အပိုင်း 15 Uni

131 6 4
                                    

အိမ်မက်မိစ္ဆာ(သို့မဟုတ်)အိမ်မက်စားသုံးသူ
(ဇာတ်သိမ်းပိုင်း)

___________________

  "နောက်ကျသွားပြီ....."

  အေးဆေးတည်ငြိမ်လှသည့် အသံတစ်သံက တိတ်ဆိတ်နေသည့် ညီလာခံကျင်းပသည့် အခန်းကျယ်ကြီးအတွင်း ထွတ်ပေါ်လာသည်။မိုးမရွာသည့်တိုင်အောင် စကားပြောလာသူက ထီးတစ်ချောင်းကို မျက်နှာတစ်၀က်ဖုံးအောင် ‌ခပ်ငိုက်ငိုက်ဆောင်းထားလျက် တစ်လှမ်းခြင်း ဖြေးအေးစွာ လှမ်းလာသည်။

  တိုင်လုံးနီနီကြီးတွေဘေးတွင် ရွှေပန်းခပ်နွယ်များနှင့် လှပစွာ ထွန်းညှိထားသော ‌
ဖယောင်းတိုင်များ၏ အလင်းရောင်အောက်တွင် လမ်းလျှောက်လာသောသူရဲ့ နှုတ်ခမ်းတစ်စုံကို ‌ ရှင်းလင်းစွာ မြင်နေရယုံမျှသာ ။

  ကိုင်ဆောင်ထားသော ထီးအဖြူရောင်ရဲ့ ဖြန့်ကားနေသည့် ထီး၏ဘေးအစွန်းများတွင်တော့ လောလောလတ်လတ်မှ သတ်ဖြတ်ထားသည့် ခပ်ညှီညှီ ချွဲပြစ်ပြစ် အဆင်းသဏ္ဍာန်ရှိ သွေးများမှာ မိုးရေပေါက်များအလား ထီးပေါ်ကနေ ကျဆင်းနေသလို ထီးအဖြူရောင်၏ ဘေးအစွန်းတွင်တော့ အနီရောင်လွှမ်းလျက် သွေးများဟာ အောက်ရှိ ပြောင်ချောနေသော ကြမ်းခင်းပြင်ပေါ် တစ်ပေါက်! ပေါက်! ကျဆင်းနေသည်။

အပြာနုရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။၀တ်ဆင်ထားသည့် အ၀တ်အစား၏ အောက်ခြေတွင် လူသွေးများ ကပ်ညှိနေသလို ထိုလူ၏ ညာဘက်လက်တွင်တော့ အနီရောင် ‌ကျောက်ဖြင့် သွင်းလုပ်ထားသော ဓါးတစ်လတ်ဟာလည်း သွေးအနီရောင်ကဲ့သို့ ဖြစ်လို့နေ၏။၎င်းဓါးအသွားဟာ ငွေဖြူရောင်ဖြစ်နေရမည့်အစား သွေးရောင် ချင်းချင်းနီလျက်ရှိသည်။

လွီရှောင်နွီက ထိုင်ရင်းဖြင့် လှမ်းကြည့်မိသည်။သူမက ဓါးအသွားကို မြင်တာနှင့်

"အရှင်..."

  သူမတစ်ခွန်းခေါ်လိုက်ပြီးနောက် သူမပုံလျက်သား ထိုင်နေခဲ့သော ကြမ်းပြင်ကို ငုံ့ကြည့်နေမိသည်။သူမရင်ထဲမှာ ဖြစ်ပျက်သွားသော အခြေအနေအရပ်ရပ်တို့ကို မယုံကြည့်နိုင်ပေ။သူမ အမှန်တရားကို မသိခဲ့တာကြောင့် သူမချစ်ရသူကို ကိုယ် ကိုယ်တိုင်လက်နဲ့ သတ်ပြစ်လိုက်မိချေပြီ။ယခင်က ကျေနပ်နေခဲ့သော စိတ်ကလေးဟာ ချက်ခြင်းဆိုသလို နောင်တ တရားတို့နှင့် အဆုံးသတ်ခဲ့ရသည်။သူမ မှားခဲ့တာလား?ဒါမှမဟုတ် မမှားခဲ့ဘူးလား?။

ကျွန်တော်ခင်များကို လူထင်လို့ဂုတ်ပိုးစီးမိတာပါ (Complete ✓)Where stories live. Discover now