမ်ပိုင်ရှင်နှင့် အမှန်တကယ်ပင် သူငယ်ချင်း ဖြစ်ချင်ပေသည်။
သို့သော်လည်း တစ်ဖက်လူ၌ ထိုသို့သောအတွေးမျိုးမရှိပေ။
ထို့ကြောင့်ပင် စုရှင်းချန်တစ်ယောက် စိတ်မပျော်နိုင်ဖြစ်နေရပေသည်။
"ထားလိုက်ပါတော့" သူငယ်ချင်းဆိုတာ ဘယ်တော့မှ တွေ့နိုင်တော့မှာ မဟုတ်ပါဘူး။ စုရှင်းချန် ကိုယ်တိုင်သည်လည်း ထိုအခြေအနေကို နားလည်သည့်အတွက်ပင် မဖြစ်နိုင်သည်ကို မစဥ်းစားနေတော့ပဲ အိမ်ပိုင်ရှင်ကိုသာ စိတ်ရင်းအမှန်နှင့် ဆက်ဆံရန် ဆုံးဖြတ်လိုက်ပေသည်။
ယွီဖန်ရှင်းသည် သူ့အရှေ့တွင်ရှိနေသော ကစားသမားတစ်ယောက် ချက်ချင်းပျောက်သွားသည့်အတွက်ပင် ကလစ်နှိပ်နေရာမှ ခဏမျှရပ်တန့်သွားပေသည်။
သို့သော်လည်း မည်သို့သောအကြောင်းကြောင့်နှင့်မျှ ဂိမ်းကိုရပ်တတ်သည့်သူ မဟုတ်သောကြောင့် ယွီဖန်ရှင်းသည် လမ်းကြောင်းကိုပင် ဆက်အာရုံစိုက်နေပေသည်။
ခဏကြာပြီးနောက်တွင်ကား နတ်ဆိုးဆီမှထပ်မံ၍ သူငယ်ချင်းလက်ခံရန်ဆိုသည့် မက်ဆေ့ဂျ်တစ်ခုနှင့်အတူတူ ဒင်္ဂါးငါးရာကို လက်ဆောင်နှင့်တကွထည့်ပေးလိုက်သည်ကို တွေ့ရပေသည်။
စုရှင်းချန်သည် ပြောစရာစကားပင် ပျောက်ရှသွားသည်ကား အဘယ်ကြောင့် အိမ်ပိုင်ရှင်သည် သူ့အားဤမျှများပြားသော လက်ဆောင်ကို ပေးရသနည်း။
ငြင်းဆန်းချင်စရာ မကောင်းလှသော ကမ်းလှမ်းမှုတစ်ခုပင်။
ကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ယောက် ထပ်မံ၍ အငြင်းခံလိုက်ရပေသည်။ ထို့ကြောင့် ကီးဘုတ်ကို ဆော့နေရာမှရပ်ကာ ခုံအနောက်ကိုမှီ၍ စီးကရက်လေး ဖွာလိုက်ပေသည်။
ယွီဖိုင်းရန်။ "ငါသာ မင်းနေရာမှာဆိုရင် သေချာပေါက် အွန်လိုင်းပေါ် တက်တော့မှာမဟုတ်ဘူး"
ထို့သို့ပြောပြီးနောက်တွင်ကား ယွီဖိုင်းရန်သည် တခြားတစ်နေရာသို့ ပြေးထွက်သွားပေသည်။
ချိုမြသည့်ကြာမြစ်လေး။ "ငါ့ကို အမှတ်ရပေးနေလို့ကျေးဇူးတင်ပါတယ် ယွီဖိုင်းရန်"
ထိုမက်ဆေ့ဂျ်လေးသည် ယွီဖိုင်းရန်၏မက်ဆေ့ဂျ်ထဲသို့ရောက်သွားသည့်တိုင် ဖွင့်ဖတ်ခြင်းမရှိပေ။
မစ်ရှင်လုပ်ရသည့်တစ်လျှောက်တွင် စုရှင်းချန်သည် အတော်အများကို အစော်ကားခံနေရသည့်အတွက်ကြောင့်ပင် အိမ်ပိုင်ရှင်ပြောသည့်အတိုင်း လိုက်နာရန် ဆုံးဖြတ်ခဲ့ပေသည်။ ထို့ကြောင့် ဂိမ်းဆော့ခြင်းကို ခဏမျှနားကာ အသေအချာပြင်ဆင်မှုလုပ်ပြီးသည့်အချိန်ကျမှ အွန်လိုင်းပေါ်သို့ပြန်တက်ခဲ့ပေသည်။
ထိုအချိန်၌ ယွီဖန်ရှင်းကိုယ်တိုင်သည် ဂိမ်းဆော့သည်ကို ခဏမျှနားထားရာမှ ပြန်လာကာ လိုင်းပေါ်တက်လာသော ကောင်လေးတစ်ယောက်၏အကောင့်မှာ အရောင်ပြောင်းထားသည်ကို တွေ့လိုက်ရပေသည်။
ယွီဖန်ရှင်းသည် စိတ်တိုသော်လည်း ကျေနပ်သောအပြုံးဖြင့် "စကားနားထောင်သားပဲ"
စုရှင်းချန်သည် နှစ်ရက်ဆက်တိုက် နှာချေနေသည်ဖြစ်ရာ ဖျားနာမည်ကိုစိုးရိမ်သောကြောင့် ဆေးသောက်ရန် ပြင်လိုက်ပေသည်။
နောက်ဆုံးရလဒ်အနေနှင့်ကား သူတို့နှစ်ယောက်လုံး မစ်ရှင် မအောင်မြင်ခဲ့ပေ။
စုရှင်းချန်သည် မီးဖိုချောင်ထဲသို့ဝင်သွားကာ ဂျင်းကိုထုတ်၍ ရေနွေးပူထဲတွင်စိမ်ကာ အညိုရောင် သကြားနှစ်ဇွန်းကို ထည့်လိုက်ပေသည်။
ထိုသို့သောက်ပြီးသည့်နောက်တွင် စုရှင်းချန် တစ်ကိုယ်လုံးနွေးသွားကာ ပါးပြင်တစ်ခုလုံးပူစပ်သွားပေသည်။
ထို့ကြောင့် အိပ်ရာ စောစောဝင်ခဲ့ပေသည်။
တစ်ဖက်တွင်ကား ယွီဖန်ရှင်းတစ်ယောက် ကော်ဖီဖျော်ကာ တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်ပြီးလျှင် အိပ်ချင်သောစိတ်ကို အနိုင်ယူရန် အတင်းပင် ကြိုးစားနေပေသည်။
ယွီဖန်ရှင်း အိပ်စက်ရမည်ကို ကြောက်နေပေသည်။ အဘယ်ကြောင့်ဆိုသော် အိပ်မပျော်သောကြောင့်ပင်။
ယွီဖန်ရှင်းမှာ အိပ်မက်တစ်ခုတွင် သူ့အား စက်ဆုပ်စရာသရဲတစ်ကောင် လိုက်လံခြောက်လှန့်ခြင်း ခံနေရပေသည်။ အိပ်မက်ဆိုးများသည်အချိန်အတော်ကြာသည့်တိုင်ပျောက်ကွယ်သွားပြီးနောက်တွင်ကား ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပေသည်။
ယွီဖန်ရှင်းသည် ထိုသို့သောအိပ်မက်ဆိုးများအကြောင်းကို စဥ်းစားလိုက်လျှင် အတော်ပင် ဒေါသထွက်မိသည်မှာ မှန်သော်လည်း ထူးဆန်းသည်ကားလွန်ခဲ့သည့်ရက်ပိုင်းများက အိပ်မက်ဆိုးအတွင်းမှ လန့်နိုးခြင်း မရှိခဲ့သည်ပင်။
သို့သော်လည်း မည်သို့ပင် တွေးစေကာမူ ယွီဖန်ရှင်းတစ်ယောက် ကြောက်မြဲကြောက်နေပေသည်။
စီးကရက်ကိုဖွာပြီး နာရီအတော်ကြာလောက်တွင် ယွီဖန်ရှင်း အိပ်ချင်လာသည့်စိတ်ကို ထိန်းမရတော့သောကြောင့်ပင် သုန်မှုန်နေသည့်မျက်နှာကို ပွတ်သပ်ကာအခန်းအတွင်းသို့ဝင်၍ အိပ်လိုက်ပေသည်။
ညသန်းခေါင်ယံအချိန်...
စုရှင်းချန်သည် စောစောအိပ်သွားပြီးနောက် အိမ်ပိုင်ရှင်၏အခန်းအတွင်းမှ ကျိန်ဆဲသည့်အသံများကို ကြားသောအခါ နိုးလာပေသည်။
"အိပ်မက်ဆိုးတွေ မက်နေပြန်ပြီနဲ့တူတယ်" အိပ်ချင်နေသည့်မျက်လုံးလေးဖြင့် မနည်းပြူးပြဲဖွင့်ကာဆိုဖာပေါ်မှဆင်း၍ မျက်လုံးလေးကိုပွတ်ကာ ရေချိုးကန်ထဲသို့ ဒယီးဒယိုင်ဖြင့် ဝင်သွားပေသည်။ ထို့နောက် သဘက်ကိုရေစွက်ကာ အိမ်ပိုင်ရှင်၏အခန်းအတွင်းသို့ဝင်၍ မျက်လုံးပေါ်နားလေးကိုသဘက်တင်ပေးလိုက်ပေသည်။
အို့ လက်ကို ကိုင်ထားပြန်ပြီ။
"ငါ မကြောက်ဘူးးး ငါ လုံးဝ မကြောက်ဘူးးးး" စုရှင်းချန်သည် အိပ်ရာထောင့်လေးတွင် ထိုင်ကာ တဝါးဝါးဖြင့် သမ်းနေပေသည်။
စုရှင်းချန်သည် အိမ်ပိုင်ရှင်၏လက်လေးကို ကိုင်ကာတဖွဖွချော့သိပ်နေသည့်ပုံစံ လုပ်လိုက်သည်နှင့် မျက်မှောင်ကြုတ်ကာ တင်းတင်းကြီးဖြစ်နေသောမျက်ခုံးတို့သည် ပြေလျော့သွားပြီးလျှင် နာကျင်နေရာမှတဖြေးဖြေးစိတ်တည်ငြိမ်ကျသွားကာအသက်ရှူနှုန်း ပြန်မှန်လာပြီးလျှင် စုရှင်းချန်၏လက်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပေသည်။
စုရှင်းချန်သည် အိမ်ပိုင်ရှင်တစ်ယောက် အဆင်မပြေဖြစ်နေသည်ကိုတွေ့၍ အလွန်ပင် ရှက်သွေးဖြာလာကာ အိမ်ပိုင်ရှင်ကိုင်ထားသော လက်လေးကိုဆွဲထုတ်ရန် ကြိုးစားလိုက်ပေသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်ကား အိမ်ပိုင်ရှင်တစ်ယောက် ဤသို့သော နာကြည်းစရာများ ရှိနေသောကြောင့် ဂိမ်းထဲမှာတောင် အနေစိမ်းသည့်ပုံစံမျိုးဖြင့် နေခြင်းဖြစ်ရပေမည်။
စုရှင်းချန်သည် တဖြေးဖြေးနှင့် ယွီဖန်ရှင်းအနားသို့တိုးကပ်လာကာ နားနားလေးကိုကပ်၍
"ကောင်းသောညပါ ယွီဖိုင်းရန်"
ထိုသို့သော စကားလုံးလေးများသည် ယွီဖန်ရှင်းအပေါ်အကျိုးသက်ရောက်မှုရှိသည်ဟု ဆိုရမည်လား အိပ်နေသည့်တစ်လျှောက်တွင် မည်သည့်နာကျင်ခြင်းဝေဒနာကိုမျှမခံစားရတော့ပဲချက်ချင်းပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပေသည်။
နိုးလာပေပြီ။
ယွီဖန်ရှင်းတစ်ယောက် မျက်နှာကြက်ကိုငေးကြည့်နေကာ တိတ်တိတ်လေး နေ,နေပေသည်။ မနေ့ညကမက်ခဲ့သော အိပ်မက်ဆိုးကို မမှတ်မိတော့သော်လည်း သေချာပေါက်သိသည်ကား ထိုအိပ်မက်ဆိုးများအတွင်းသို့ တိုးဝင်လာသော နွေးထွေးသည့် အိပ်မက်တစ်ခုပင်။
သို့သော်လည်း ယွီဖန်ရှင်း၌ စိတ်သက်သာရာရသည့် ခိုလုံစရာသည်ကား မရှိပေ။ အိပ်မက်တစ်ခုပေါ်တွင်တောင်မှမည်သို့မျှမှီခိုနိုင်ခြင်းမရှိပေ။
ယွီဖန်ရှင်းသည် ထိုသို့တွေးလေတွေးလေစိတ်ညစ်လာသည့်အတွက် အလုပ်ကို စောစောသွားရန် ပြင်ဆင်လိုက်ပေသည်။
စုရှင်းချန်သည် မနက်စောစော မနက်စာလုပ်ရန်အတွက် အိပ်ရာမှ ထလာပေသည်။ ယမန်နေ့ညကတည်းက ပြင်ဆင်ထားသောဂုံးကောင်နှင့် ကြက်သား ရောထားသော ကောက်ညှင်းပေါင်းကိုချက်ပြုတ်မည်ဖြစ်သည်။ ဂုံးကောင်အတွက်ရောစပ်ချက်ပြုတ်ထားသည့်အရာများကားပြောင်းဖူးစေ့၊ မုန်လာဥနီနှင့် အရွက်များရောစပ်ထားခြင်းဖြစ်သည့်အတွက်ကြောင့် အရသာရှိ၍ အရည်ရွှမ်းလှပေသည်။
ပြီးသွားသည့် အစားစားသည်ကား အရသာအတော်ပင် ရှိလှပေသည်။
ယွီဖန်ရှင်းသည် နှစ်ပန်းကန်ကို မနားတမ်းပင် တီးလိုက်ပေသည်။
ပေါင်းစပ်ထားသည့် ဟင်းခတ်များနှင့် ပါဝင်ပစ္စည်းများသည် ပင်လယ်စာလိုမျိုးနှင့်သိုးသားကဲ့သို့သော စျေးကြီးသည့်အသားများကို မချက်ပဲ ရိုးရိုးရှင်းရှင်းကို အရသာရှိရှိချက်တတ်ပေသည်။ ထူးဆန်းသောသူသည် အရမ်းကြီး မချမ်းသာသူဖြစ်ရမည်။
သို့သော်လည်း ဤသို့ မချမ်းသာသောထူးဆန်းသည့်သူသည် သူ့အား အဘယ်ကြောင့် နေ့စဥ်မပျက် အစားအစားကို ပို့နေရပါသနည်း။
စုရှင်းချန်သည် ဦးလေးနျူ၏အိမ်၌ ပရိဘောဂများပြီးသည်ကို သိရသောကြောင့် သွားလည်ကာ
"ကျွန်တော် မနက်ဖြန်ကျရင် စားပွဲတွေနဲ့ကုလားထိုင်တွေကို ရွှေ့လိုက်မယ်လေ။ နောက်တစ်နေ့ကျ အိပ်ရာရွေ့ကြတာပေါ့။ အဲ့တာဆို ဦးလေးလည်း ကျွန်တော်နဲ့အတူတူ တပ်ဆင်လို့ရတယ်"
"အဲ့လိုပဲ ဖြစ်ရမှာပေါ့ကွဲ့" ဦးလေးနျူသည် အခုတလော စုရှင်းချန်ဆိုသည့်ကောင်လေးကို အလွန်ပင် သဘောကျလာသည့်အတွက် "မပြန်သေးနဲ့ဦး လူလေး ဦးလေး နည်းနည်း ချက်ပြုတ်လိုက်ဦးမယ်"
"မလုပ်ပါနဲ့ဦလေး..." စုရှင်းချန်သည် အားနာသောစိတ်ဖြင့် "မနက်ဖြန်လာတော့မှပဲ ကျွန်တော့်အိမ်မှာအတူတူ ညစာ စားကြမယ်လေ"
"လူလေး ပြန်တော့မလို့လား" ဦးလေးနျူသည် မျက်နှာငယ်လေးဖြင့် "အရမ်းကြီး စောင့်စရာမလိုပါဘူးကွဲ့ ခဏနေရင် ရမှာပါ"
"တကယ် မစားတော့ပါဘူး ဦးလေး" စုရှင်းချန်သည် အပြုံးလေးဖြင့် ဦးလေးနျူပြောသည်ကို ငြင်းဆိုလိုက်ပေသည်။ ထို့နောက်တွင် သုံးဘီးဖြင့် အိမ်သို့ပြန်လာခဲ့ပေသည်။
"ဝမ်..." သခင်ပြန်လာသည်ကို မြင်ကြသော ခွေးလေးများသည် ခြံတွင်းသို့ဝင်လာသော သုံးဘီးဆိုင်ကယ်လေးနောက်သို့ အပြေးလိုက်ခဲ့ကြပေသည်။
စုရှင်းချန်သည် ဦးလေးနျူ ပြုလုပ်ပြီးသွားပြီဖြစ်သောဝါးထိုင်ခုံကို သုံးဘီးပေါ်မှ ချလိုက်ပေသည်။
ဝါးပရိဘောဂမျိုးစုံ ရှိပေပြီ။ ဝါးစားပွဲခုံကို ထမင်းစားပွဲအဖြစ် အသုံးပြုမည်ဖြစ်ပြီး ဝါးဗီရိုကိုမျိုးစုံအသုံးပြုနိုင်သည့် ဗီရိုပုံစံမျိုးပြုလုပ်ထားသည့်အတွက် အခြားသောပစ္စည်းများလည်း ထည့်လို့ရပေသေးသည်။
ဦးလေးနျူသည် အသေးစိတ်ကျကာ သေးငယ်သည့် ပရိဘောဂကို လုပ်ခဲ့သည့်တိုင် အနည်းငယ် နစ်နေပေသေးသည်။
စုရှင်းချန်သည် ပရိဘောဂများကို နေရာချပြီးနောက်တွင်ကား အနည်းငယ် ချွေးပြန်လာပေသည်။
စုရှင်းချန်သည် ပုံမှန်အတိုင်း အိမ်ပိုင်ရှင်ထွက်လာမည့်အချိန်ကို အကိုက်ဖြစ်စေရန် အမြန်အဆန်ရေချိုးပြီးလျှင် ထမင်းဟင်းချက်ပြုတ်ရန်ပြင်ရပေသည်။
ယခုတလောတွင် စုရှင်းချန် သတိထားမိသည်မှာအိမ်ပိုင်ရှင်သည် ရုံးတွင် မနက်ကိုးနာရီမှညနေငါးနာရီအထိ ရှိနေတတ်ပေသည်။
အိမ်ပိုင်ရှင်သည် သေချာပေါက်ပင် အိမ်တွင်နေတတ်သည့်အကျင့်မျိုး ရှိသည့််အပြင် သူငယ်ချင်းများနှင့်ပျူပျူငှာငှာနေသည့်ပုံစံကို တစ်ခါမှ မမြင်ဖူးသည်ကား အိမ်ပိုင်ရှင်ဖုန်းမြည်လာသည်နှင့်ကြားရသည်ကား အလုပ်အကြောင်းများပင်။
အိမ်ပိုင်ရှင်သည် သေချာပေါက် အထီးကျန်နေသည့် ခွေးလေးတစ်ကောင်ဖြစ်ပေသည်။
သို့သော်လည်း အိမ်ပိုင်ရှင်သည် အလွန်ပင် ချောမောလှပေသည်။
စုရှင်းချန်လို လူတစ်ယောက်ပင် သူငယ်ချင်းကိုတောင့်တနေသည်ဖြစ်ရာ အိမ်ပိုင်ရှင်လိုအထီးကျန်သည့်သူအဖို့ ကောင်းမွန်သည့် မိန်းကလေးတစ်ယောက်ကို လိုချင်မည်မှာ အမှန်ပင်ဖြစ်သည်။
စုရှင်းချန် ခေါင်းကိုတညိတ်ညိတ်နှင့် သူ့အတွေးကိုသူ ထောက်ခံနေပေသည်။
ထို့နောက်တွင်ကား အိမ်ပိုင်ရှင်၏ ဘာမှမရှိသည့် ဟာလာဟင်းလင်း ရေခဲသေတ္တာကို ဖွင့်လိုက်ပေသည်။ ထုံးစံအတိုင်း ဝိုင်ပုလင်းနှင့်အခြားသော အစာခြောက် အနည်းငယ်သာ ရှိပေသည်။
နေမွန်းတည့်ချိန်တွင် စုရှင်းချန်သည် မနက်ကကျန်သည့် ကောက်ညှင်းထမင်းနှင့်ပဲကို လုံးရောထားသော ကောက်ညှင်းထမင်းလုံး ပုံစံတစ်ခု ပြုလုပ်ပေသည်။
ကောက်ညှင်းထမင်းလုံးကို ပြုလုပ်လျှင် ကောက်ညှင်းထမင်းထဲတွင် ဝက်သားကိုညှပ်ကာ အသားဖက်ထုပ်တစ်ခုပါ ထည့်ပေသည်။
သို့သော်လည်း စုရှင်းချန်တွင် အသားဖက်ထုပ်မရှိသည့်အတွက်ကြောင့် မုန်လာဥနီနှင့်ပြောင်းဖူးစေ့ကိုရောကာ ဝက်သားတုံးကိုကြိတ်၍ ပြောင်းဖူးစေ့နှင့်အတူတူ ရောနယ်ကာ အရသာမှုန့် အနည်းငယ်ထည့်ပြီးလျှင် အလုံးလေးများကိုအလယ်လတ်မျှလုံးကာ ကောက်ညှင်းထမင်းအတွင်းတွင် သိပ်၍ တစ်ဖန် နည်းနည်းကြီးကြီးအလုံးတစ်ခုကို ထပ်လုံးလိုက်ပြန်သည်။ ထိုသို့ အသားလုံးကို ကောက်ညှင်းလုံးထဲ ထည့်လုံးပြီးလျှင် လုပ်ဆောင်ရမည့် အဆင့်များ ပြီးဆုံးပြီ ဖြစ်သည်။
ထို့နောက် ပန်းကန်ပေါ်တွင် သေသေသပ်သပ်လေး တင်လိုက်ပေသည်။ အိုးထဲတွင် ထားကာ အပူပေးချက်ပြုတ်ပြီးသည့်နောက်တွင် ဆိုင်တွင် တွေ့ရလေ့ရှိသော ကောက်ညှင်းအသားလုံးပုံစံနှင့်လုံးဝမတူတော့ပဲ အရသာသည်လည်း ကွဲထွက်နေပေသည်။
စုရှင်းချန် ကိုယ်တိုင်သည်လည်း ထိုဟင်းလျာကိုအတော်ပင် ကြိုက်ပေသည်။
အသေအချာ ချက်ပြုတ်ပြီးသည့်နောက်တွင်ကား သူကိုယ်တိုင် အရင်ဆုံး မြည်းစမ်းကြည့်ပေသည်။ ကောက်ညှင်းထမင်း၏နူးညံ့အိစက်သောအရသာကိုကြိုက်သည့်သူအဖို့ အရသာကို တမြေ့မြေ့ခံစားရင်းနှင့်ပင် အင်းးဆိုသော အသံလေးနှင့်အတူတူမျက်လုံးကိုမှိတ်ကာ အားပါးတရ မျိုချလိုက်ပေသည်။
စုရှင်းချန်သည် ထို့နောက်တွင်ကား ကြက်ဥကို အမြန် ကြော်လိုက်ပြီးနောက် အိမ်ပိုင်ရှင်စားရန်အတွက် ကောက်ညှင်းထမင်းလုံးနှစ်ခုကို ခွဲပေးခဲ့ပေသည်။
စုရှင်းချန်သည် ထမင်းဘူးကို ဖွင့်လိုက်ပြီးနောက် အစားအသောက် ထည့်ပေးရန် ပြင်လိုက်သည့် အချိန်တွင်ကား ပိုက်ဆံထုပ်တစ်ထုပ်ကို တွေ့လိုက်ရပေသည်။
ဒေါ်လာတစ်ရာတောင်လား...
အိမ်ပိုင်ရှင်သည် ချမ်းသာသည် မှန်သော်လည်းပိုက်ဆံပေးခြင်းသည်ကား အဆင်ပြေသည့် လုပ်ရပ်တစ်ခု မဟုတ်ပေ။ ပိုက်ဆံထုပ်ကို ကိုင်ကြည့်လိုက်သည့်အခါတွင် မှတ်စုလေးတစ်ခုကျလာသည်ကို တွေ့ရပေသည်။
မှတ်စုလေးကို ဖွင့်ဖတ်ကြည့်လိုက်သောအခါကြွယ်ဝချမ်းသာပြီး မောက်မာသော သူဌေးလေးသည် အောက်ပါမှတ်စုကို ချောချောမွေ့မွေ့နှင့် အထက်စီးက ရေးထားပေသည်။
မှတ်စုတွင်ကား။ 'ကျေးဇူးပြုပြီးတော့ အစားအစာလေးတွေကို ထပ်ပို့ပေးပါ... ကျေးဇူးတင်ပါတယ်'
စုရှင်းချန် တွေးလိုက်သည်ကား အိမ်ပိုင်ရှင်သည်ဤသို့သော စာတိုလေးများကို ရေး၍ အမြဲတမ်း တစ်ပါးသူအပေါ် အပေးအယူလုပ်ခြင်းကားကျွမ်းကျင်ပုံပေါ်ရမည်။ ပိုက်ဆံပေး၍ ထမင်းပို့ခိုင်းသည်ကား ကျောင်းတွင် ထမင်းချိုင့်ပို့သည့် အန်တီကြီးတစ်ယောက်အား ဆက်ဆံသကဲ့သို့ ဆက်ဆံနေခြင်းပင် ဖြစ်ပေသည်။