တောင်ဘက်ဂိတ်ပေါ်က အထီးကျန်
နတ်ဆိုး (2)__________
"ပိုင်လေး~~~~~~ပိုင်လေးလို့~~~
ပိုင်လေး~~~ပိုင်လေး~~"အစိမ်းဖျော့ရောင် ၀တ်စုံနှင့် ချောမောပြေပြစ်လှသော မျက်နှာသွင်ပြင်တစ်ခု။ခေါင်းတွင် အစိမ်းဖျော့ရောင် အ၀တ်စဖြင့် ချည်ထားပြီး ဖြန့်ချထားသည်။လက်တစ်ဖတ်ကလည်း ထိုလူငယ်ဘေးရှိ ဆံပင်အဖြူရောင်၊အ၀တ်အစားအဖြူရောင်ကို ၀တ်ဆင်ထားသော နောက်ထပ်လူငယ်လေးတစ်ဦးရဲ့ လက်မောင်းကို ပါးအပ်ပြီး လက်မောင်းကိုတွဲခိုလျက် အမည်ကို အသံရှည်ဆွဲခေါ်နေသည်။အဖြူရောင် လူငယ်လေး စကားခွန့်တုန့်ပြန်ပြောမှ အမည်ကို အမေပျောက်၍ အော် ခေါ်နေသည့်ပုံစံဖြင့် တကျော်ကျော် မူနွဲ့ပြီး ခေါ်တာ ရပ်တန့်မည့်ပုံ
"ပိုင်လေး......"
"ပြောပါ...မို့သခင်လေး..."
မို့ရီရှူးက ပိုင်ယွဲ့လက်မောင်းထဲပါးအပ်ထားရာကနေ ခွာလိုက်သည်။ပြီးနောက် နှာခေါင်းပေါ်ကို လက်ဖြင့် ပွတ်သက်ရင်း တစ်ခြားနေရာသို့ မျက်နှာလွှဲ၍သွားသည်။အဓိပ္ပာယ်ကသူ စိတ်ဆိုးနေပါပြီပေါ့။
ပိုင်ယွဲ့ နှုတ်ခမ်းဒေါင့်စွန်းလေးနှစ်ဖတ်ကော့တတ်လို့သွားရသည်။ပိုင်ယွဲ့၏အပြုံးကိုသာ ကျောပေးလျက် စိတ်ဆိုးနေသော သူ မြင်လိုက်ပါက ချက်ခြင်း စိတ်ဆိုးပြေသွားမည်ဖြစ်သည်။
"မင်းကြီး....နောက်ထပ် လူသေနေပြန်ပါပြီ...ဒီတစ်ခေါက်..ပိုဆိုးပါတယ်.."
အစောင့်ရဲမတ်တစ်ဦးရဲ့ စကားကိုကြားတော့ မို့ရီရှူးလှည့်ကြည့်လာသည်။
"ပြော.."
ပိုင်ယွဲ့က ကြားဖြတ်ကာ၀င်မေးတော့ အစောင့်ရဲမတ်က
"ခေါင်းနဲ့လက်နှစ်ဖတ် အဖြတ်ခံထားရပြီးသေတာပါ...အရင်နှစ်ရက်ကလည်း..ပြဇာတ်ရုံက ကောင်လေးတစ်ယောက်...သေသွားပါသေးတယ်...ကျွန်တော်မျိုးထင်တာကတော့...ဟို...ဟို..."
"ဆတ်ပြော...""ပြည်သူတွေကြားမှာပြောနေကြတာကတော့...တောင်ဘက်ဂိတ်က နတ်ဆိုးကြောင့်ပါတဲ့...မင်းကြီးကို ဖြေရှင်းခိုင်းနေပါတယ်..နတ်ဆရာတစ်ချို့ကလည်း မင်းကြီးကိုယ်တိုင်..တောင်ဘက်ဂိတ်သွားပြီး...ဆုတောင်းပွဲလုပ်သင့်တယ်လို့..ပြောနေကြပါတယ်..."
YOU ARE READING
ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)