Exart 4 (final) Uni

57 5 3
                                    


ပူးပြင်းလှသောနေမင်းကို ကျောပေးကာ စိုက်ပျိုးထားသော သစ်ပင်၊ပန်းပင်နှင့်သီနှံပင်တို့ကို ‌ဂရုတစိုက်ပြုစုပျိုးထောင်နေတဲ့ သက်လတ်ပိုင်းလူငယ်တစ်ယောက်၏ နောက်ကျောပြင်က ကြင်နာနွေးထွေးမှုတွေကို အတိုင်းသားခံစားမိလိမ့်မည်ဖြစ်သည်။ပူကျစ်နေသော နေရောင်အောက်တွင် နားထင်စက်စီမှ ချွေးတို့ အစုအပြုံလိုက် ပြိုဆင်းနေခဲ့တာတောင် သုတ်ဖယ်ဖို့အတွက် စိတ်မကူးဘဲ လုပ်စရာရှိသော လုပ်ငန်းကိုသာ တစိုက်မက်မက် လုပ်ကိုင်နေသောသူ။

"ခဏနားအုံးလေ...ကျစ်ယောင်...နေအရမ်းပူနေတာကို.."

"ကောင်းပြီ...ခဏစောင့် ဒါလေးလက်စသက်နေလို့..."

နှဖူးပေါ်ရှိချွေးစတို့ကို အ၀တ်ကြမ်းတစ်ထည်ဖြင့်လာရောက်သုတ်ပေးနေသော လျှိုပိုင်ချင်းက ပြုံးရွှင်လျက် ကျွင်းကျစ်ယောင်၏ နှာဖူးစပ်စီမှချွေးတို့ကို တယုတယသုတ်ဖယ်ပေးနေသည်။

လျှိုပိုင်ချင်းသည် လွန်ခဲ့သော3လခန့်မှပြန်လည်ပြီး သတိရခြင်းဖြစ်ကာ အချိန်အနည်းငယ်အတွင်း ဒဏ်ရာများပြန်လည်ကောင်းမွန်လာခဲ့ပါသော်လည်း အရှင်းမပျောက်သေးချေ။သူ၏ မှတ်ဉာဏ်များကို ကောင်းကင်ဧက္ကရာဇ်ကိုယ်တိုင် ဖျတ်တောက်ထားခဲ့ခြင်းကြောင့် ပြန်လည်သတိရနိုင်ချေဟာလည်း အင်မတန်နည်းလွန်းလှပေသည်။

မှတ်ဉာဏ်ကိစ္စနှင့်ပတ်သက်ပြီး လျှိုပိုင်ချင်းထံမှ စကားစသံကိုမကြားရတဲ့အတွက်လည်း ကျွင်းကျစ်ယောင် ကျေနပ်မိသည်။မဟုတ်ပါက သူဘယ်လိုဖြေရှင်းပြရပါ့မလဲ။အလိမ်ညာတွေနဲ့ပြည့်နက်နေတဲ့ မုသားစကားဆိုရမှာကိုလည်း မနှစ်သက်သူဖြစ်တာကြောင့် အမှန်အတိုင်းထုတ်ပြောချင်ရင်တောင် သူ့မှာပြောဖို့အတွက် မည်သည့်အင်အားမှ မရှိနေခဲ့ချေ။လူသားတွေပြောကြတဲ့'အမှန်တရားက ခါးသက်လွန်းလှတယ်' ဆိုတဲ့စကားက အမှန်ပင်ဖြစ်လေသည်။

အတိတ်က နာကြည်းစရာများကို သူ မပြောပြချင်ပေ။အစပိုင်းလှပခဲ့တဲ့ ဇာတ်လမ်းလေးကို အစပိုင်းလေးအတိုင်းဘဲ ရှိနေစေချင်သည်။လမ်းခရီးတစ်၀က်မှာ ဖြစ်ပျက်ခဲ့တဲ့ နာကျင်စရာအတိတ်၊မှတ်ဉာဏ်တစ်ချို့ကိုတော့ သူတစ်ယောက်ထဲတင် မှတ်မိနေရင်ကို လုံလောက်နေပြီဖြစ်၏။လျှိုပိုင်ချင်းကို မသိစေချင်တော့ပါ။လျှိုပိုင်ချင်းကို သူအခုလိုမျိုးလေးအဖြစ်ဘဲ မြင်စေချင်သည်။အတိတ်ကအကြောင်းတွေကို မှတ်မိသွားမှာ သူကြောက်မိသည်။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now