အပိုင်း 23 Uni

36 5 8
                                    

   အဖြူရောင်လမင်းကြီးရဲ့ မျက်နှာချင်းဆိုင်နေရာတွင် ထိုင်ဖို့ရန် ခုံလေးနှစ်ခုံနှင့် အဖြူရောင်စားပွဲအနိမ့်လေးတစ်လုံးကို ချခင်းထားသည်။ထိုထိုင်ခုံပုလေးကနေကြည့်လျှင် ရှေ့တည့်တည့်တွင် ပြည့်၀စွာထွတ်ပေါ်နေသော လမင်းကို အနီးကပ်မြင်နေရမည်ဖြစ်သည်။‌

ငွေ‌ဖြူရောင်လင်မင်းကြီးရဲ့အလင်းက တလောကလုံးကို ဖြန့်ကျက်ဖြာကျဖို့ မစွမ်းသာသော်လည်း လမင်းနှင့်အနီးကပ်ရှိနေသောနေရာတို့တွင်တော့ နေ့အလင်း၏အရောင်လို့ ဝါကျင့်ကျင့်ဟုတ်မနေဘဲ အဖြူရောင်အလင်းတို့ ထုတ်လွှတ်ပေးလျက်ရှိကာ အေး‌မြမြ ခံစားချက်တို့ကိုပါ တပါတည်း ထုတ်လွှတ်ပေးလျက်ရှိသည်။

နတ်ပြည်တွင် တိတ်ဆိတ်ငြိမ်သက်နေကြ၏။နတ်အရာရှိတွေရဲ့ရာထူး အပြောင်းအလဲတို့ကြောင့်ဖြစ်ပေလိမ့်မည်။

လမင်းရဲ့မျက်နှာခြင်းဆိုင်နေရာတွင် ရှိနေသော နတ်နန်းဆောင်မှာ ကောင်းကင်ဧက္ကရာဇ်ရဲ့ အိပ်ဆောင်ဖြစ်သည်။ကောင်းကင်ဧက္ကရာဇ်ရဲ့ စိတ်ထားက သူ့၏နန်းဆောင်နှင့် မျက်နှာခြင်းဆိုင်တွင် ပြည့်၀န်းစွာထွတ်ပေါ်နေသော လမင်းနှင့်ဆင်တူလှပေသည်။

လမင်း အပြည့်အ၀ရှိနေချိန်နှင့် ပျောက်ကွယ်သွားချိန်ရှိသလိုဘဲ ကောင်းကင်ဧက္ကရာဇ် တ့ရှန်းကျွင်း၏ စိတ်တို့မှာလည်း ပုံဖော်ကြည့်၍ရသည့် အချိန်ရှိသလို ဧက္ကရာဇ်ရဲ့စိတ်အခြေအနေကို ပုံဖော်ကြည့်လို့မရဘဲ ‌ဗလာဖြစ်နေသော အနက်ရောင်တို့နှင့် ဖုံးလွှမ်းနေသည့် လကွယ်သည့် အချိန်နှင့် တူလွန်းလှပေသည်။

ဧက္ကရာဇ်ရဲ့ မူလအရင်းအမြစ်က‌ သန့်စင်ဝိဉာဉ်တစ်ကောင်ဟုတ်မနေခဲ့ချေ။စွမ်းအားတို့ အနှိုင်းမဲ့ကြီးလာရသည့် အကြောင်းအရင်းအမှန်ကို နတ်တိုင်းသိချင်နေကြ၏။ရှေးယခင်က ဧက္ကရာဇ်များမှာ သန့်စင်ဝိဉာဉ်များဖြစ်ကြကာ သူတို့ရဲ့ စွမ်းအားမှာလည်းအတိုင်းအဆမရှိအောင်ကြီးမားလေသည်။
မကြာ၊မကြာဆိုလျှင် မိစ္ဆာဘုရင်များနှင့် တိုက်ပွဲများ နွှဲလာရသည်မှာ အခါခါဖြစ်၏။

အခုနှောင်းပိုင်း မိစ္ဆာဘုရင်ကတော့ ငြိမ်ချက်သားကောင်းနေ၏။ထိုငြိမ်ကျနေတာကိုလည်း နတ်မင်းများမနှစ်သက်ကျပေ။တဆတ်တည်းမှာလဲ စိုးရိမ်မိကြသည်။‌
ဧက္ကရာဇ် ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုလည်းရှိနေသေးသည်။ထိုကိစ္စကြောင့်ဘဲ ဧက္ကရာဇ် နတ်ပြည်မှာမရှိခဲ့တာဖြစ်နိုင်သည်။ဤကိစ္စက မည်မျှထိ အရေးကြီး၍မှန်းတော့မသိ။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now