အပိုင်း 8 Uni

371 20 23
                                    

အပိုင်း8လေးကို ရက်ကြာသွားရတဲ့အကြောင်းအရင်းက နောက်ကြောင်းပြန်တာလေးကို အစအဆုံးတစ်ပိုင်းထဲအပြီးရေးချင်လို့ အခုလိုကြာသွားရတာဖြစ်ပါတယ်နော်။
ကဲဒါဆိုရင် အပိုင်း8လေးကို 2နာရီကြာအောင် ဖတ်ကြပါစို့~~~

ရှောင်၀မ်တိုင်းပြည်ထဲက အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ( 2 )

_______________

    ညီလာခံအတွင်း ရှောင်မင်းကြီး
  ရှောင်ဖုန်းချီရဲ့မျက်နှာမှာ မှုန်ကုတ်လျက်ရှိသည်။လေထုအခြေအနေဟာအလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေမှုက စတင်၍မင်းမူနေသည်။လက်ဝဲအမတ်များ၊အတိုင်ပင်ခံအမတ်များနှင့်တစ်ခြားအသီးသီးသော အမတ်များမှာ ဘယ်အရာကိုစတင်၍ လျှောက်တင်ရမည်မှန်းမသိကြတော့ချေ။

   ကိစ္စအကြီးကြီးမားမားမဟုတ်ပေမဲ့ သူတို့ကိစ္စတစ်ခုကို အလွန်အမင်းစိုးရိမ်နေကြောင်းသိသာလှသည်။လက်ဝဲအမတ်ကြီး
ချန်းကျားဝေက တိတ်ဆိတ်မှုကို စတင်၍ဖြိုခွင်းလိုက်လေ၏။

"လျှောက်တင်ပါတယ်မင်းကြီး....နယ်စပ်ဒေသတွေမှာဓါးပြမှုတွေအရမ်းပြင်းထန်နေပါတယ်...ကျွန်တော်မျိုးအထင်..မင်းသား3ကိုသွားရောက်ပြီးဖြေရှင်းစေချင်ပါတယ်...မင်းသား2ကလည်း အခုထိ မြို့တော်ကိုပြန်မရောက်သေးတာမို့...ဓါးပြကိစ္စဆိုတာဟာလည်း...အချိန်ကြန့်ကြာသွားရင်မကောင်းပါဘူး..မင်းကြီး.."

ရှောင်တိုင်းပြည်မှာမင်းသား3ပါးရှိသည်။
  မင်းသား1က ရှောင်မင်းကြီး၏အစီရင်ခံစာများနှင့် တိုင်းပြည်ရေးရာကိစ္စတော်တော်များများကို ရှောင်မင်းကြီး ရှောင်ဖုန်းချီနှင့် အတူတကွဖြေရှင်းပေးရသည်။မင်းသား2  ကတော့ စစ်ပွဲနှင့်ပတ်သက်သော ကိစ္စများကို တာ၀န်ယူဖြေရှင်းပေးသည်။မင်းသား3ဖြစ်တဲ့ ရှောင်ချီမှာမူ မည်သည့်အရေးကိစ္စများထဲမှ ၀င်မပါဘဲ သီးသန့်နေလေ့ရှိသူဖြစ်သည်။ တစ်ခါတလေကြမှ ရှောင်မင်းကြီးရဲ့ညွှန်ကြားမှုကြောင့် ကိစ္စအနည်းငယ်ကို ဖြေရှင်းဆောင်ရွက်ပေးတတ်၏။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now