အပိုင်း 20 Zaw

35 2 10
                                    

  ကသီးကအောင့်နိုင်လှသော အခြေအနေကို လူနှစ်ယောက်မှာ ကြောင်အန်းအန်းဖြင့်သာ အမှောင်ရိပ်ထဲတွင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျုံ့ကာ ရိုကျိုးသော ဟန်ပန်မျိုးဖြင့် မတ်တပ်ရပ်နေ‌သည့်ဟု မဆိုသာသည့် လူတစ်ယောက်ကို လူထူးဆန်းသဖွယ် ကြည့်နေမိသည်မှာ အချိန်အတော်ကြာသည့်အထိ။

အမှောင်ရိပ်ထဲရှိလူမှာလည်း အခုမှ ပထမဦးဆုံး လူအသွင်ပြောင်းဖူးတာဖြစ်လေရာ လူသားခန္ဓာကိုယ်နှင့် မည်သည့်အရာကို အုပ်၍အုပ်ရမှန်းကိုမသိပါချေ။ဘာလို့ဆို လူသားတွေမှာ တိရစ္ဆာန်တွေလို အမွှေအမျှဉ်များနှင့်မဟုတ်ဘဲ ပြောင်ချောကြီးနဲ့ဖြစ်လေရာ ဟွိုက်ရှန်းရဲ့သတ်တမ်းတစ်လျှောက်လုံး အမွှေးခပ်ပွပွနဲ့သာနေလာခဲ့သည်မို့ ယခုလို ဟာလာဟင်းလင်းကြီးဖြစ်နေတဲ့အတွက် မနေတတ်စွာနှင့် ရှိသော လက်ရှည်ရှည်လေးများဖြင့် အုပ်မိအုပ်ရာ အုပ်ထားမိသည်။

  ဟွိုက်ရှန်းက ကိုယ့်ကို ကိုယ်ငုံ့ကြည့်မိရင်း အတွေးထဲဝင်လာသည်။ယခုသူပြောင်းလဲထားသည့် လူခန္ဓာကိုယ်ဟာ တရိစ္ဆာန်၏ အပေါ်ယံအရေပြားကို ဆွဲချွတ်ထားခြင်းခံရသော ပုံစံမျိုးဖြစ်လို့နေသည်။သခင်ကျ ကြည့်လို့ကောင်းပြီး သူ့ကျမှ ပြောင်ချောကြီးဖြစ်နေရတာလဲ။ဟွိုက်ရှန်းတကယ်ကို မတွေးတတ်တော့ပါချေ။သူ့မှာ လူခန္ဓာနှင့်ဆိုသော်လည်းဘဲ သူ့ကိုသူမြင်နေတာက အရေခွံအစုပ်ခံထားရသော တရိစ္ဆာန်တစ်ကောင်နဲ့ မခြားနားလှပါ။

ပြောင်ချောနေသော ခန္ဓာကိုယ်ကို လက်နှစ်ဖတ်ဖြင့် လုံအောင်ဖုံးဖိထားရသည်။သူမည်မျှပင် လက်ဖြင့် ဖုံးဖိထားနေပါစေ သူ့ရဲ့လက်ရှည်ရှည်လေးနှစ်ဖတ်နှင့် ဘယ်လိုမှ ရှည်မြောမြော ခန္ဓာကိုယ်၏ 5ပုံ1ပုံတောင် ဖုံး၍မရပါချေ။

  ဟွိုက်ရှန်းမှာ လက်နှစ်ဖတ်နှင့် မည်သည့်နေရာကို အဓိကထားပြီး လုံအောင်အုပ်ရမည်မှန်းမတွေးတတ်အောင်ရှိနေချိန် ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလာသည့် ခပ်အိအိ အ၀တ်စားကြောင့် မျက်လုံးကို မော့မကြည့်ဘဲ။

"သခင်....သခင်ဘယ်လို‌များနေလဲတော့ ကျွန်တော်မသိဘူး...လူခန္ဓာကိုယ်နဲ့နေရတာ ပြောင်ချောချောကြီးဖြစ်မနေဘူးလား...မသိရင်...ရေစိုနေတဲ့ ဝါးအတိုင်းဘဲ...."

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now