Part (10)

267 2 0
                                    

"Bad Liar"

အပိုင်း(၁၀)

"သမီးက ဆေးရုံကနေတောင် ဆင်းသွားပြီတဲ့လား"

"အူအတက်ပေါက်တာပဲကို ဒက်ဒီရယ်။ မိုင်နာ အော်ပရေးရှင်းသာသာလေးလောက်ပဲဟာ။ ခွဲပြီး နှစ်ရက်လောက်နေတော့ ပေးဆင်းလိုက်တာပေါ့"

"မာမီတို့က တောင်းဆုကို ဆေးရုံမှာ သွားကြည့်မယ်ဆိုပြီး တစ်လမ်းလုံး ပြောလာခဲ့ကြတာ။ အခု‌တော့ သွားမကြည့်ရတော့ဘူး‌ပေါ့"

"ဒါပေမဲ့ သား သူ့ကို အဆောင်မှာ နားခိုင်းထားတုန်းပဲနော် ဒယ်ဒီ။ သား ဆိုလိုတာက သူ အလုပ်ကို လာနိုင်ဦးမှာ မဟုတ်ဘူး အဲဒါ"

"ဟ သားက ဒယ်ဒီ့တာဝန်တွေတောင် ယူတတ်နေပြီပေါ့ကွ ဟုတ်လား သား"

"ဘာ ဘာကိုလဲ ဒယ်ဒီရ"

"ကိုယ့်လက်အောက်က ဝန်ထမ်းတွေရဲ့ လူမှုရေး၊ ကျန်းမာရေးနဲ့ လုပ်ငန်းခွင်ကိစ္စတွေကို ညှိနှိုင်းစီမံ‌ပေးရတာဟာ အထက်လူကြီးရဲ့ တာဝန်တွေထဲက တစ်ခုပဲ သားရဲ့။ အခုပဲ သားက ဒါကို လုပ်လိုက်တာလေ"

"တော်ပါ ဒယ်ဒီရာ။ သားကို ဇွတ်မြှောက်မနေပါနဲ့။ သားက ဒယ်ဒီ့ကိစ္စကို ဝင်စွက်ဖက်ထားလို့ အသိပေးတဲ့အနေနဲ့ ပြောပြရုံပါ။ သား ဒီလို လုပ်လိုက်တဲ့အထဲမှာ အာဏာတွေ၊ တာဝန်တွေ ဘာတစ်ခုမှ မပါဘူး။ ဒီအတိုင်း သားစိတ်ထဲမှာ ဖြစ်ချင်တာကို လုပ်လိုက်ရုံပဲ"

"ဒါဆို သားက ဘာဖြစ်ချင်တာလဲ။ ကောင်မ‌လေးကို နားစေချင်တာလား"

"အဟွတ်..."

ဒယ်ဒီ့စကားကြောင့် ရိုးရာမှာ နဂိုကပင် စိတ်က မလုံမလဲ ဖြစ်နေရသည့်အထဲ အထိတ်တလန့်ဖြစ်ကာ စားနေသည့် ထမင်းပင် သီးသွားရသည်။

"သားကို မစပါနဲ့ ကိုရယ်။ ရရဲ့လား သား ။ ဒီမှာ တစ်ရှူး။ နှုတ်ခမ်းတွေကို သုတ်လိုက်ဦး"

မာမီက ရိးရာကို တစ်ရှူး ကမ်းပေးရင်းက ဒယ်ဒီ့ကို ဆူသည်။ အိမ်အကူ ကောင်မလေးတွေက ကျွန်တော့်ရှေ့က ရေခွက်ကို ရေဖြည့်ပေးဖို့ အပြေးရောက်လာကြ၏။ ရေခွက်ထဲမှာ ‌ရေရှိမှန်းသိမှ ပြန်ထသွားကြသည်။

"ဒါနဲ့ Hospitalization fees က ဘယ်လောက် ကျသွားလဲ သား"

"နှစ်ဆယ်စွန်းစွန်းပဲ မာမီ။ အတိအကျ‌တော့ သားလည်း မှတ်မထားမိဘူး"

"Bad Liar" (Completed)Where stories live. Discover now