Part (4)

269 4 0
                                    

အပိုင်း(၄)

"ပုံမှန်ဆို အန်ကယ်ကိုယ်တိုင် သွားတာပါပဲ။ အခုက အန်ကယ်ကလည်း ဒီမှာ လုပ်လက်စ ပရောဂျက်တွေ တန်းလန်းနဲ့ဆိုတော့လေ။ နောက်ပြီး နယ်ဘက်ဆိုပေမဲ့ မြို့ပေါ်စက်ရုံတွေပဲဆိုတော့ သမီးအတွက်လည်း သိပ်ပြီးအခက်အခဲရှိမယ် မထင်လို့ပါ။ သွယ်ယမင်းကျတော့လည်း သူ့မှာက သားတွေသမီးတွေနဲ့ဆိုတော့ ခိုင်းရမှာ အားနာလို့ပါ"

"ရပါတယ် အန်ကယ်။ တောင်းဆု တကယ်အဆင်ပြေတာပါ။ နောက်ပြီး အန်ကယ့်အနေနဲ့လည်း အခုလောက်ထိ ရှင်းပြနေဖို့ မလိုဘူးလို့‌ ‌တောင်းဆု ထင်ပါတယ်။ အန်ကယ်ဟာ တောင်းဆုတို့ရဲ့ ဘော့စ်တစ်ယောက် ဖြစ်တာမို့ အန်ကယ် အခုလောက်ထိ ရှင်းပြမနေလည်း တောင်းဆုကတော့ သွားမှာပါပဲ"

"သမီးရဲ့စိတ်ကို အန်ကယ် သိပါတယ်။ အန်ကယ်ကတော့ အန်ကယ့်ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပျော်ရွှင်စေချင်တာမို့ သူတို့ ကတယ်အဆင်ပြေမှ၊ ဆန္ဒရှိမှပဲ လုပ်စေချင်တယ်လေ"

"ကျေးဇူးအများကြီး တင်ပါတယ် အန်ကယ်။ ဝန်ထမ်းတွေအပေါ် အခုလောက်ထိ နွေးထွေးမှုပေးနိုင်တာကိုလည်း တကယ်ကို လေးစားမိပါတယ်။ အန်ကယ့်လို သူဌေးမျိုးရဲ့လက်အောက်မှာ အလုပ် လုပ်ရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်"

"ကျေးဇူးပါပဲ သမီးရယ်။ သမီးဘက်က သဘောတူပြီဆို လိုအပ်တဲ့လုပ်ငန်းကိစ္စ အသေးစိတ်ကို အန်ကယ် သမီးရဲ့ အီးမေးလ်ထဲကို ပို့လိုက်ပါ့မယ်။ တစ်ခုခုဆို သမီး အန်ကယ့်ကို အချိန်မ‌ရွေး ဖုန်းဆက်မေးမြန်းလို့ ရပါတယ်။ သမီးက မနက်ဖြန်တော့ ရုံးကို မလာပါနဲ့တော့။ ခရီးထွက်ဖို့အတွက် ပြင်ဆင်စရာရှိတာ ပြင်ပါ။ အဆင်ပြေချောမွေ့တဲ့ ခရီးလေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ် သမီး။ ဟိုမှာ တစ်ခုခု အဆင်မပြေရင်လည်း အန်ကယ့်ကို ဆက်သွယ်လို့ ရပါတယ်"

"ဟုတ်ကဲ့ပါ အန်ကယ်"

တောင်းဆုသည် သူဌေးဖြစ်သူကို အရိုအသေပေးပြီးနောက် မိမိ၏အခန်းဆီသို့ တက်ကြွသော ခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးကို တောင်းဆု စိတ်လိုလက်ရကို သွားချင်နေ၏။ သူမကို ရွေးချယ်စေလွှတ်ခြင်းအတွက်လည်း တောင်းဆုသည် သူဌေးဖြစ်သူကို ကျေးဇူးတင်မိသည်။ ဒီခရီးသည် တောင်းဆုအတွက် မှတ်ဉာဏ်တစ်ချို့ကို ပြောင်းလဲပေးနိုင်လိုက်မည်ဟုလည်း မျှော်လင့်နေမိသည်။

"Bad Liar" (Completed)Where stories live. Discover now