အပိုင်း 21 Uni

91 6 10
                                    


ကောင်းကင်ဧက္ကရာဇ်ပြန်လာပြီတဲ့!!
.................................................

"ဧက္ကရာဇ်ပြန်လာပြီတဲ့!!.."

  နတ်ပြည်အတွင်းမှာ ထိုစကားသံတစ်သံထဲနှင့်တင် နတ်ပြည်တစ်ပြည်လုံးသိမ့်သိမ့်တုန်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။နတ်များအားလုံးရဲ့ရင်ထဲတွင် ဘလောင်ဆူနေကြကာ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိအောင်ကို ဗြာများသွားသည်။သူတို့အနေနဲ့ အေးချမ်းနေခဲ့သည့် အရင်အချိန်တွေက အခုတော့ချက်ခြင်းလက်ငင်း ခွေးအဖြစ်အကူးပြောင်းသွားခံရသည်နှယ် ခံစားရစေသည်။

ကောင်းကင်ဧက္ကရာဇ်က အမည်တင်အေးချမ်း၊မျက်နှာလေးမြင်ရုံနဲ့တင်အေးချမ်းစေသည့် ခံစားချက်ကိုပေးနိုင်စွမ်းရှိနိုင်သည်။မျက်နှာလေးအေးချမ်းတယ်လို့ အပေါ်ယံဘဲမြင်မိလျှင် မှားသွားမည်ဖြစ်သည်။အတွင်းစိတ်အထိပါ မျက်နှာလိုအေး‌နေလိမ့်မည်။ရိုးရိုးအေးတာမဟုတ်၊အေးစက်ကာ ဘာသက်ညှာမှုမှမရှိ သူ့စကားတစ်ခွန်းသာ တစ်ခွန်းဖြစ်ပြီး။ပြောတဲ့အတိုင်းလုပ်သလို၊လုပ်သမျှတိုင်းလည်း ‌ရေခဲလိုမျိုးအေးစက်ကာ မာကျောလှသည်။ရိုးရိုးရေခဲဆိုလျှင်  အပူငွေ့ပေးလိုက်တာနှင့် ချက်ခြင်းအရည်ပျော်ကျနိုင်ပါသော်လည်းဘဲ ဧက္ကရာဇ်‌အေးစက်ပုံက ရေခဲတုံးနဲ့နှိုင်ယှဥ်ကြည့်ပါသော်ငြား အမြဲတမ်းအရည်မပျော်နိုင်သည့်ရေခဲတုံးဖြစ်နေလိမ့်မည်။

  ကောင်းကင်ဧက္ကရာဇ်ကို ရေခဲတုံးနှင့်နှိုင်းယှဉ်ကာ ပြောနေရခြင်းမှာ မျက်နှာလေးကြည့်ရုံနှင့်အေးချမ်းတာကြောင့် ရေခဲတုံးဟုအမည်တပ်ရခြင်းဖြစ်သည်။တစ်ခြားမာကျောသော ပစ္စည်းများနဲ့နှိုင်းလို့ရပါသော်လည်း ထိုမျက်နှာအေးအေးလေးကတော့ မပါမဖြစ်ပေ။‌ဒါကြောင့်လည်း တစ်ခြားပစ္စည်းများနှင့်နှိုင်းယှဉ်ရမည့်အစား ရေခဲတုံးနှင့် နှိုင်းပြောရတာ အတော်လေး လိုက်ဖတ်လှသည်ဟု ထင်သည်။

‌ဧက္ကရာဇ်နတ်ပြည်ကို ပြန်လာပြီတဲ့ ဆိုသည့်စကားက နတ်ပြည်အနှံ့ပြန့်နှံ့သွားဖို့အတွက်သိပ် မကြာလိုက်ချေ။တစ်ချို့နတ်မင်းများမှာ နတ်အရာရှိအဆင့်ထိ တန်ခိုးကြီးမားသော်လည်း ၎င်းစကားတစ်ခွန်းနှင့်တင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘဲ လုပ်မိ၊လုပ်ရာကိုယ့်၏ နန်းဆောင်ကိုသာ လှည့်ပတ်ပြီး သန့်ရှင်းရေးလုပ်နေသူများရှိသလို တစ်ချို့ဆို နတ်အစည်းအဝေးကျင်းပရာ နေရာစီကို အပြေးအလွှာရောက်ရှိသွားကြကာ အသင့်စောင့်ကြိုနေကြသူများကလည်း တစ်ပုံတပင်။ဧက္ကရာဇ်နတ်ပြည်ကို ပြန်မရောက်တာ အတော်ကြာနေပြီဖြစ်သည်။ထိုရက်တွေအတွင်း နတ်ပြည်က အလွန်တရာမှအေးချမ်းနေခဲ့သည်။တစ်ချို့ကိစ္စလေးတွေရှိပေမယ့်ပေါ့လေ။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now