အပိုင်း 19 Uni

99 6 6
                                    

လျှိုပေါင်ပေ့...

.................................

"မားမား..."

ကျောက်သားနံရံအကွယ်ကနေ ထွတ်ပေါ်လာသော လူနှစ်ယောက်ထဲမှ မှင်ညိုရောင်၀တ်စုံကို ၀တ်ဆင်ထားသော လူ၏ နောက်ကျောဘက်စီမှ ထွတ်‌လာသော အသံ။ဒါက ဒါက။ ကျွင်းကျစ်ယောင် အနည်းငယ် ထိန်လန့်သွားကာ တဆတ်တည်းမှာလဲ မဟုတ်ဘူးဟု ကိုယ့်ကို ကိုယ် နှစ်သိမ့်လိုက်မိသည်။မကြာလိုက် ထိုလူငယ်၏ အနောက်ကနေ သူစီပြေးလာသော လင်းလတ်နေသော အကောင်လေး

"မားမား..."

ပါးကိုလာရောက်ပွတ်သပ်တော့မှ ကျွင်းကျစ်ယောင် ကြောင်အန်သွားရာမှသတိ၀င်လို့လာသည်။မျက်၀န်းအိမ်ထဲမှ ဝေ့တတ်လာသော မျက်ရည်စတို့နှင့် ယခင်က မှတ်ဉာဏ်တစ်ချို့ပြန်ပေါ်လာသည်။

လာရောက်ကာ ပါးချင်းပွတ်ကာ ချွဲနေသော အကောင်လေးကို လက်ဖြင့် ဆွဲယူကာ လက်ဖဝါးနှစ်ဖတ်ပေါ် တင်ပြီး အမည်အစ စကားလုံးကို လျှိုဟု ထွတ်သွားမည်အပြု ပြန်လည်ထိန်းချုပ်လိုက်ကာ နောက်ဆုံး အမည်ကိုသာ ခေါ်လိုက်၏။

"ပေါင်ပေ့...."

"မားမား....အီး!!...အရင်တစ်ခါက မားမားကို တွေ့သေးတယ်..မားမားက သားကို ထားခဲ့ပြီထင်နေတာ...ပြီးတော့လေ..မားမားသိလား..ပါးပါးက လူဆိုးကြီး..ပေါင်ပေါင်ကို ကောင်းကောင်း မဆတ်ဆံဘူး.."

အကောင်ပေါက်လေးက ကျွင်းကျစ်ယောင်၏ လက်ထဲတွင် တိုင်တန်းနေတော့သည်။

ကျွင်းကျစ်ယောင်က ‌နောက်ကျောဘက်စီကို လှည့်ကြည့်မိသည်။လက်ထဲရှိ အကောင်ပေါက်လေးနဲ့ သူ့ကို ကြည့်နေသော လျှိုပိုင်ချင်းရဲ့ မျက်နှာမှာ မေးခွန်းများအပြည့်နှင့်။

လျှိုပိုင်ချင်းက ထန်ကျင်းကို မြင်သည့်သကာလ မျက်နှာ ပျက်သွားသည်။ဒါပေမဲ့ သူရဲ့အာရုံက ယောင်ယောင်လက်ထဲက အရုပ်ကလေးကိုသာ ရောက်ရှိသွားသည်။ထိုအရုပ်က ထန်ကျင်းကို သူကိုယ်တိုင် ပေးလိုက်သော တိုက်ခိုက်ရေး ပစ္စည်းတစ်ခု။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now