နတ်ဘုံ၊လူ့ဘုံ၊မိစ္ဆာဘုံ ထို3ဘုံလုံးဟာ ငြိမ်းချမ်းရေးဆိုသည့် လမ်းစဉ်ကို
မထူထောင်မှီ နတ်ဘုံနှင့်မိစ္ဆာဘုံ ထိုနှစ်ဘုံလုံးဟာ စတင်၍ ငြိမ်းချမ်းရေးမဂ်လာပွဲအဖြစ် နှစ်ဘုံသဘောတူ ချစ်ကြည်ရေးဖွဲ့ခဲ့ကြ၏။၎င်းချစ်ကြည်ရေးမဂ်လာပွဲဟာ အစပိုင်းတွင် မိစ္ဆာဘုရင်ကိုယ်တိုင် လာရောက်ကမ်းလှမ်းတာဖြစ်ပြီး ထိုအချိန်တုန်းက ပြုံးတုန်းတုန်းဖြင့် မဂ်လာပွဲကို လာရောက်ကမ်းလှမ်းခဲ့သည်။တဆတ်တည်းမှာလဲ မိစ္ဆာဘုရင်က အလျှော့ပေးသောအနေဖြင့် မဂ်လာဆောင်ရာတွင် သတိုးသမီးနေရာကို မိစ္ဆာဘုရင်ကိုယ်တိုင် သတိုးသမီး၀တ်စုံဖြင့် မဂ်လာဆောင်မည်လို့ပါ တပါးတည်းပြောကြားခဲ့သည်။အဲ့ဒီအချိန်တုန်းက မိစ္ဆာဘုရင်ရဲ့မျက်နှာအမူအရာကို ပန်းချီးရေးဆွဲတတ်သော ပန်ချီးဆရာတစ်ယောက်ရှိနေခဲ့ပါက သက်သေအဖြစ် ပုံတူပန်းချီရေးဆွဲခိုင်းခဲ့မည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မဂ်လာဆောင်မည့်နေ့တွင် အရင်ရက်က လာတင်တောင်းတုန်းကနှင့်မတူညီစွာ မျက်နှာမှာ အတင်းအကျပ်နှင့်မချစ်သောသူကို လက်ထပ်လိုက်ရလို့ မုန်းတီးရွံ့ရှာနေသော မျက်နှာထားနှင့် သတိုးသမီး၀တ်စုံဖြင့် မိစ္ဆာဘုရင်ကြောင့်ဖြစ်သည်။
ချက်ခြင်းကြီး အမူအယာပြောင်းလဲသွားသော မိစ္ဆာဘုရင်ရဲ့ အကျင့်စရိုက်အကြောင်းမသိသော လူတွေအမြင်တွင်တော့ လူစားထိုးများအလဲခံလိုက်ရသလားဟု အောင်းမေ့မိလိမ့်မည်ဖြစ်ကာ မဂ်ပွဲနေ့မှာလဲ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရသည်။တော်သေးသည်က ထိုင်ရမည့်ခုံကိုဘဲ ပြစ်ကန်တာလေးတစ်ခုဘဲလုပ်လိုက်တာကြောင့် ကြွရောက်လာကြသော နတ်မင်းများနှင့် မိစ္ဆာအကြီးအကဲတို့မှာ နှာဖူးကချွေးစီးတို့ကို ပြိုင်တူသုတ်မိလိုက်ကြသည်။ဘာလို့ဆို နတ်မင်းများနဲ့မိစ္ဆာအကြီးအကဲများဟာ သူတို့၏ သက်ဆိုင်ရာ အရှင်သခင်များဖြစ်ကြသော မိစ္ဆာအရှင်နှင့်ကောင်းကင်ဧက္ကရာဇ်တို့ မတည့်ဘဲ ချစ်ကြည်ရေးမဂ်လာပွဲလုပ်မည့်အချိန်မှာ တစ်စခန်းထပြီး တိုက်ကြပါက သူတို့လည်း အချင်းချင်း တိုက်ခိုက်ကြရမည်ဖြစ်သည်။သူတို့တတွေ အချင်းချင်းမတိုက်ခိုက်ချင်ကြသလို အခုလေးတင်ပထမဆုံးတွေ့ဖူးကြပေမဲ့ သူတို့အချင်းချင်းရင်းနှီးသွားကြသည်။ရင်းနှီးလွယ်ရသည့် အဓိကအကြောင်းအရင်းကို ပြောရပါက 'အတင်းပြောရတာ အားမရသေးလို့'ဟူ၍ ခေါင်းစဉ်တပ်ရမည်ဖြစ်သည်။
YOU ARE READING
ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)