အပိုင်း 13 Uni

153 7 12
                                    

အိမ်မက်မိစ္ဆာ(သို့မဟုတ်)အိမ်မက်စားသုံးသူ
( 2 )

နောင်တ တရားတို့ပွေ့တပိုက်

_________________

   ထန်ကျင်းရဲ့မြင်ကွင်းဟာ တစ်ဖန်ပြန်လည်ပြီး ရွေ့လျားသွားသည်။မသိလျှင် ‌ထန်ကျင်းက ရေမျက်နှာပြင်ကို ငုံ့ကြည့်နေသကဲ့သို့ဖြစ်နေ၏။ပုံရိပ်ယောင်ထင်ဟပ်နေသော ရေမျက်နှာပြင်ကို ရေပေါက်လေးတစ်ပေါက်ကြောင့် လှိုင်းတွန့်များ ခဏတာတုန်ခါသွားပြီ ပြန်လည်တည်ငြိမ်လာတော့ တစ်ခြားပုံရိပ််အဖြစ်သို့ ပြောင်းနေခဲ့လေပြီ။
 
   ရေမျက်နှာပြင်ရဲ့ တုန်ခါမှုလိုမျိုး
လိုင်းသဏ္ဍာန် အကွေ့အကောက်လေးများဖြင့် ပုံရိပ်မှာ တစ်ဖန်ပြောင်းလဲသွားပြီး ထန်ကျင်းက ရွှေဝါရောင် လိုက်ကာစနှင့်ကာစီးထားသော အခန်းတံခါးပေါက်ရှေ့ကို ရောက်ရှိနေကြောင်းကိုသိလိုက်ရသည်။

  ထန်ကျင်း ရပ်နေခဲ့သော တံခါးပေါက်ကြီးနှင့် မျက်နှာခြင်းစိုင်တွင် ပြတင်းပေါက်အကြီးကြီးတစ်ခုရှိနေသည်။၎င်းပြတင်းပေါက်၏ အရွယ်အစားမှာ အခန်း၏ နံရံကို 3ပုံ2ပုံခန့်နေရာယူထားလျက်ရှိနေကာပြတင်းပေါက်၏ အဝိုင်းသဏ္ဍာန် ဘေးနှစ်ဖတ်အစွန်းတွင်မူ နှင်းဆီပန်းပင် စိုက်ပျိုးထားသည်။၎င်းနှင်းဆီပန်း၏ အရောင်ဟာ ရဲရဲနီလျက် အပွင့်အလွန်ကြီးမားလေသည်။

ဘယ်ဘက်ပန်းအိုးပေါ်က နှင်းဆီနီရဲရဲကြီး စီသို့ ရွှေလို၀င်းနေသည့် အသားအရည်ကို ပိုင်ဆိုင်ထားသည့် မိန်းမငယ်လေးက ပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်လျက် တစ်စုံတရာကို စောင့်ဆိုင်းနေဟန် မျက်လုံးအကြည့်တို့မှာ ပြတင်းပေါက်အပြင်ဘက်ရှိ ဟုန်မြို့ရိုးဂိတ်ပေါက်ကြီးကိုသာ အတန်ကြာစူးစိုက်ကြည့်နေတော့သည်။

အခုမူ ထန်ကျင်းတစ်ခုသတိထားမိလာခဲ့ရသည်။အစထန်ကျင်း ထင်ထားသည့် အိမ်မက်မိစ္ဆာကို မြင်းပေါ်က သူရဲကောင်းမလေးဖြစ်မည်ဟုပင်။အခုတော့ ထန်ကျင်းထင်ထားတာတွေက တတ်တတ်ဆင်အောင်လွဲမှားနေခဲ့ရသည်။ထန်ကျင်းအနေနဲ့ ပုံရိပ်ယောင်ကမ္ဘာထဲကနေ ရုန်းထွတ်ချင်ပါသော်လည်း တစ်ဆတ်ထဲမှာဘဲ အိမ်မက်မိစ္ဆာအကြောင်းကို အဆုံးထိ သိရှိချင်စိတ်က ရှိနေသေးသည်။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now