ခြေတစ်လှမ်းအချမှာ တိမ်ဆိုင်တွေထဲကနေ တဖြည်းဖြည်းပေါ်လွင်လာသော လျှောက်လမ်းလေးကို ရှောင်စန်းဟွေ့ အချိန်ကြာသည်အထိကြည့်နေမိသည်။၀တ်ဆင်ထားသော အနက်ရောင် အ၀တ်တို့က လေထဲတွင်လွှင့်ဝဲလျက်။ခေါင်းပေါ်ကနေ ဆံပင်အရှည်အတိုင်း ဖြန့်ချထားသည့် အရိုးခြောက်ခေါင်းပုံစံ ပုတီးတန်းလေးများက အစီအရီ လှုပ်ခတ်နေသည်။ဆံတုံးပေါ်ရှိ ပန်းအဖူးသဏ္ဍာန်
သွေးနီရောင် ကျောက်ဆံတိုးလေးက အနည်းငယ် ပွင့်ဖူးနေသယောင်။နှာဖူးပေါ်သို့ ဝဲကျနေသော ဆံပင်တိုလေးများက တိုက်ခတ်လာသော လေကြောင့် အပေါ်သို့ ဝဲပျံနေသည်။သန့်ရှင်းသပ်ရပ်နေသော လျှောက်လမ်းလေးရဲ့ဘေးနှစ်ဖတ်တစ်ချပ်တွင် အဖြူရောင်အငွေ့တို့က နေရာယူလျက် လှပစွာ ဝေ့ဝဲပျံသန်းနေသည်။အပြာရောင်မိုးကောင်းကင်နှင့်အနီးဆုံးနေရာတွင် တည်ဆောက်ထားသော အဆောက်အဦးများစွာတို့က ရွှေအဆင်းတို့၀င်းဝါလျက် အပြာရောင်မိုးကောင်ကင်းကြီးကို နောက်ခံထားလို့ သူ့နေရာနှင့်သူ ကျက်သရေရှိစွာ တည်ရှိနေကြသည်။
သူဒီနေရာကို နောက်ထပ်တစ်ခေါက်ရောက်ရှိလာခဲ့သည်။သူနတ်ပြည်ကို အခုတစ်ခါနှင့်မှ 2ခါသာရောက်ရှိခဲ့တာဖြစ်သည်။ပထမဦးဆုံးအကြိမ်တုန်းကလိုမျိုး သူ့၏စိတ်ထဲတွင် တလျှပ်လျှပ်ခုန်ပေါက်ကာ စိတ်လှုပ်ရှားနေမိသည်။
ရှောင်စန်းဟွေ့မှာ ယခင်တုန်းကအတိုင်း ဘေး၊ဘီ၊၀ဲ၊ယာဘက်တွေနှင့် နေရာအနှံ့အပြားကို မျက်စိတို့အကြည့်ပို့မိကာ ယခင်ကလို ခံစားမှုတို့နှင့် လျှောက်လှမ်းလာနေမိသည်။သူ့ရဲ့စတင်မွေးဖွားရာ အရပ်စီကနေ နတ်ပြည်ကို အခေါ်ဆောင်ခံရစဉ်ကလို ခံစားမှုတို့နှင့်ထပ်တူ ယခုသူ့၏စိတ်အတွင်း ခံစားနေမိသည်။ယခင်လို အငွေ့အသက်၊ယခင်ကလို ခံစားချက်တို့နှင့်ဖြစ်သည်။
မတူညီသည်က သူလျှောက်လှမ်းလာနေသော နေရာတစ်လျှောက်၏ ခရီးတစ်၀က်အကျိုးတွင် နတ်များစုဝေးရာ နန်းဆောင်အတွင်းမှာတော့ နတ်များကင်းမဲ့နေပြီး ဧက္ကရာဇ်ရဲ့ ပုလ္လင်ပေါ်တွင်လည်း ကောင်းကင်
ဧက္ကရာဇ် တ့ရှန်းကျွင်းက ရှိမနေခဲ့ချေ။
YOU ARE READING
ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)