Part(1)

1K 5 0
                                    


အပိုင်း (၁)

"ပိုက်ဆံကို ရေလိုသုံးမယ်။ ပိုက်ဆံသာရှိရင် မိန်းမဆိုတာ ဟင်းရွက်ကန်စွန်း သာသာပဲ"

"ရိုးရာတို့ကတော့ ရိုးရာမပျက်ဘဲဟေ့"

အမျိုးစုံ ဆူညံနေသော ဒီဂျေသီချင်းသံများကြားတွင် မင်းရိုးရာသည် ခေါင်းကို အလိုက်သင့် နွဲ့ယိမ်းရင်း ခြေတော်ရင်းမှာ အခစားဝင်နေကြသည့် မိန်းမလှလေး ကမ်းပေးသမျှ မူးရစ်စရာများကို တစ်ခွက်ပြီးတစ်ခွက် မော့ချနေသည်။

"ဟ ဘာလို့ ရေခဲတွေ ထည့်တာလဲ။ မထည့်နဲ့။ ဝီစကီသောက်တာဟာ သွေးပူချင်လို့ဆိုတာ မှတ်ထား။ နောက်တစ်ခါ ရိုးရာရဲ့ ခွက်ထဲ ဘယ်တော့မှ ရေခဲမထည့်နဲ့...ခွမ်း"

မင်းရိုးရာ ပစ်ထုတ်လိုက်သော အရှိန်ဖြင့် ဖန်ခွက်လေးသည် ကြမ်းပြင်မှာ တစ်စစီ ကြေမွပြန့်ကျဲသွား၏။ သို့သော်လည်း မင်းရိုးရာသည် သူဌေးသား ဖြစ်သည့်အလျောက် ဘယ်ဖန်ခွက်တွေပဲကွဲကွဲ သူ လှည့်ကြည့်လိုက်သည်နှင့် အရာအားလုံးသည် လက်ရာမပျက် ပြန်လည်ခမ်းနားနေစမြဲပင်။

"အာ မောင်ကလည်းကွာ စိတ်ကို လျှော့မှာပေါ့။ မောင်က ရေခဲမထည့်နဲ့ဆို မထည့်ပါဘူး။ အေးဆေးပြောလည်း ရသားပဲကွာ။ ဟဲ့ ကောင်မလေးတွေ ရေခဲတွေကို သိမ်းလိုက်စမ်း"

ဒီလောကမှာတော့ ရုပ်ကလေးလှပြီး ပလီပလာနှင့် မာယာကြွယ်နိုင်သည့် မိန်းမသည် အလိုအလျောက် အာဏာရ၏။ အခုလည်း လာသမျှဘဲတွေကို လျှော်လဲရောထိုင်လုပ်နိုင်သည့် စားဆော်ကြီးသည် ရိုးရာရဲ့ မေးစေ့ကို အသာအယာလှမ်းထိရင်း ချော့မြူနေသည်။

"အလိုက်သိမှ အနှစ်က ရမှာနော်။ ဒီမှာ တွေ့လား။ ပိုက်ဆံဆိုတာ တစ်ပုံကြီး။ မင်းတို့သာ အပိုးကျိုးရင် မင်းရိုးရာဆိုတဲ့ ကျုပ်က အားလုံး ပေးနိုင်တယ်"

"အွန် သိပါတယ်ကွာ။ နောက်ဆို ဒီလို မဖြစ်စေရအောင် ဒို့ သေချာထိန်းပါ့မယ်။ ကဲ သောက်ကြမယ်လေ။ အချိန်တွေက နှမြောစရာကြီး။ အာရုဏ်တောင် တက်တော့မယ်ကွာ။ ပျော်စရာအချိန်လေးတွေကို ဆက်ထိန်းကြမယ်လေနော်။ ကဲ ချီးယားစ်"

"ချီးယားစ်"

ဟန်နီသည် သံသယဖြစ်စရာမလိုသည့် သူမ၏ ညငှက်ခေါင်းဆောင်ဟူ‌သော အရည်အချင်းနှင့်အညီ ရိုးရာကို ပွဲမပျက်အောင် အချိန်တိုအတွင်း ထိန်းခေါ်လိုက်နိုင်သည့်အတွက် သူမ၏ဘေးမှာ ဝန်းရံနေကြသည့် မိမယ်များကိုကြည့်ကာ နှုတ်ခမ်းထောင့်လေး လှုပ်ရုံ ပြုံးပြလိုက်သည်။ ထို့နောက် ခွက်ချင်းတိုက်သံအဆုံးတွင် ရိုးရာ၏ တစ်ညတာသည် တစ်ခစ်ခစ် ရယ်သံများဖြင့် အဆုံးသတ်သွားခဲ့ပြန်လေသည်။

"Bad Liar" (Completed)Where stories live. Discover now