အပိုင်း 9 Uni

215 8 12
                                    

ဒီအပိုင်း 9လေးကိုပေါ့နော်။
ရှောင်၀မ်တိုင်းပြည်ထဲက အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဆိုတဲ့ အပိုင်းအရှည်ကြီးမှာ ဖြတ်ချထားတဲ့ အပိုင်းအနည်းငယ်ကို ပြန်လည်ပြီး ရေးသားပေးထားတာဖြစ်ပါတယ်။

  မို့ရီရှူးရဲ့ကြူနည်း အနည်းငယ်ကို သာသာအရမ်းရှည်မှာဆိုးတာကြောင့် ဖျတ်ချထားခဲ့ခြင်းဖြစ်ပါတယ်။ဒါဆိုရင် ဖျတ်ချထားတဲ့အပိုင်းတွေနဲ့ semeနှစ်ယောက်အကြောင်းကို ဖျတ်ချထားတဲ့ အပိုင်းတွေနဲ့အတူ အောက်မှာ ထည့်သွင်းရေးသားပေးမှာဖြစ်ပါတယ်။
ဘယ် semeနှစ်ယောက်လဲဆိုရင် မို့ရီရှူးနဲ့ ရှောင်ချီပါ။

_________

ဖျတ်ချထားခဲ့သော အပိုင်းတိုများ( 1 )

_________
 
  မို့ရီရှူးအိမ်တွင် ပိုင်ယွဲ့ နေလာခဲ့တာ တစ်ရက်ပင်ကောင်းကောင်းမပြည့်သေးချေ။ဒီကြားထဲ မို့ရီရှူး၏ အတင်းကပ်တွယ်နေမှုကို ပိုင်ယွဲ့ သည်းခံနေရ၏။မင်းသား2ရဲ့ အမိန့်ကြောင့်သာ ပိုင်ယွဲ့မှာ မို့ရီရှူးအိမ်တွင် နေရတာကြောင့် မို့ရီရှူးကို ကာကွယ်ရမည့်တာ၀န်မှာ ကြီးလေးလွန်းလှသလို နဂိုကမှ သူ့ကိုတွေ့လျှင် အတင်းတွယ်ကပ်နေတတ်သူကြောင့် ပိုင်ယွဲ့အမှန်တကယ် စိတ်ညစ်ရပါသည်။

 
  "ပိုင်လေး......"

"ဟုတ်...သခင်လေး.."

"ပိုင်လေး......."

"ကျွန်တော်မျိုးရှိပါတယ်.."

"ပိုင်လေး .."

"တာ၀န်ထမ်းဆောင်လျက်ပါ..."

"ပိုင်လေး....ပိုင်...ပိုင်...နိုင်နိုင်ချစ်ခဲ့ကြတယ်။ 
ပိုင်ယွဲ့...ရှုးလေးချစ်တဲ့...ပိုင်ယွဲ့...ပိုင်ယွဲ့.."

"........."

     မို့ရီရှူးနှင့် သူ့အကြားအကွာအဝေးကို ခြေလှမ်းသုံးလှမ်းစာ နေရာခြားထားမိသည်။

  မို့ရီရှူးက ၎င်းအချင်းအရာကို သိပ်သဘောမကျလှ သို့ပေမဲ့ မျက်နှာတစ်ချက်မပျက်ဘဲ ပိုင်ယွဲ့ကို ပျားသကာ‌ရည်အလား ချိုမြိန်သော မျက်နှာမျိုးဖြင့် အသံမှာလည်း သကြားအိုးထဲ နှစ်၀င်စီးဆင်းနေသည့်အလား...

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now