အပိုင်း 16 Uni

106 5 3
                                    

အတင်းတုတ်ခြင်း အနုပညာ

.........................

  

  "သဘောတူညီချက်ကို ဆတ်ပြောကြတာပေါ့...တ့ ရှန်း ကျွင်း?"

  
  ပန်းအဖူးသဏ္ဍာန်ပြောင်းလဲသွားသည့်အကြောင်းအရင်းက အမှန်ပင်ရိုးရှင်းလှ၏။ရှောင်စန်းဟွေ့၏ စွမ်းအင်အများစုကုန်ခမ်းသွားတာကြောင့်ဖြစ်သည်။လူအသွင်ပုံစံကို ပြန် ပြောင်းလည်းဖို့ရန်အတွက် ထပ်မံပြီး ပေးဆပ်မှုတစ်ခုကို ပြုလုပ်မှသာလျှင် ရပေလိမ့်မည်။

  အကာအရံထဲမှာ ကျရောက်လာမည့် စမ်းသက်ချက်အမျိုးမျိုးကို မည်သို့မည်ပုံ ကျော်‌ဖြတ်လိုက်နိုင်သည်ကိုတော့ ထန်ကျင်းအမှန်တကယ် မသိပါချေ။ယခုလက်ရှိသိသည်က ရှောင်စန်းဟွေ့ကို စိတ်တိုနေခြင်းဖြစ်သည်။

  လက်ထဲတွင် ကျိုးကြေနေပြီဖြစ်သော မှတ်ဉာဏ်သိမ်းဆည်းခြင်း လက်စွပ်၏ အကွဲများကို အမှုန့်ဖြစ်အောင် အတွင်းအားဖြင့် ဖိချေလိုက်ပြီးနောက် လူယုတ်မာအပြုံးမျိုးဆင်းမြန်းလိုက်ကာ တစ်ချက် ရယ်သွမ်းသွေးလိုက်၏။

"သဘောတူညီချက်ကို မပြောခင်... ငါ...မင်းကို..."

ဘုတ်!

   ရှောင်စန်းဟွေ့ကို အားပြင်းသော ခြေကန်ချက်ဖြင့် စောင့်ကန်လိုက်၏။ထန်ကျင်းမှာ ပျက်ယွင်းသွားသော အင်္ကျီအဖြူအောက်ခံ အနီ၀တ်စုံကို ပြန်ပြင်၀တ်လိုက်သည်။

  ထို့နောက် လေပေါ်မြောက်တတ်ကာ ကန်လိုက်စဉ်မှာဘဲ ရင်ဘက်အင်္ကျီအတွင်းမှ စိတ်ကောက်နေသော အကောင်ပေါက်လေးမှာ နှုတ်ခမ်းလေးဆူလျက် အင်္ကျီအပြင်ဘက်ကို လက်ပိုက်လျက်လေး ထွတ်ကြလာရကာ အပေါ်သို့ မြောက်တတ်သွားတာမို့ ထန်ကျင်းက လက်တစ်ဖတ်ဖြင့် ပြန်လည်ဖမ်းယူလိုက်ပြီးနောက် ရင်ဘက်အင်္ကျီအတွင်းသို့ ပြန်လည်ထည့်ထားလိုက်၏။

  ယခုအခြေအနေမှာ ယွင်အမ်ကို အားကိုးလို့ရမယ်ပုံမပေါ်ပေ။၎င်းယွင်အမ်မှာ သူ့ကိုစိတ်ဆိုးနေခြင်းကြောင့်ဖြစ်သည်။အခုထိ လက်ပိုက်ထားပုံက စောနက အကောင်ပေါက်လေး၏ မားမားကို မတွေ့လိုက်ရ၍ ထန်ကျင်းကို စိတ်ကောက်နေပုံပေါ်၏။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now