Part (32)

566 5 0
                                    

"Bad Liar"

အပိုင်း (၃၂)

ဇာတ်သိမ်းပိုင်း

"ဒယ်ဒီ့ မာမီ့ကိုခေါ်ပြီး ပြန်နှင့်ပါ။ သား သူ့ကို နောက်ဆုံးအကြိမ်အဖြစ် ပြန်ကြည့်ချင်သေးတယ်"

"သား"

"သားကို စိတ်ချပါ"

ကားဆီကို အားလုံး ရောက်လာကြပြီးမှ ရင်ခွဲရုံဆီ နောက်တစ်ကြိမ် ထပ်သွားဖို့ တောင်းဆိုလာသည့် သားကြောင့် ဦးမြတ်ရာသော်မှာ ခေါင်းကိုသာ မပေါ့မပါး ညိတ်ပြလိုက်ရသည်။

"သား စိတ်ကို တရားနဲ့ဖြေနော်"

ကားရှေ့ခန်းဆီမှာ နောက်ကလေးကို မှီနွဲ့ကာ ခြေကုန်လက်ပန်း ကျနေပုံရသည့် မာမီက ရိုးရာကိုတော့ စိတ်ပူဖို့ သတိရသေး၏။

ကားကို ပြင်ပလူဌာနရဲ့ရှေ့မှာ ရပ်ထားခဲ့တာမို့ ဆေးရုံထဲသို့ လူတွေ ဝင်ထွက်နေကြသည်ကို ရုတ်ရုတ်သည်းသည်း မြင်နေရ၏။

"ဟော ဟိုမှာ မောင်မင်းရိုးရာတို့"

ရိုးရာကို မြင်သွားသည့် ရဲအရာရှိတစ်ယောက်က လက်တစ်ဖက်ကိုပြကာ ရိုးရာတို့ဆီ လျှောက်လာ၏။

"မောင်မင်းရိုးရာတို့ရော လူနာ လာမေးတာလား"

ရိုးရာက စိတ်ပင်ပန်းပြီး ဘယ်သူနှင့်မှ စကားပြောချင်စိတ် မရှိသော်လည်း ရို‌သေသမူဖြင့် ခေါင်းညိတ်ပြ၏။

"အခုလို ကိစ္စမျိုးတွေ ဖြစ်ပျက်သွားတာကိုသိတော့ ကျွန်တော်တို့လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ခင်ဗျားရဲ့ အမျိုးသမီးနဲ့ ယောက္ခထီးကိုတော့ အထဲမှာ တွေ့ခဲ့တယ်။ ခင်ဗျားအမျိုးသမီးက သိပ်ကံကောင်းတာနော်ဗျ။ ရည်ရွယ်ချက်ရှိရှိ တိုက်ခဲ့တာကိုတောင် သီသီလေး လွတ်လာတာ"

ရဲအရာရှိစကားကြောင့် မင်းရိုးရာ အတွေးတွေ ဇဝေဇဝါ ဖြစ်သွားရ၏။

"မိန်း မိန်းကို တွေ့ခဲ့တယ် ဟုတ်လား"

"ဟုတ်တယ်လေ။ ဦးမြတ်မင်းပါ ပါတယ်။ ကိုမင်းရိုးရာတော့ ဒီအမှုနဲ့ပတ်သက်ပြီး အင်တာဗျူးတွေ ဖြေရဦးမယ် ထင်တယ်ဗျ။ ဒါနဲ့ ဒီအမှုအပေါ် ကိုမင်းရိုးရာ ဘယ်လိုအရေးယူဖို့ တွေးထားလဲ"

"Bad Liar" (Completed)Where stories live. Discover now