ရှင်း♡ရှန်းပုံပြင်ပြောဆိုင်....
.................
တောင်ကုန်းအထပ်ထပ်ကြီးရဲ့ ဂျောင်ကျသည့်နေရာတစ်ခုအတွင်းမှ ဂျောက်နက်ကြီး၏ အောက်ခြေရှိ ကြမ်းခင်း၏အနက်ကို မည်သူမှမခန့်မှန်းနိုင်ကြပေ။ထိုဂျောက်အနက်အတွင်းမှာ မည်သည့်အရာတွေ ရှိနေတာကိုလည်း ဘယ်သူမှမသိရှိကြပါ။မိစ္ဆာအငွေ့အသက် အနည်းငယ်နှင့် လူသားအငွေ့အသက်တို့က ထိုဂျောက်နက်အကျယ်ကြီး၏ ဘေးပတ်၀န်းကျင်တွင် သိပ်သည်းစွာပျံ့နှံလျက်ရှိသည်။
နက်မှောင်နေသည့် ဂျောက်နက်အတွင်းမှာ လှုပ်ရှားနေသည့် အရိပ်တစ်ခု ဟိုဟိုဒီဒီပျံသန်းကာ ကူးနေသည်။ထိုအရိပ်က ဂျောက်နက်အတွင်းမှာ နေထိုင်နေတာ သိပ်မကြာသေးပါ။သို့ပေမဲ့ ထိုအရိပ်သည်သာ ဤဂျောက်နက်ကြီးအတွင်းမှ နေထိုင်သူဖြစ်သည်။အငွေ့အသက်ကို သတိမထားမိခဲ့သည့် အကြောင်းအရင်းက ၎င်းအရိပ် စားသုံးခဲ့သည့် မိစ္ဆာများ၊လူများ၊နတ်သူငယ်လေးများ၏ အကြွင်းအကျန်များရဲ့အငွေ့အသက်များကြောင့် ထိုအရိပ်၏ အငွေ့အသက်ကို ဖုန်းလွှမ်းသွားစေတာဖြစ်သည်။
ညဦးပိုင်းတွင် ဂျောက်နက်ကြီးအတွင်းမှ ထွတ်ခွာတတ်ပြီး သန်းခေါင်ယံကျော်လွန်းတာနှင့် ဂျောက်နက်ကြီးအတွင်းပြန်လာတတ်ကာ ဖမ်းခေါ်လာသော မိစ္ဆာ၊လူသား၊နတ်သူငယ်လေးတွေကို ဖမ်းခေါ်ပြီးနောက် စိတ်ကြိုက် ဆော့ကစားတတ်ကာ ဖမ်းခေါ်ခြင်းခံရသော သူတွေကိုတော့ အသိစိတ်ကို ကြိုးကိုင်ကြီး စေခိုင်းတတ်သလို သတ်ဖြတ်စားသောက်တတ်သည်။
ဂျောက်နက်အတွင်းရှိ မဲမှောင်နေသည့် နေရာအတွင်းမှာ လူတစ်ယောက် ဆောင့်ကြောင့်
ထိုင်နေသည်။ညဦးပိုင်း ရောက်နေပြီးဖြစ်သော်လည်း ယခင်ကလို အပြင်ဘက်ကို ထွတ်ပြီး မသွားဘဲရှိနေလေသည်။ကျောက်သား၊ကျောက်မှုန့်များ၊ကျောက်ခဲများ၊ဖုန်မှုန့်များ အရောရော အထွေးထွေးတည်ရှိသော ကြမ်းပြင်ထက်၀ယ် နက်ဆွေးနေသည့် အမဲရောင်၀တ်စုံကို ၀တ်ဆင်ထားသော လူတစ်ယောက် မဟုတ်ဘူး တစ္ဆေတစ်ကောင် စောင့်ကြောင့်ထိုင်နေသည်။
YOU ARE READING
ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)