ရန်သူတော်အား စူးစမ်းခြင်း....
_______
ထန်ကျင်းတည်းခိုရာ နေရာစီသို့သွားနေ
သည်။လမ်းတစ်လျောက်မှတိတ်ဆိတ်ငြိမ်သက်နေသော်ငြားလည်း အချိန်မှာရောင်နီလာချိန်နီးပြီးဖြစ်လေရာလူသူအနည်းငယ်တို့ လှုပ်ရှားသွားလာနေကြသည်။ရေဘဝဲအကောင်လေးမှာလဲ မျက်လုံးနက်နက်ကလေးများ ဝိုင်းလျက် ထန်ကျင်း၏ ရင်ဘက်အင်္ကျီအတွင်းမှ ထန်ကျင်းကို မော့ကြည့်လျက်လိုက်ပါလာခဲ့သည်။ထန်ကျင်းမှာသွားနေရင်း ကိုယ်ခန္ဓာအတွင်းရှိ စွမ်းအင်များကို လှည့်ပတ် အောင်ပြုလုပ်ပြီး နေရာကျစေလိုက်သည်။ထန်ကျင်းစွမ်းအင်က တိုက်ခိုက်ရေးပိုင်းအထိ မသာလွန်သေးချေ။အကယ်၍ တစုံတရာ
အန္တာရယ်ရှိလာပါက အကောင်ပေါက်လေးကိုသာ အားကိုးနေရမည်ဖြစ်သည်။ထန်ကျင်းအရင်ခန္ဓာကိုယ်ရှိ စွမ်းအင်များထဲမှ သန့်စင်ခြင်းစွမ်းအင်ဘဲပါလာခဲ့သည့်
အတွက် ကိုယ့်ကို ကိုယ်လည်းအပြစ်တင်မိခြင်းပင်။မည်သို့ပင်ဆိုစေ ၎င်းသန့်စင်ခြင်းစွမ်းအင်ဟာလည်း အလွန်တရာအသုံး၀င်လှပေ၏။ယှဉ်ပြိုင်တိုက်ခိုက်လာတဲ့အချိန်တွေဆိုရင်တော့ အသုံးမ၀င်ဘူးဆိုပေမဲ့ပေါ့။"အာ...မေ့နေတာ..မင်းကိုအမည်မပေးရသေးဘူးဘဲ..."
အကောင်ပေါက်လေးမှာ ထိုစကားကြားတာနှင့်နှာခေါင်းရှုံ့သည်။ပြီးနောက် လက်သေးသေးလေးနှစ်ဖတ်ကို ပိုက်လျက် မျက်နှာကိုတစ်ဖတ်လွှဲကာ
"မားမားကပြောတယ်...ပါးပါးပေးတဲ့အမည်က...မကောင်းဘူးတဲ့..."
"........"
ထန်ကျင်းထပ်မံပြီး ဆွံ့အရပြန်ပါ၏။စိတ်ထဲကနေလည်း နတ်အရာရှိကို မေတ္တာပို့နေမိ၏။
စိတ်စွမ်းအင်ရှိသော ပစ္စည်းများမှာ အလွယ်တကူ သင်ကြားပြသနိုင်သလို အလွန်တရာ အမိန့်နာခံတတ်သော်လည်း ပထမဦးဆုံးအသုံးပြုတဲ့သူ၏ စကားများကိုသာ စိတ်စွမ်းအင်ရှိ ပစ္စည်းများက နာခံတတ်တာဖြစ်၏။ပထမဦးဆုံး အသုံးပြုသူက
တစ်ခြားလူထံလွှဲပေးချင်လျှင် ထပ်မံသင်ကြားပြသ ရသည်ဖြစ်လေရာ အခု
ရေဘဝဲအကောင်ပေါက်လေးမှာ ထန်ကျင်းကို ပါးပါးဟုခေါ်နေတာကလည်း
နတ်အရာရှိ၏သင်ကြားပေးလိုက်သည့်အတိုင်းဖြစ်ပေလိမ့်မည်။
YOU ARE READING
ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)