Part (31)

228 1 0
                                    

"Bad Liar"

အပိုင်း (၃၁)

ရာဇာ ရှုပ်နေသည့်လမ်းးကိုသာ အာရုံ‌ရောက်နေစဥ် ရုတ်တရက် အတင်းအကြပ် စီယာတိုင် အလှည့်ခံလိုက်ရသည့်အတွက် သူ ထိန်းဖို့ ကြိုးစားသော်လည်း မနိုင်တော့ဘဲ ကားသည် ဘယ်ညာခါရမ်းပြီး ဟိုတိုက်ဒီတိုက်နှင့် လည်ထွက်သွား၏။

ဦးတည်ရာမဲ့စာ တရကြမ်း တိုးဝှေ့သွားသည့် ပွင့်ဖြူတို့ ကားလေးသည် လမ်းမှာ သွားနေသည့် ဆိုင်ကယ်နှစ်စီး၊ လူခြောက်ဦးနှင့် ကားတစ်စီးကို ဆင့်တိုက်ပြီး ဝုန်းကနဲ ထိုးရပ်သွားသည်။

"ဆေးရုံပို့ ဆေးရုံပို့"

"အတိုက်ခံရတဲ့သူတွေက တော်တော်လေး အခြေအနေဆိုးသွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေချည်းပဲ"

"နေ့ခင်းကြောင်တောင်ကြီး ကားကို ဘယ်လိုများ‌ မောင်းနေပါလိမ့်။ မူးများနေသလား မသိဘူး"

"ဟုတ်မှာ‌ပေါ့။ ဒီလောက် တစ်ဆင့်ပြီးတစ်ဆင့်တောင် တိုက်သွားတာလေ"

"တိုက်တဲ့ကားဘက်ကလည်း နှစ်ဦးစလုံး ထိခိုက်သွားတယ်ဆို"

"ကောင်မလေးက သေသလား ရှင်သလားတောင် မသိဘူးတဲ့"

ဇွန်ပွင့်ဖြူတို့၏ ကားတိုက်မှုသည် ရုတ်ချည်းဆိုသလို တစ်စျေးလုံး ဆူညံပွက်လော ရိုက်သွား၏။ လုံခြံရေးတွေ၊ ရဲတွေ၊ မော်တော်ပီကယ်တွေဆိုသည်မှာလည်း စျေးရှေ့လမ်းမတစ်လျှောက် ပျာပန်းခတ် စည်ကားသွားတော့သည်။ လူနာတင်ကား၏ တစ်ဝူးဝူး မြည်သံများသည်လည်း ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံချောက်ချားသွားစေ၏။

"မမလေး မမလေးရော၊ မမလေးရေ မမလေး"

တစ်ယောက်တစ်ပေါက် ပြောဆိုနေသံတွေကြောင့် စျေးထဲမှာ မျှစ်ချဉ် ရွေးဝယ်နေသည့် မိုးမိုးက အထုပ်ကိုဆွဲပြီး စျေးပေါက်ဝဆီ အပြေးရောက်လာသည်။

"ကား ကား မိုးမိုးတို့ကား ဘုရားရေ ဘုရား"

‌စျေးဝင်ပေါက်နှင့် မလှမ်းမကမ်းရှိ လမ်းဘေးတစ်နေရာတွင် ထိုးရပ်ထားခဲ့သော မိုးမိုးတို့ ကားလေးသည် ပွတ်တိုက်ရာများနှင့် ဘေးတိုက်ပင် ရွေ့နေလေပြီ။

"Bad Liar" (Completed)Where stories live. Discover now