အပိုင်း 4 Uni

423 23 0
                                    

လေလံတင်ပွဲတွင် ရန်သူတော်၏ဂုဏ်သရေများ....(ကောင်းတာတစ်ခုမှရှိ)

______________

  လိ‌မ္မော်အရောင်ဖျော့ဖျော့သန်းနေသည့် လမ်းတစ်လျှောက် အမောတကောဖြင့်ပြေးနေရသည်။ထန်ကျင်းက ခဏတာရပ်တန့်လိုက်ပြီး ဘေးဘက်ကို တစ်ချက်လှည့်ကြည့်လိုက်မိသည်။သူ့ရဲ့ ညာဘက်တွင် ထီးထီးကြီးတည်ရှိနေသော 'ရှင်း♡ရှန်း လေလံရုံ' ဆိုသော ခေါင်းစဉ်ကိုမြင်လိုက်ရသည်။
 
   ရှင်းနဲ့ရှန်းက ညီအစ်ကိုတော့ မဖြစ်တန်ရာ ဘာလို့လဲဆို ရှင်းနဲ့ရှန်းဆိုတဲ့ အမည်နှစ်ခုကြားထဲတွင်♡ သင်္ကေတကိုထားရှိထားခြင်းကြောင့်ဖြစ်သည်။ဒါမှမဟုတ် လင်မယား ၊အဲ့ဒါမှမဟုတ်ရင် ရည်စား လည်းဖြစ်နိုင်‌သည်။

   ထန်ကျင်း လေလံပွဲရှိရာသို့ ၀င်လာခဲ့သည်။
အဆောင်အဦးအတွင်းထဲတွင် လှုပ်ရှားသွားလာနေကြသော တစ္ဆေတစ်အုပ်နှင့် အငြိုးကြီးမားသော မိစ္ဆာတစ်အုပ် ကူးလူးကာ အလုပ်ရှုပ်နေကြသည်။လေထုမှာ အလွန်အမင်း သက်တောင့်သက်သာမရှိဘဲ အနည်းငယ် တစ္ဆေရိုင်းတို့၏ တစ်ဦးနှင့် တစ်ဦး အားပြိုင်မှုများက အတိုင်းသား ခံစားနေမိသည်။
 
   မိစ္ဆာဘုံရဲ့ စည်းမျဉ်းဟာ အင်အားကြီးသူကသာ ဘုရင်ဖြစ်ပြီး ယှဉ်ပြိုင်မှုများက အလွန်အမင်း ပြင်းထန်လွန်းသည်။ဒါကြောင့်လည်း မိစ္ဆာတို့ စိတ်ရိုင်း၀င်လျှင် အဆင့်နိမ့် တစ္ဆေလေးများဟာ ဘေးလွှတ်ရာကို တိမ်းရှောင်ထားရသည်။မဟုတ်ရင် ‌အားအင်ယှဉ်ပြိုင်မှုကြားထဲတွင် သူတို့က မြေစာပင်ဖြစ်သွားလိမ့်မည်။

   "ရပ်!!...."

  ထန်ကျင်း ရဲ့ရှေ့တွင် ပိတ်ရပ်ထားသောလူငယ်တစ်ဦး။ထိုလူငယ်က လက်ကို ဖြန့်လျက် တောင်းခံနေသည်။ခေါင်းတွင် ရင့်မှည့်နေ‌သောဂျုံအသီးများဖြင့် အပင်လေးနှစ်ပင်ကို ဆံထုံးပေါ်ကနေ ထိုးထိုးထောင်ထောင် စိုက်ထားသည်။‌ခေါင်းတစ်ချက် ရမ်းလိုက်တာနှင့် ထိုဂျုံပင်လေး နှစ်ပင်ဟာ ဘယ်၊ညာယိမ်းနွဲ့သွားတတ်သည်။ထိုလူငယ်လေးရဲ့ အ၀တ်အစားများဟာ ဂျုံပင်ရဲ့ အရောင်ဖြစ်ကာ အဝါနှင့် လိမ္မော် ရောစပ်ထားသော အဝါရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။မျက်နှာမှာ စိတ်မရှည်မှုများအတိုင်းသားမြင်နေရကာ ထိုအလုပ်ကို ငြီးငွေ့နေဟန်ပေါ်သည်။
 
   မိစ္ဆာဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းနှစ်ချက်ရှိသည်။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now