အပိုင်း 10 Zaw

92 2 12
                                    

တာင်က်ဂိတ်ပေါ်က အထီးကျန်တ်ဆိုး
(ဇာတ်သိမ်းပိုင်း )

______________________

    
      ညနက်လွန်းလှသဖြင့် တိတ်ဆိတ်သော လေထုကပြန်လည်ပြီး အစားထိုးဝင်ရောက်နေ၏။နတ်ဆိုးအဖြစ် ပြောင်းလဲသွားသော ရှောင်တိုင်းပြည်ရဲ့ မင်းသာ3းရဲ့ဇာတ်လမ်းတွင် မည်သူ့လုပ်ရပ်က မှန်ကန်ပါသလဲ။

  ထန်ကျင်း၏ထုံးဖွဲ့ထားသော ဆံပင်အနည်းငယ်ကို စီးနှောင်ထားသည့် ဖဲကြိုးစလေးမှာ ‌ခပ်ပြေပြေလေးဖြစ်နေတာကို တွေ့သဖြင့် ရေဘဝဲအကောင်ပေါက်လေးမှာ ချက်ခြင်း ထန်ကျင်းလက်မှရုန်းထွတ်ပြီး ပြေကျလျက်ရှိနေသော ဆံပင်အနည်းငယ်ကို ပြန်လည်ပြီး စီးနှောင်ပေးသည်။မသေသပ်လှသဖြင့် ဆံစခပ်တိုတိုလေးများက ထန်ကျင်းရဲ့ နှာဖူးပေါ်တွင် ကျဆင်းလို့သွားရသည်။
  
ရေဘဝဲအကောင်ပေါက်လေးရဲ့ မျက်ဝန်းနက်နက်ကလေးများက အလိုမကျမှုကြောင့် တွန့်ချိုးသွားရသည်။ထန်ကျင်းရဲ့ဆံပင်ကို သူကိုယ်တိုင်စီးနှောင်ပေးပြီး မသပ်မရပ်ဖြစ်သွားတာကို စိတ်တိုင်မကျသည့်ပုံစံမျိုးဖြင့် စိုက်ကြည့်ကာ ချက်ခြင်း စိတ်မကောင်းဖြစ်သွားရပြီး ထန်ကျင်း၏ လက်ဖဝါးအောက်သို့ ပြန်လည်ပြီး ခိုဝင်ကာ ဘာအသံမှ မထွတ်ဘဲ ၀င်နေသည်။

"ဒါဆိုရင်သီချင်းစာသားတွေက...မင်းတို့ကိုယ်တိုင်ရေးစပ်ထားတာမဟုတ်ဘူးလား..."

  ရှီလော့ရဲ့ ဆေးတံဖွာမည့်လက်မှာ တခဏတာရပ်တန့်သွားပြီး ထန်ကျင်းကို စိုက်ကြည့်သည်။ရှည်လျားလွန်းလှသော ပုံပြင်တစ်ပုဒ်ကိုပြောပြထားပြီးဖြစ်လေရာ သူမရဲ့တာဝန်ပြီးမြောက်သွားပြီးဟုထင်ထားခဲ့သော်လည်း အထင်နှင့်အမြင်မှာ တတ်တတ်ဆင်အောင် လွဲ၍သွားရ၏။

"မဟုတ်ပါဘူး....သီချင်းမှာ မူရင်းစာသားတွေရှိပါတယ်....အပိုဒ်3ပိုဒ်ခွဲပြီး ရေးစပ်ထားတာလေ.....နောက်5နှစ်ကြာလာတော့...
ရှောင်ချီရဲ့စွမ်းအင်နဲ့ လူသတ်နှုန်းတွေက အလွန်ကိုများပြားလာခဲ့တာဘဲ...လူသတ်နှုန်းနဲ့ အချိန်ကာလကြာမြင့်လာတာနှင့်အမျှ...မူရင်းဇာတ်လမ်းနဲ့သီချင်းစာသားတွေက အလိုလိုနေရင်းပြောင်းလဲလာကြတာ..ဘယ်သူမှသတိမထားမိကြဘူးလေ..."

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now