ဇာတ်သိမ်းပိုင်း Uni

159 6 20
                                    

ချစ်မိဖို့ လက်တစ်ကမ်းအလို....

_______________

"ကောင်းကင်ဧက္ကရာဇ်....တ့ရှန်းကျွင်း....ရှန်းကျွင်း..."

အမည်တစ်ခုထဲကိုသာ အမည်အရင်းကနေ အတိုကောက် အထိ ရေရွတ်ရင်းဖြင့် တစ်ဖန်ပြန်ပြီး အရက်ပုလင်းကို မော့သောက်နေမိ၏။မီးကျည်းခဲနှင့် အတို့ခံရသလို ခံစားချက်က တစ်ကိုယ်လုံးအနှံ့ကို လောင်ကျွမ်းပြာကျသွားတော့ မယောင်ထင်ရသည်။သူအခုရောက်ရှိနေတဲ့နေရာက နတ်ဘုံမှာဟုတ်မနေခဲ့။

ဟွာအန်းရှားအသွင်နှင့် မိစ္ဆာတိုင်းပြည်မှာရှိတဲ့ သူ့၏နေထိုင်ရာ အိမ်တော်ရဲ့ခေါင်းမိုးအဖျားပေါ်မှာ ရောက်ရှိနေတာဖြစ်သည်။သူရဲ့မူလ အသွင်အပြင်က ဘယ်အရာမှန်းကို မမှတ်မိတော့အောင်အထိ စိတ်ရူးဖောက်ခဲ့ဖူးသည်။သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကို မေ့လျှော့မိသည်အထိ သူရူးသွပ်ခဲ့ဖူးသည်။

နတ်ကျင့်စဉ်ရဲ့စွမ်းအင်တို့ အချေမခိုင်သေးချိန် မိစ္ဆာကျင့်စဉ်ကို နှစ်ခါမစဉ်းစားဘဲရွေးချယ်ခဲ့သည်။သူအရမ်းမျှော်လင့်နေခဲ့ရတဲ့ 'အသ်ိအမှတ်ပြုခြင်း'ဆိုတဲ့စကားတစ်ခွန်းကို သူမက်မောခဲ့ဖူးသည်။

ခက်ခဲကြမ်းတမ်းပြီး မတ်စောက်လွန်းလှသော ဒီခရီးကြမ်းကြီးကို သူကြံကြံခိုင်ရင်ဆိုင်ရင်း အဆုံးထိ လျှောက်လှမ်းခဲ့သည်။ခြေ၊လတ်တို့ စုတ်ပျက်သက်ပြီး အရိုးများပေါ်ကာ ဆွေးမြေ့သွားပြီး နောက်ဆုံး ထိုခရီးကြမ်းကို လျှောက်လှမ်းဖို့အတွက် ခြေထောက်တို့မရှိတော့လျှင်တောင် သူ့အားတင်းကာ လျှောက်ခဲ့သည်။တစ်ခါတလေ သူချက်ခြင်းပျောကွယ်သွားချင်တော့သည်အထိ တွေးမိခဲ့ဖူး၏။သူအများကြီး ပေးဆပ်ခဲ့တယ်။အများကြီးပေါ့။

ထိုခရီးလမ်းရှည်ကြီးက ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ခရီးကြမ်းတစ်ခု၊ရှေ့တွင် ပန်းတိုင်ဟူသည့် မမြင်၊မတွေ့နိုင်တဲ့ ခရီးရှည်ကြီးတစ်ခု။သူလျှောက်လှမ်းခဲ့သည်။နောက်ဆုံးမှာတော့...။

သူပေးဆပ်လိုက်ရတဲ့အကုန်လုံးရဲ့အဆုံးမှာ သူပြန်ရလိုက်တာက အပေါ်ယံထက်တောင်ပိုပါးလွှာလွန်းတဲ့ 'တာ၀န်ကျေပါတယ်' ဆိုတဲ့ စကားတစ်ခွန်းတဲ့လား။သူမျှော်မှန်းထားခဲ့သည့် ရလဒ်တစ်ခုက ဒီလိုအဆုံးသတ်သွားခဲ့တာတဲ့လား။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now