Part (28)

256 2 0
                                    

"Bad Liar"

အပိုင်း (၂၈)

"မာမီတို့ ချွေးမလေးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ကတယ်ပဲလား သား"

"ဟုတ်တယ် မာမီ"

"ဟို မိန်းကလေးကို ကိုယ်ချင်းမစာလို့ ပြောတာမျိုး မဟုတ်ပေမဲ့ သား သူ့ကို လက်ထပ်တာ ကိုယ်ဝန်ကြောင့်များ"

"တော်တော့ မာမီ။ သားရှေ့မှာပဲဖြစ်ဖြစ် ကွယ်ရာမှာပဲဖြစ်ဖြစ် ဒီလိုစကားမျိုးကို နောက် ဘယ်တော့မှ ထပ်မဟမိပါစေနဲ့။ တောင်းဆုပြည့်ကို လက်ထပ်နိုင်ဖို့ဟာ သားဘဝမှာ အချိန်အကြာဆုံး ပြင်ဆင်မှုလို့တောင် ပြောလို့ရတယ်။ သားအကြောင်းလည်း မာမီ သိပါတယ်။ နောက်ဆို သားမိန်းမကို စိတ်ကသိကအောက် ဖြစ်စေမယ့် စကားမျိုး လုံးဝ မပြောပါနဲ့"

ရိုးရာက ထိုသို့ပြောပြီးသည်နှင့် တောင်းဆု ရှိနေသည့် ခြံထဲသို့ ဆင်းခဲ့သည်။

"သားရယ် ဒါလေး မေးရုံနဲ့များ အဲသလောက်တောင် ဒေါသကြီးရသလားကွယ်။ မာမီတို့က သား အမှန်တကယ်‌ ပျော်ရွှင်နေတာကိုပဲ လိုချင်လို့ မေးမိတာပါကွယ်"

ဒေါ်ဝေနှင်းဖြူကတော့ အမြဲ ဒီလိုပဲ ဖြစ်သည်။ သားဖြစ်သူက သူ့ကိစ္စကို ဝင်မစွက်ဖက်ဖို့ အကြိမ်ကြိမ် သတိပေးထားသော်လည်း မိခင်ဖြစ်နေသူအဖို့တော့ စိတ်ပူပြီး ပြောမိ၊ တွေးမိတာတွေ ရှိ၏။ ထိုသို့ ပြောမိတိုင်းလည်း အနာတရ ဖြစ်ကျန်ရသူမှာ သူမသာပင်။

"ဝေ့ကိုက မနေနိုင် မထိုင်နိုင် ဖြစ်နေတာကွာ။ သားက သူ့ကိစ္စကို သူ စီမံနိုင်ပါတယ်လို့ ပြောပြီးသား မဟုတ်လား။ ဘာလဲ ဝေက သားကို မယုံတာလား"

"မယုံတာတော့ ဘယ်ဟုတ်ပါ့မလဲ ကိုရယ်။ ဝေက သား ကောင်မလေးကို အားနာပြီး လက်ထပ်တာမျိုးဖြစ်မှာ စိုးတာပါ"

"အေး အဲဒါပဲ ဝေရေ။ မင်းက သားကို ချစ်တာပဲ သိတာ။ အေး ချစ်လွန်းလို့လည်း မင်းက သားနဲ့ပတ်သက်ရင် ဘာမှ မမြင်နိုင်အောင် ဖြစ်နေတာ။ သားကဖြင့် ဟိုကောင်မလေးကို တမ်းတမ်းစွဲ ဖြစ်နေတာ ဆေးရုံကိစ္စကတည်းကလေ။ အဲဒီနောက်ပိုင်း သူ ရုံးတွေဘာတွေမှာတောင် အလုပ် လာလုပ်တဲ့အထိ မွှန်နေတာကို ဝေက ဘာတွေကို တွေးပူနေတာလဲ"

"Bad Liar" (Completed)Where stories live. Discover now