တောင်ဘက်ဂိတ်ပေါ်က အထီးကျန်နတ်ဆိုး( 1 )
___________
"သေချာလို့လား....."
"သေချာပေါက်ကို ငါအဲ့လိုကြားလာတာ...တောင်ဘက်ဂိတ်မှာ ရတနာဝှက်ထားလို့...မင်းကြီးက ယုံတမ်းပုံပြင်တွေလုပ်ပြီး...ခြောက်လှန့်ထားတာဆိုဘဲ...."
"ဒါဆိုလဲ...သွားကြတာပေါ့......."
သူခိုး 2ယောက်က တီးတိုးတီးတိုးဖြင့် ပေါက်တူး နှစ်လက်ဖြင့် ရှောင်၀မ်တိုင်းပြည်ရဲ့ တောင်ဘက်ဂိတ်သို့ လမ်းလျှောက်လို့လာခဲ့သည်။ညအချိန်မှာ အလွန်ကို နက်လာတာမို့ တိတ်ဆိတ်မှုများက စတင်၍ ကြီးစိုးလျက်ရှိသည်။တောင်ဘက်ဂိတ်က သစ်တောအုပ်နှင့် နီးသဖြင့် သစ်တောဘက်စီမှ ပုရစ်သံများနှင့် ဖားအော်သံများကို ခပ်ပြပြသာ ကြားနေရသည်။တစ်ခါတရံ ခွေးများရဲ့ ဖြတ်ပြေးမှုများကို မြင်တွေ့ရကာ သူခိုးနှစ်ယောက်ထဲမှ တစ်ယောက်က
"ငါတို့....ငါတို့...ပြန်ရအောင်...ငါခံစားချက်မကောင်းဘူး.."
မျက်နှာကို အ၀တ်စဖြင့် ဖုံးအုပ်ထားသဖြင့် အမူအယာကိုတော့ သိပ်မမြင်ရသော်လည်း မျက်လုံးကိုကြည့်ရုံဖြင့် ကြောက်ရွံ့မှုများကို ခံစားသိရှိနိုင်သည်။ကြောက်နေသော သူကို ကျန်သူခိုးတစ်ယောက်က ကျောကိုပုတ်ပေးရင်းဖြင့်
"ဘာကြောက်စရာရှိလို့လဲ...ငါတို့အခုဘဲ..ဒီနေရာကို ရောက်နေပြီ..မကောင်းဆိုးဝါးရှိတယ်ဆိုရင်...အခုတွေ့နေရပြီပေါ့...ယုံတမ်းစကားတွေကို နားယောင်မနေပါနဲ့...ငါတို့...ဒီထဲက ရတနာသာရရင်...တသတ်လုံးချမ်းသာပြီကွ.."
ထိုလူက ပြောရင်းဖြင့် မျက်လုံးထဲတွင် လောဘအရိပ်ယောင်များပြလာတော့သည်။ကြောက်နေသော သူခိုးမှာ ငွေဆိုသော စကားကို ကြားတာနှင့် ကြောက်စိတ်များပျောက်သွားပြီး ရှေ့ကနေ ပေါက်တူးကြီးထမ်းလျက် အမြန်လျှောက်နေတော့သည်။
သူခိုးနှစ်ယောက်မှာ ခဏတာလမ်းလျှောက်လိုက်ပြီး တောင်ဘက်ဂိတ်အ၀င်၀ကို ရောက်ရှိလို့လာခဲ့ချေပြီ။ပေါက်တူးနှစ်လက်ဖြင့် ဂိတ်ရဲ့ အစွန်းနှစ်ဖတ်စီတွင် နေရာယူလျက် စတင်၍ တူးဖော်နေကြသည်။လူတစ်ရပ် လောက်တူးဖော်ပြီးသည်နှင့် နှစ်ယောက်သား ကျင်းကိုယ်စီကနေ ထွတ်လာကြကာ ညာဘက်တွင် တူးနေသောကျင်းထဲက အထုတ်တစ်ထုတ်တွေ့သဖြင့် ကျင်းပေါ်ကို တတ်ကာ ဘေးဘက်ရှိ သူ့လူကို ခေါ်ပြီး ဖွင့်အကြည့်ခိုက်
YOU ARE READING
ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)