အပိုင်း 2 Uni

710 46 1
                                    

နှာဘူးတစ်ယောက်ခန္ဓာကိုယ်နဲ့ရှင်သန်ရခြင်း.....

____________

   ထန်ကျင်းရဲ့မူလပိုင်ရှင်က နှာဘူးတစ်ယောက်ဖြစ်သည်။ထန်ကျင်းအရိုက်ခံရတဲ့အကြောင်းအရင်းအမှန်ကတော့ စူးကျားချီရဲ့ ညီမဖြစ်သူကို ငမ်းမိတာ‌ကနေစတင်ခဲ့တာဖြစ်သည်။ညီမကိုအလွန်ချစ်သော စူးကျားချီမှာ ထိုကိစ္စကိုသိတာနှင့် ချက်ခြင်းလက်ငင်း ထန်ကျင်းကို ချုပ်နှောင်ထားပြီး ထိုးကြိတ်ခဲ့သည်။

    အကြောင်းအရင်းအမှန်ကိုမသိသော အလင်းလုံးလေးမှာ သူနှင့် ကိုက်ညီသော ဝိဉာဉ်က နှာဘူးတစ်ယောက်ဖြစ်နေတယ်ဆိုတာကို နောက်ပိုင်းမှသိခဲ့ရခြင်းဖြစ်သည်။
နှာဘူးဝိဉာဉ်ကို ယူလိုက်မိသော်လည်း ပြဿနာမရှိဘူးဟုထင်ထားခဲ့တယ်။နောက်ပိုင်းတော့ အလင်းလုံးလေးသိလိုက်ရတာက နှာဘူးအတွေးတွေကို အပြင်ဘက်ထုတ်မပြနိုင်အောင် ထိန်းချုပ်ထားနိုင်ခဲ့တယ်။အတွေးတွေကို ထိန်းချုပ်ဖို့ အင်မတန်ခက်ခဲတယ်လေ။

"အာ...တရားစီရင်‌တဲ့နေရာမှာ ဒီလောက်အချောအလှပေါမှတော့ ဘာလို့တန်းစီနေမှာလဲ...အခုချက်ခြင်း ခုံတစ်ခုံပေါ်ထိုင်... မေးထောက်ပြီး ကြည့်ချင်မိပါရဲ့..."

    ထန်ကျင်းက ဘေးဘက်ရှိ ရပ်စောင့်နေကြသော ဒုတိယအတန်းမြောက်ရှိ ပြည်တန်ဆာ အတန်းကို မျက်လုံးအကြည့်က ရောက်ရှိသွားရသည်။လူ့ပြည်က ချော့ပေ့၊လှပေ့များ ဖြစ်ကြသဖြင့် အလွန်တရာ ဆွဲဆောင်မှု အားပျင်းလွန်းလှသည်။ပထမတန်းတွင် ရိုးရိုး သေသူအတန်း၊ဒုတိယအတန်းတွင် ပြည့်တန်ဆာ၀ိဉာဥ်များအတန်း၊တတိယအတန်းတွင် အနည်းငယ်ဆိုးသွမ်း‌သောမိစ္ဆာအတန်းနှင့် စတုတ္ထအတန်းတွင် အစွဲအလမ်းကြီးကာ ထိန်းချုပ်ရန်ခက်ခဲခဲ့ပြီး သန့်စင်ခြင်းခံထားရသော မိစ္ဆာများ အတန်းလိုက်တည်ရှိ‌ နေသည်။
    
    ထန်ကျင်းရဲ့ စိတ်ကို အတတ်နိုင်ဆုံးဖိနှိပ်ထားလိုက်ပြီး  စိတ်ကိုပြန်ထိန်းချုပ်ရင် ဘေးဘက်ရှိ ဝိဉာဉ်အတန်းလိုက်ကြီးကို အကြည့်လွှဲလိုက်ရ‌‌တော့သည်။၎င်းဝိဉာဉ်တွေထဲတွင် သူနှင့် ‌အရောင်တူသော ဝိဉာဉ်များမတွေ့ရချေ။
    
   သန့်စင်ဝိဉာဉ်မှာ အရောင်အမျိုးမျိုးမရှိ။ခွဲခြားထားသည်က အနက်၊အဖြူနှင့်အကြည်ရောင်ဖြစ်သည်။အနက်ရောင် ပြသောဝိဉာဉ်များကို နတ်မင်းများက အညံ့ခံခိုင်းကြပြီး မသုတ်သင်ခင် အစွဲချွတ်ကြသည်။အကယ်၍ နှစ်ခုစလုံးပြုလုပ်၍မရပါက ချက်ခြင်း ကိစ္စတုန်းကြသည်။အနက်ရောင်အဆင့်ရှိ ဝိဉာဉ်များက အငြိုးအတေးအလွန်ကြီးမားတာမို့ အလွယ်တကူခြေရာမခံနိုင်ကြပေ။တစ်ခုတည်းသော နည်းလမ်းကတော့ သူတို့မကောင်းမှုတွေကို လူ့ပြည်မှ တိုင်ချက်ပို့နိုင်ရင် ခြေရာခံနိုင်ကြသည်။အခုနောက်းပိုင် မိစ္ဆာဘုရင်အသစ် ထွတ်ပေါ်လာတာမို့ အလွယ်တကူ မဖမ်းစီးနိုင်ကြတော့ချေ။ဆိုးသွမ်းရင်သာ ထိန်းသိမ်းသင့်သည်များကိုထိန်းသိမ်းနေမည်ဖြစ်သည်။
 
     အဖြူရောင်ရှိ ဝိဉာဉ်အငွေ့အသက်ကို ခံစားမိတာနှင့် တရားစီရင်ရေးနတ်များက တည်နေရာကို အလွယ်တကူခံစားမိကြသည်။သူတို့နဲ့ သင့်တင့်ရာ ဘုံအသီးသီးသို့ ပို့ဆောင်ကြရသည်။အရှားပါးဆုံးက ဖောက်ထွင်းမြင်ရမတတ်ကြည်လင်သော ဝိဉာဉ်များကို သန့်စင်ဝိဉာဉ်များလို့ ခေါ်ဝေါ်သည်။သန့်စင်ဝိဉာဉ်များက နှစ်တရာကျင့်ကြံရုံဖြင့် နတ်အဆင့်သို့တတ်လှမ်းနိုင်သည်။ထို့အတူ အနက်ရောင်ဝိဉာဉ်အဖြစ်လဲ အလွယ် တကူပြောင်းလဲနိုင်၏။
 
       ထန်ကျင်းက မည်သည့်ဘုံမှမသွားချင်တာမို့ သန့်စင်ဝိဉာဉ်ဖြစ်အောင် ဆေးကြောလိုက်သည်။သူ့ရဲ့ အဓိကရည်ရွယ်ချက်က မိစ္ဆာဘုရင်ဖြစ်ဖို့သာ။ကျန်တာတွေကို
ထန်ကျင်းစိတ်မ၀င်စား‌ချေ။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now