အပိုင်း 1 Uni

1.1K 46 0
                                    

 
  သစ်ပင်၊ချုံနွယ်များထူထပ်ပေါများ‌လှသော နေရာတစ်ခုအတွင်းဖြစ်သည်။အလွန်တောနက်သောကြောင့် လ၏ ဖြာကျနေသော အလင်းရောင် မှုန်ပြပြလေးသာ သစ်ပင်များကြားမှ ဟိုတကွက် ဒီတကွက် အလင်းကျလျက်ရှိသည်။အလင်းကျနှုန်း နည်းသဖြင့် မဲမှောင်‌ မနေသည့်တိုင်အောင် အရမ်းလည်း ရှင်းလင်းမနေခဲ့ချေ။

  လူသွားလမ်းတစ်လှမ်းစာ မြေပြင်အနေအထားလေးတွင် အလင်းလုံးလေးတစ်လုံးပျံသန်း‌လျက်ရှိသည်။ဤအလင်းလုံးလေးရဲ့ အရွယ်အစားဟာ မသိလျှင်
ပိုစုန်းကြူ နှင့်ဆင်တူနေကာ အကောင်အထည်လည်းမရှိ။

"တော်သေးလို့...ငါကောင်းကောင်းအကြံစည်ချထားရဲ့နဲ့....နောက်ဆုံးကျမှ သေသွားရတယ်လို့...ပြန်ရလိုက်တာကလဲ ပါးစပ်...လိုချင်တာက ခန္ဓာကိုယ်ဘယ်မှာလဲ ငါ့အတွက် တရားမျှတမှု...တောက်!!"

  အလင်းလုံးလေးက စကားပြောနေသည်။သေသေချာချာကြည့်လိုက်လျှင် ၎င်းအလင်းလုံးလေးမှာ အနက်ရောင် မျဉ်းကွေးပုံစံ ပါးစပ်ကလေးနှင့် မျက်လုံးပုံစံ အစက်ပျောက်လေးနှစ်ခု ရှိနေတာကို တွေ့ရမည်။
 
   ညရဲ့ချမ်းစိမ့်စိမ့်လေက ကျောရိုးတလျောက်အေးစိမ့်စေရန်လုံလောက်သည့် စွမ်းအားရှိသည်။တဖြည်းဖြည်းနဲ့ လမ်းတစ်‌ လျှောက်ရဲ့ အမှောင်ထုထဲတွင် အနီရောင်မျက်လုံးများက အလင်းလုံးလေးကို အရသာရှိသော အစာတစ်ခု အဖြစ် တတ်မတ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
 
    မာန်ဖီနေသော အသံများမှာ ထိန်းမနိုင်သိမ်းမရ ပေါ်ထွတ်လာသော်လည်း အလင်းလုံးလေးက ဂရုမစိုက်ဘဲ ရှေ့ကိုသာဆတ်သွားနေသည်။အရွယ်အစားအားဖြင့် သေးငယ်လွန်းလှတာမို့ တော်တော်နှင့် ရှေ့သို့ မရောက်ဘဲရှိနေလေ၏။

    တချက် တချက် မြို့နှင့် အနည်းငယ် နီးကပ်လာရကာ မည်သည့်နေရာ ကနေမှန်း
မသိသော ခပ်ဆွေးဆွေး သီချင်းစာသားများက လေထဲသို့ ကူးလူးပျံနှံ့နေတာကို တချက် တချက် ကြားနေရသည်။

"~တဖြည်းဖြည်းနဲ့....ထိုလူငယ်လေးတစ်ယောက်ထဲကိုသာ....စိတ်ထဲမှာစွဲလမ်းနေခဲ့တယ်..မေ့ပျောက်ဖို့ ခက်ခဲနေခဲ့ရ...~
 
~~ ~အမှန်တရားတစ်ခုက...သူ့မှာချစ်နေရတဲ့လူတစ်ယောက်ရှိနေခဲ့ပြီ....~~~
 
  ~ငါမင်းကိုချစ်တယ်.....မင်းကတော့..တစ်ခြားတစ်ယောက်ကို ချစ်နေမိလေရဲ့...~~~~

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now