အပိုင်း 22 Uni

89 10 14
                                    

အသစ်တဖန်ပြန်လည်စတင်ခွင့်...
..............

  နတ်မင်းများအားလုံးနီးပါး မိုးကြိုးအပြစ်ဒဏ်စီရင်ရေးနန်းဆောင်အတွင်းမှာ မိုးကြိုးအပြစ်ဒဏ်ကိုယ်စီကို ရှေ့ဆင့်၊နောက်ဆင့် အပြစ်ဒဏ်အသီးသီးခံယူပြီးနောက်တွင် အပြစ်ဒဏ်စီရင်ရေးနန်းဆောင်စီကို တအုပ်လုံးသွားကြရသည်။

ထိုအချိန်တွေမှာ အပြစ်ဒဏ်စီရင်ရေးနန်းဆောင်အတွင်းရှိ အပြစ်ဒဏ် အစီရင်ခံဖို့ရန် စောင့်ဆိုင်းနေကြသော ဝိဉာဉ်၊မကောင်းဆိုးဝါးများက တစ်ခြားဘေးသို့ကပ်ကာ နေရာဖယ်ပေးကြရသည်။နတ်မင်းများအတွက် နေရာဖယ်ပေးပြီးနောက် မိစ္ဆာနှင့်ဝိဉာဉ်များကတစ်ခြားနေရာသို့သွားကာ စောင့်ဆိုင်းနေကြရသည်။

နတ်အရာရှိအဆင့်ရှိသော နတ်မင်းတွေမှာ ရာထူးအလျှော့ခံရပြီး အလယ်အလတ်အဆင့် နတ်မင်းများအဖြစ် တာ၀န်ထမ်းဆောင်ကြသည်။ယခင်က အဆင့်အတန်းအလွန်ရှိလှပါသော နတ်အရာရှိများမှာ အခုတော့ တစ်ခြားနတ်သူငယ်လေးများထက်ပင် အဆင့်နိမ့်လွန်းသွားခဲ့ရသည်။မိုးကြိုးဒဏ်ကိုလည်း ခံယူလိုက်ရပြီဖြစ်လေရာ စွမ်းအင်ရော၊အခွင့်အာဏာတွေပါ အကုန်နေ့ခြင်း၊ညခြင်း တစ်ပါးသူလက်ထဲ ထိုးထည့်ပေးလိုက်ရသကဲ့သို့ဖြစ်လို့နေ၏။

  အနိမ့်ဆုံးအဆင့်ရှိ နတ်သူငယ်လေးများမှာမူ နတ်အဆင့်တတ်လှမ်းဖို့ရန် အခွင့်ရေးကို အပြီးတိုင်ဆုံးရှုံးလိုက်ရကာ ချက်ခြင်းလူ့ပြည်ကို အပို့ခံရတော့သည်။နောင်အခါ ထို နတ်သူငယ်လေးများ လူ့ပြည်က သေလွန်ပြီးသော် နတ်ပြန်ဖြစ်ဖို့ရန် မဖြစ်နိုင်တော့ပေ။

၎င်းနတ်တွေထဲတွင် အထူးခြားဆုံးတစ်ယောက်ကို ပြောပါဆိုလျှင် မိုးကြိုးအပြစ်ဒဏ်စီရင်ရေးနန်းဆောင်ကို ကြီးကြပ်ကွပ်ကဲရသည့် နတ်အရာရှိတစ်ပါး ပါနေခဲ့သည်။ထိုမိုးကြိုးနတ်အရာရှိ ပြုလုပ်‌ခဲ့သော အပြစ်ကိုပြောရပါက အလွန်ကိုရှက်ဖွယ်ကောင်းလွန်းလှသည်။

မိုးကြိုးနတ်အရာရှိ ချိုးပါးဟွမ် ပြုလုပ်ခဲ့သောအပြစ်မှာ ဧက္ကရာဇ်နတ်ပြည်အတွင်းမရှိတဲ့အချိန်အတောအတွင်းမှာ သူ့၏ မိုးကြိုးအပြစ်ဒဏ်စီရင်ရေးနန်းဆောင်မှာ ခြောက်ကပ်ကာ အထီးကျန်တာမို့ ပျင်းလွန်းလှသဖြင့် မိုးကြိုးအနည်းငယ်ကို လူ့ပြည့်၊လူ့ရွာကို အပျင်းပြေ ပြစ်လွှတ်လိုက်ခြင်းဖြစ်သည်။ထိုမိုးကြိုးအနည်းငယ် ပြစ်လွှတ်လိုက်သော လူ့ပြည်မှာ မိုးရာသီမဟုတ်ဘဲနွေရာသီကြီးဖြစ်နေခဲ့သည်။အကယ်လို့ မိုးရာသီကြီးမှာ မိုးကြိုးပြစ်ချလိုက်ရင် မသိသာပေမဲ့ အခုကနွေလည်ခေါင်ကြီးဖြစ်နေသည်မို့ အပြစ်ဒဏ်ပေါ်လွင်နေတာဖြစ်သည်။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now