Part(3)

290 3 0
                                    


အပိုင်း(၃)

"ကျွန်မ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ နည်းနည်းရှိနေလို့ အလုပ်ဝင်ရမယ့်ရက်ထက် နည်းနည်းနောက်ကျသွားတယ်။ တောင်းပန်ပါတယ် အန်ကယ်"

"ဪ ရပါတယ်။ သမီးကို ကြည့်ရတာ ပိန်တောင်ပိန်သွားသလိုပါပဲ။ အန်ကယ် နားလည်ပါတယ်။ သမီးက အန်ကယ်ရဲ့ တွဲဖက်အတွင်းရေးမှုး လုပ်ရမှာဆိုတော့ တစ်ခါတစ်လေ အချိန်ပိုဆင်းရတာမျိုးတွေပါ ရှိနိုင်ပါတယ်။ သမီး အဆင်ပြေပါ့မလား မသိဘူး။ ဟို အဲဒီအချိန်ပိုတွေအတွက်လည်း အန်ကယ်က လစာသပ်သပ်ပေးမှာပါ"

"ရပါတယ် အန်ကယ်။ ကျွန်မအတွက်က အလုပ်ချိန်များလေ ကောင်းလေပါပဲ"

"ဒါနဲ့ သမီးက ဘယ်မှာ နေတာလဲ။ ပြန်ရမှာ ဝေးသလား"

"ဟို သမီးက အ‌ဆောင်မှာပဲ နေတာပါ။ ပြန်ရမှာ နည်းနည်းတော့ ဝေးပေမဲ့ အဆင်ပြေပါတယ်‌ အန်ကယ်"

"အင်း နေစမ်းပါဦး။ အန်ကယ်တို့ အိမ်ယာမှာ တိုက်ခန်း ပိုသေးသလိုပဲ။ ပုံမှန်ဆို အန်ကယ်တို့က ဝန်ထမ်းတွေကို တိုက်ခန်းပေးတယ်လေ။ တိုက်ခန်းတွေက အလွတ်ရှိသေးလားတော့ မသိဘူး။ ဒါနဲ့ သမီးမှာ အတူနေတဲ့ မိသားစုဝင်တွေ များသလား"

"သမီး တစ်ယောက်တည်းပါပဲ အန်ကယ်"

"ဪ ဒီလိုဆိုရင်တော့ အန်ကယ် တိုက်ခန်း စီစဥ်ခိုင်းလိုက်ပါ့မယ်။ သမီးလည်း ပြန်ရတာ နီးတာပေါ့။ တစ်ယောက်တည်းဆိုရင်တော့ အခန်းက နေဖို့အဆင်ပြေတုန်းပါပဲ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်ကယ်"

"အေး အေး ဟုတ်ပြီ သမီး။ အလုပ်တွေ စလုပ်လို့ ရပါပြီကွယ်။ သွယ်ယမင်းရေ ဒီမှာ ဒီက သမီးလေးကို လုပ်ငန်းအကြောင်းတွေ ပြောပြလိုက်ပါဦး"

"ဟုတ်ကဲ့ ဘော့စ်"

"လိုက်ခဲ့နော် ညီမလေး"

တောင်းဆုသည် မသွယ်ယမင်း ခေါ်ရာနောက်သို့ ဖိုင်တွဲတစ်ချို့ကိုင်ကာ လိုက်လာခဲ့သည်။

"ဒါက ညီမလေးနေရမယ့်အခန်းပါ။ ဒီဘက်ကတော့ မမရဲ့အခန်း"

မသွယ်ယမင်း၏ အလုပ်ခန်းနှင့် တောင်းဆု၏အလုပ်ခန်းသည် မှန်ချပ်လေးသာ ခြား၏။ ထိုအခန်းနှစ်ခု၏ မျက်နှာချင်းဆိုင်မှာတော့ ဘော့စ်၏ရုံးခန်းရှိသည်။

"Bad Liar" (Completed)Where stories live. Discover now