အပိုင်း 7 Uni

311 18 3
                                    

  တောင်ဘက်ဂိတ်ပေါ်က အထီးကျန်
နတ်ဆိုး ( 3 )

_____

    ဂူတစ်ခုလုံး၀န်းကျင်းရဲ့အမှောင်ယံထဲတွင် အနက်ရောင် အခိုးအငွေ့များက ဝေ့ဝဲပျံသန်းလျက်ရှိသည်။တစ္ဆေမိန်းမပျိုလေးရဲ့ တရှုံ့ရှုံ့ငိုနေသံက ဂူတစ်ခုလုံးထဲတွင် ပဲ့တင်ထပ်နေသည်။အလွန်းအမင်း နာကျင်နေဟန် မပေါ်သော်ငြား အကြောက်တရားစီဆင်းနေသကဲ့သို့ ငိုသံမှာ ၀မ်နည်းခြင်းကင်းမဲ့ပြီး အကြောက်တရားတို့ ပျော်၀င်နေသည့် ငိုသံမျိုး။

"မငိုနဲ့!..."

   ကျောက်ဂူတစ်ခုရဲ့ ဒေါင့်အကွယ်တွင် ကွေးကွေးကလေးနှင့် ခန္ဓာကိုယ်ကို ကျုံ့လျက်ဖြင့် ဒူးပိုက်ကာ ငိုနေသော တစ္ဆေမလေးရဲ့ခန္ဓာကိုယ်လေးက အနည်းငယ်တုန်လှုပ်သွားသည်။
 
ဟွိုက်ရှန်း၏ အမွှေးပွပွလေးပေါ်ရှိ အနီရောင်မျဉ်းကွေးလေးများစီမှ အလင်းရောင်ကြောင့် ကျောက်ဂူအတွင်းသို့ ရှင်းလင်းစွာမြင်နေရခြင်းဖြစ်သည်။

"မင်းက...အကြီးအကဲမဟုတ်ဘူးလား..."

  လူတစ်ထိုင်စာကျောက်တုံးကို ကျောမှီရင်းဖြင့် ထန်ကျင်းက တစ္ဆေမလေးဘက်သို့ လှည့်ပြီး နောက်ထပ်မေးခွန်းထပ်မေးသည်။သီချင်းဆိုနေသော တစ္ဆေမလေးတွေထဲက ခေါင်းဆောင်ကို ဖမ်းခေါ်လာခိုင်းခဲ့ပါသော်လည်း ဟွိုက်ရှန်းခေါ်လာသည်က လက်အောက်ငယ်သားတစ်ဦးဖြစ်နေတာကို ထန်ကျင်းမည်သို့ ပြုလုပ်ရပါ့။လမ်းတစ်လျောက်လုံး မရပ်မနားငိုရင်း ပါလာခဲ့သော တစ္ဆေမလေးကို ဘာမျှမေးမြန်းမရတာက ထန်ကျင်းကို ပိုပြီး ခေါင်းနပန်းကြီးစေသည်။

  ထန်ကျင်းရဲ့စိတ်ကို အတတ်နိုင်ဆုံးလျော့ချလိုက်ပြီး

"ငါကမင်းကို ဘာမှမလုပ်ပါဘူး...မင်းတို့အကြီးအကဲစီခေါ်သွားပေးစေချင်ယုံလေးပါဘဲ ..."

  ထန်ကျင်းရဲ့ စကားကို ကြားတာနှင့် တအီအီငိုနေသော တစ္ဆေမလေးက ခေါင်းထောင်လာသည်။‌၎င်းနောက် စကားသံတိုးတိုးလေးဖြင့်

"တကယ်...တကယ်လားဟင်..."

"တကယ်ပေါ့...မင်းကိုသတ်လိုက်လို့လည်း..ဘာမှအကျိုးမရှိတာကို..ငါသိချင်တာက မင်းတို့တောင်ဘက်ဂိတ်မှာဆိုနေတဲ့ သီချင်းနဲ့ ဇာတ်ကြောင်း."

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now