Part (21)

220 3 0
                                    

"Bad Liar"

အပိုင်း (၂၁)

"တောင်းဆုက ဒါကို ဒီလောက်ထိ ငြိမ်ခံနေရသတဲ့လား"

"တောင်းဆု သူ့လို လူယုတ်မာနဲ့ ဖက်ပြီး မဖြစ်ချင်လို့ပေါ့။ ကိုပြည့်စုံအောင်ကို တောင်းဆု တောင်းပန်ပါတယ်"

"ကို့ကို တောင်းပန်စရာ မလိုပါဘူး။ တောင်းဆုအကြောင်းတွေ ကြားရတာ ကျွန်တော် စိတ်မကောင်းဘူး။ အခု ဘာဆက်လုပ်မယ် တွေးထားလဲ"

"မသိသေးပါဘူး။ တောင်းဆု အေးဆေး စဥ်းစားရဦးမယ်"

"ဒါနဲ့ ဒီကလေးကို မွေးမှာလား"

"တောင်းဆုမှာ ကိုယ်ဝန်ရှိနေမှန်းတောင် အခုမှ ကိုပြည့်စုံအောင်နဲ့ တူတူပဲ သိရတာ။ တောင်းဆု ဒါနဲ့ ပတ်သက်ပြီး ဘာကိုမှ မစဥ်းစားရသေးဘူး။ အဟက်။ တောင်းဆုက တော်တော်တုံးတာပဲနော်။ ကိုယ့်မှာ ကိုယ်ဝန်ရှိနေမှန်းကိုတောင် သူများပြောမှ သိတာ"

"ဒါနဲ့ သူက ဒီကိစ္စကို ဘယ်လို သိနေတာလဲ"

"တောင်းဆု ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အူအတက်ပေါက်လို့ဆိုပြီး ဆေးရုံတက်ရတာလေ။ အဲဒီတုန်းက ဆေးရုံကို သူ လိုက်ပို့ခဲ့တာ။ အဲဒီတုန်းက ဖြစ်မှာ‌ပေါ့"

တောင်းဆုက စကားပြောနေရင်းကပင် မကြာခဏဆိုသလို ခြောက်ကပ်ကပ် ရယ်သည်။ အဖြစ်အပျက်တွေအားလုံးကို တွေးကြည့်လိုက်တော့ သူနှင့်ပတ်သက်လျင် တောင်းဆုမှာ တော်တော် ဝဋ်ကြွေးကြီးပုံရ၏။ မသိလျင် ကံကြမ္မာက တမင်များ ဖန်တီးပေးနေသလားဟု ထင်ရလောက်အောင် သူနှင့် တောင်းဆုကြားမှာ တိုက်ဆိုင်မှုတွေလည်း များလှသည်။

"ဒီကလေးကို ဖျက်ချပစ်မယ်ဆိုတာ တကယ် မဟုတ်ဘူးမလား"

တောင်းဆု ဘာမှ ပြန်မဖြေဖြစ်။ တောင်းဆု သူ့ကို မုန်းပေသည့် ဘာမှအပြစ်မရှိသည့် လူသားတစ်ယောက်ကို သတ်ပစ်ဖို့အထိတော့ သတ္တိမရှိ။

"သူက သူ့ကလေးကိုတော့ တော်တော်ချစ်ပုံပဲနော်"

ဒီတစ်ခါလည်း‌ တောင်းဆုက ခြောက်ကပ်ကပ်ပဲ ပြုံးဖြစ်သည်။ လောလောဆယ်မှာတော့ တောင်းဆုမှာ ဝမ်းနည်းစိတ်ပျက်တာနှင့် သူ့ကို မုန်းတီးနာကြည်းတာကလွဲလျင် တခြားခံစားချက် မရှိ။

"Bad Liar" (Completed)Where stories live. Discover now