အပိုင်း 18 Uni

108 9 17
                                    

ရှင်း♡ရှန်းအမည်မှာ ထူးခြားတဲ့အဓိပ္ပာယ်2မျိုးရှိနေတယ်......

__________________

  "ဟွာသူဌေးရဲ့ စေတနာကို ထန်ကျင်းအသိမှတ်ပြုပေးရမှာပေါ့.. ဆတ်ပြောပါ.."

  ကုလားထိုင်ပေါ်ထိုင်ကာ ကျောကိုမှီလျက် လက်တစ်ဖတ်က ခုံလက်ရန်းပေါ်တင်ပြီး ‌ကျန်လက်တစ်ဖတ်က သူ့ကို ကြည့်ရှူ့နေသည့် ဟွာအန်းရှားကို ဆတ်ပြောဟူသည့် လက်ဟန်အနေအထားပြောကာ လက်နှစ်ဖတ်စလုံးကို ဘေးနှစ်ဖတ်ရှိ ခုံ၏ လက်ရန်းပေါ်သို့တင်ကာ အေးဆေးစွာဖြင့် ဟွာအန်းရှား၏ ဆတ်ပြောလာမည့် စကားတို့ကို နားစွင့်နေလိုက်၏။

   ထန်းကျင်း၏ ခပ်ယဲ့ယဲ့မျက်နှာဘေးနှင့်ထန်ကျင်းရှေ့တွင် ပေါင်ပေါ်မေးထောက်လျက် စူးစိုက်ကြည့်နေသော ဟွာအန်းရှားကို ကြည့်လျက် သူ၏ခေါင်းကို တစ်ဖတ်သို့ စောင်းငဲ့ကာ ထန်ကျင်း ခပ်ဖွဖွလေးပြုံးပြကာ နားစွင့်နေဟန် အမူအယာမျိုးဖြင့် ခပ်အေးအေးမျက်၀န်းတို့ထံတွင် အေးချမ်းနေသည့် ခပ်ငြိမ့်ငြိမ့် အငွေ့အသက်ကို ခံစားမိစေသည်။

ဘေးပတ်လည်ရှိ လူတွေထံမှ တီးတိုးသံမကြားရလောက်အောင်အထိ ပုံပြင်ခေါင်းစဉ်ကို စိတ်၀င်စားနေကြဟန် တိတ်ဆိတ်နေသည်။

   ထိုင်ခုံပေါ်တွင် ခြေချိတ်ကာ ထိုင်နေသောထန်ကျင်း၏ မျက်နှာမှာ ရုပ်လေးနှင့်
မလိုက်ဖတ်လှသည့် အနေအေးကာ အေးချမ်းနေသည့် ဟန်အမူအယာမျိုးဖြစ်နေခဲ့သည်။အသက်16နှစ်အရွယ်သာ ရှိနေသေးသည့် ထိုလူရွယ်လေးက အမှန်တကယ်တော့ အသက်သောင်းကျော်နေပြီးဖြစ်သည့် လူအိုကြီးတစ်‌ယောက်သာ။

  ဟွာအန်းရှား၏ မျက်၀န်းများမှာ အလိုမကျသည့်အရိပ်ယောင်များရစ်သိုင်းသွားကာ ထန်ကျင်း၏ ထိုသို့ အမူအယာမျိုးကို သဘောမကျသည့် မျက်နှာဘေးမှာ တစ်ခဏလေးတင် ဟွာအန်းရှား၏ မျက်နှာတွင် ဖြစ်ထွန်းသွားရသည်။သို့‌ပေမဲ့ ထိုမလိုမကျသည့် မျက်၀န်းတွေက ချက်ခြင်းပင် ရွှင်မြူးနေသည့် မျက်နှာဘေးမျိုးပြန်ဖြစ်သွားတာကိုတော့ မည်သူမျှ သတိမထားမိခဲ့ချေ။

"ရှင်း♡ရှန်း ရဲ့အဓိပ္ပာယ်ကို ခွဲခြားပြပါရစေ...ပထမဦးဆုံးအနေနဲ့..'ရှင်း' အမည်က နှလုံးသား ဆိုတာကိုတော့ သိပြီးသားဖြစ်မှာပါ...နောက်ထပ်တစ်လုံးအနေနဲ့ 'ရှန်း' ဆိုတဲ့အမည်က နတ်ဘုရားတစ်ပါး ဒါမဟုတ် နတ်မင်းတစ်ပါးကို ရည်ညွှန်းတာဖြစ်ပါတယ်... အမည်နှစ်လုံးပေါင်းလိုက်ရင်တော့ 'နှလုံးသားထဲက နတ်မင်းတစ်ပါး' လို့ဘဲ အများစု ထင်ကြေးပေးကြတယ်....တကယ်တော့ အမည်က 'နှလုံးသားထဲက နတ်ဘုရားတစ်ပါး' ဆိုပြီး ရည်ညွှန်းတာမဟုတ်ပါဘူး...အမည်နှစ်လုံးက ခွဲခြားပြီး စာတစ်ကြောင်းနဲ့ အဓိပ္ပာယ်တစ်ခုကို ရရှိမှာပါ...အမည်နှစ်လုံးကို ပေါင်းစီးပြီး အဓိပ္ပာယ်ကို တစ်ကြောင်းထဲဖြစ်အောင် အဓိပ္ပာယ် ပြန်လို့လဲရပါသေးတယ်..."

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now