အပိုင်း 3 Uni

522 39 0
                                    

ရန်သူတော်ကိုမမှတ်မိခဲ့ဘူး

____________

 
   "လူ....လူ...လူသေနေတယ်!!.....လူသေနေတယ်!!.."

အထိပ်ထိပ်ပြာပြဖြင့် လူတစ်ယောက်က အမောတကောဖြင့် စားပွဲဝိုင်းရှေ့သို့ရောက်ချလာကာ ပြောသည်။စားပွဲခုံက လေးခုံရှိပြီး လူသုံးယောက်က ခုံတွင်ထိုင်နေကြပြီး ရေနွေးကြမ်းကို အေးအေးလူလူသောက်နေကြသည်။သူတို့3ယောက်အတွက် ဒီဖြစ်စဉ်က ရိုးနေလေပြီဖြစ်လေရာ မည်သို့မျှ မခံစားရဘဲ နောက်ရက်သေရမဲ့လူက သူတို့ မဖြစ်ဖို့ရန်သာ တိတ်တဆိတ်ဆုတောင်းနေကြလိမ့်မည်။

"ထပ်သေပြန်ပြီလား...."

"ဒီနှစ်ထဲ လူသေတာ 20ကျော်နေပြီ...ကြာလာရင်မကောင်းဘူး....."

"ဟုတ်တယ်....အခုထိရှာမတွေ့သေးဘူးလား....မဟုတ်မှလွဲ...'သူ'က သေများသွားတာလား..."

  အမောတကောပြေးလာသူက ခုံအလွတ်တွင်၀င်ထိုင်လိုက်ကာ ရေနွေးကြမ်းကို ငဲ့ရင်းဖြင့် လူကြီးသုံးယောက် ပြောနေသောစကားများကို အာရုံစိုက်နားထောင်နေရင်းဖြင့် ၀င်ပြောမိသည်။

"မင်းကြီးက...ဒီတိုင်းဘဲပြစ်ထားတာလား..."

"မင်းက ဒီမြို့ကို ရောက်လာတာမကြာသေးဘူးထင်တယ်..."

စားပွဲဝိုင်းရဲ့ ညာဘက်ခုံတွင်ထိုင်နေသော မုတ်ဆိတ်ဖြူများဖြင့် အဖိုးကြီးကမေးသည်။အမောတကောပြေးလာသောသူက သတ်လတ်ပိုင်း လူတစ်ယောက်ဖြစ်ကာ မြို့ကို ရောက်လာသည်မှာ မကြာသေးချေ။

"ဟုတ်တယ်...ကျွန်တော် ဒီမြို့ကို လာတာသိပ်မကြာသေးဘူး...ဒါပေမဲ့ 'သူ'ဆိုတာကိုတော့သိတယ်.."

ထိုလူကြီးက ရေနွေးကြမ်းကို ခုံပေါ်သို့ချလိုက်ပြီး သတိပေးမှုကို အစချီပြီပြောသည်။

"ကောင်လေး....မင်းသိထားတာတွေက အပေါ်ယံတွေလောက်ဘဲရှိသေးတာ...တောင်ဘက်ဂိတ်ကို ညပိုင်းသာမဖြတ်ဖို့ဘဲ သတိပေးချင်တယ်....မဟုတ်ရင်..မင်းနောက်ရက်နေရောင်ကို မမြင်ချင်ဘူးဆိုရင်တော့..ငါပြောသမျှကိုမယုံလည်းရတယ်..."

"ဘာဖြစ်လို့လဲ...'သူ'ကိုရှာတွေ့ရင်..ဒီလိုကိစ္စတွေကဖြစ်မလာတော့ဘူး...ဆိုတာမဟုတ်ဘူးလား.."

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now