အိမ်မက်မိစ္ဆာ(သို့မဟုတ်)အိမ်မက်စားသုံးသူ
(3)အမှန်တရားကို မျက်ကွယ်ပြုထားသူ
___________ဘေးပတ်လည် အမှောင်ထုများကြီးစိုးနေတဲ့၀န်းကျင်းတစ်ခု သို့တည်းမဟုတ် စိတ်စွမ်းအင်နှင့်ပုံဖော်ထားခဲ့သော စွမ်းအင်စားသုံးရာ နေရာလေးတစ်ခုထဲရှိ လေထုဟာ သိသိသာသာ တိတ်ဆိတ်ငြိမ်သက်လွန်းနေခဲ့၏။အရင်ကဆိုလျှင် ဒီနေရာလေးဟာ အမြဲတမ်း အော်ဟစ်ဆူငြံသံများသာ ကြားနေရတတ်သော်လည်း ယခုမူ တိတ်ဆိတ်ငြိမ်သက်နေခဲ့ချေပြီ။မည့်သည့်အကြောင်းကြောင့်ဆိုလျှင် ၎င်းနေရာကိုချုပ်ကိုင်ထားသော အိမ်မက်မိစ္ဆာကိုယ်တိုင် ပြန်လည်ပြီး ခြောက်ခြားနေခြင်းကြောင့်ဖြစ်၏။
လွီရှောင်နွီသည် သေသွားပြီးနောက် အငြိုးအတေးကြီးမားလွန်းသဖြင့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ချက်ခြင်းအဆင့်တတ်ခဲ့ရခြင်းဖြစ်ကာ သူမက နှလုံးသားကိုအလွန်မုန်းတီးသူဖြစ်လေရာ လူသားတွေရဲ့အကြောက်တရားနှင့် နှလုံးကို စားသုံးပြီး စွမ်းအင်တိုးအောင်ကျင့်ကြံခဲ့သည်။
သူမအနေနှင့် လူသားတွေရဲ့နှလုံးသားကို အလွန်မုန်းတီးရွံရှာသည်။ဒါကြောင့်လည်း သူမလူသတ်လျှင် အကြောက်တရားကို စားသုံးရတာထက် နှလုံးကို လက်နဲ့ဖောက်ထုတ်စားသောက်ရခြင်းကို ခုံမှင်ခဲ့သည်။သူမနှလုံးသားတစ်ခုလုံးဟာ ရစရာမရှိအောင် နာကျင်ဖူးခဲ့ပြီလေ သူမမှာနှလုံးသားမရှိတော့သလို နှလုံးသားရှိနေကြတဲ့ လူသားတွေကို သူမအလွန်မုန်းတီးမိသည်။
"မဟုတ်ဘူး.....လျောင်းမေက သေလူအဖြစ်နဲ့ဘဲ..ပြန်လာနိုင်ခဲ့တာ... သူသေသွားတာကို..သူမကိုယ်တိုင်တောင်မသိခဲ့ဘူး..."
ထန်ကျင်းရဲ့ စကားကြောင့် လွီရှောင်နွီခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားသည်။သူမ
မယုံကြည်နိုင်ပေ။သူမကိုယ်တိုင် လျောင်းမေရဲ့နှလုံးကို သူမလက်နဲ့ ကိုယ်တိုင် ဖောက်ထုတ်စားသောက်ခဲ့သည်လေ။
"မင်း...သူမရဲ့ အသက်ရှူသံနဲ့..နှလုံးခုန်နှုန်းကို..မခံစားမိခဲ့ဘူးမလား.."
YOU ARE READING
ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)