အပိုင်း 12 Uni

100 8 4
                                    

အိမ်မက်စားသုံးသူ (သို့မဟုတ်)အိမ်မက်မိစ္ဆာ
( 1 )

______________

"မင်းလား....ငါ့အကြောင်းလိုက်စုံစမ်းနေတယ်ဆိုတာ..."

  ထန်ကျင်းရဲ့ ညာဘက်လက်က ရှောင်စန်းဟွေ့၏ လက်ကောက်၀တ်ကို ဖြစ်ညှစ်ဆုတ်ကိုင်ထားပြီး ကျန်လက်တစ်ဖတ်တွင် တစ်ကိုယ်လုံးရှိ သန့်စင်ခြင်း စွမ်းအင်များကို လက်ညှိုးထိတ်တွင် တိတ်တဆိတ် စုစည်းထားလိုက်၏။

  ထန်ကျင်းရဲ့ စွမ်းအင်နှင့် အရာမရောက်ဘူးဆိုတာသိသော်ငြား ထန်ကျင်း ရနိုင်သမျှ ခုခံတိုက်ခိုက်မည်။

  တစ်ဦးနှင့် တစ်ဦး မျက်လုံးများဖြင့် စကားပြောနေသကဲ့သို့ အခန်းအတွင်းရှိ လေထုမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။

     အလျှံညီညီတောက်လောင်နေသော ဖယောင်းတိုင်မီးဝါဝါအောက်ကနေ အလင်းရောင်တစ်ချက် လင်းလက်သွား၏။အသွားချွန်မြလွန်းသည့် အပ်တစ်ချောင်းဖြစ်လေရာ ၎င်းအပ်လာ‌ရာလမ်းကြောင်းကတော့
ရှောင်စန်းဟွေ့ စီကိုဖြစ်၏။

   ရှောင်စန်းဟွေ့က အပ်သူ့အပေါ်သို့ ထိုးစိုက်ရန် လက်မအနည်းငယ်အလိုတွင် ပျောက်ကွယ်သွားကာ ထိုးစိုက်လာမည့် အပ်ရဲ့အသွားမှာတော့ ရှောင်စန်းဟွေ့ ယခင်က ရပ်နေခဲ့သော အခန်းနံရံစက္ကူပေါ်သို့ ထိုးစိုက်သွားသည်။ နံရံပေါ်ရှိ စက္ကူအဖြူရောင် များမှာ အပ်စိုက်လိုက်သည်နှင့် တပြိုင်နက် အရည်ပျော်ကျသွားကာ လူတစ်ကိုယ်၀င်စာ အပေါက် တစ်ပေါက်ဖြစ်လို့သွား၏။

  ထန်ကျင်းက ထိုအရာကို အခွင့်ကောင်းယူလျက် အခန်းအတွင်းမှ အမြန်ထွတ်ပြေးလာခဲ့သည်။
 
   အပ်ကို ပြစ်လွှတ်လိုက်သူက ထန်ကျင်းတော့မဟုတ်ပေ။ထန်ကျင်းမှာ ရန်သူတော်ကြီးစီမှ မည်သို့မည်ပုံ တိုက်ခိုက်ပြီး ထွတ်ပြေးနိုင်အောင် ကြံစည်နေခိုက်မှာဘဲ အချိန်ကိုက် မည်သည့်နေရာကနေမှန်းမသိသော အပ်တစ်ချောင်းက ရှောင်စန်းဟွေ့ထံသို့ စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့တာကြောင့် ထွတ်ပြေးဖို့ အခွင့်အရေးကောင်းတစ်ခု ရလာခဲ့ခြင်းဖြစ်၏။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now