Part (29)

220 0 0
                                    

"Bad Liar"

အပိုင်း (၂၉)

"ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ တကယ် အမှန်ပဲ။ တွေ့မို့တွေ့တော့လည်း တိုက်တိုက်ဆိုင်ကိုမှပါလား။ အဟက်"

ဇွန်ပွင့်ဖြူသည် ကွန်ဗျူတာကို ပြူးပြဲကြည့်နေရာမှ လိုချင်တာ ရသွားသည့် လူတစ်ယောက်လို အရာအားလုံး ပေါ့ပါးသွားဟန်ဖြင့် ဆို၏။

"မင်း ဘာတွေလုပ်ဖို့ ကြံနေသေးတာလဲ ဖြူ"

"ရှင့်အပူ မပါဘူး"

"မင်း‌ နောက်ထပ် အမှား‌တွေ ကျူးလွန်မှာမျိုးကို ကို ခွင့်ပြုတော့မှာ မဟုတ်ဘူးနော် ဖြူ"

"ဘာ အမှား ဟုတ်လား။ အခု အရာအားလုံးက မှားပြီးသွားပြီလေ။ အရာအားလုံးဟာ ပွင့်ဖြူအတွက် မဟုတ်ဘူးဆိုတကတည်းက မှားပြီးနေပြီ။ ဒါကို ပွင့်ဖြူက ဘာအတွက် မှန်ပေးရဦးမှာတဲ့လဲ"

"ဘာလို့ အဲဒီကောင်ကို အဲသလောက်ထိ တမ်းတမ်းစွဲ လိုချင်နေရတာလဲ ဖြူရယ်။ ဟိုးငယ်ငယ်လေးကတည်းက မင်းကိုပဲ အမြဲကြည့်နေခဲ့တဲ့ ကို့ကို နည်းနည်းလေးတော့ လှည့်ကြည့်ပါဦးကွာ"

"ဒီမှာ ကိုရာဇာ။ ပွင့်ဖြူက ရှင့်ကိုပဲ ချစ်တာပါဆိုတာကို ပွင့်ဖြူ ရှင့်ကို အတိအလင်း ပြောထားပြီးသား။ အေး မင်းရိုးရာကို အဆုံးရှုံး မခံနိုင်ဘူးဆိုတာကလည်း သူ့ပိုင်ဆိုင်မှုတွေကို မက်လို့ပဲ။ ဒါ ရှင့်ကို ပွင့်ဖြူ ရှင်းပြထားပြီးသားလေ။ ဘာတွေ လာကြောင်နေတာလဲ"

"ဟ မင်း ကို့ဘက်ကိုလည်း တွေးကြည့်ဦးလေ ဖြူရာ။ အခြေအနေတစ်ခုအတွက် ကိုက ကို ချစ်ရတဲ့ ကောင်မလေးကို တခြားကောင်နဲ့ ကြည်ကြည်ဖြူဖြူ လွှတ်ထားပေးရမှာတဲ့လား။ နောက်ဆုံး မင်း ပြောသလို မင်းက ကို့ဆီပဲ ပြန်လာတယ် ဆိုဦးတော့ ကိုက ဘာဖြစ်သွားပြီလဲ။ ချမ်းချမ်းသာသာ နေရဖို့များနဲ့တော့ ကို့ကောင်မလေးကို တစ်ခြားတစ်ယောက်ဆီမှာ မခံခိုင်းနိုင်ဘူး ဖြူ။ ကို့မှာလည်း ယောက်ျားသိက္ခာ ရှိတယ်"

"ရာဇာ ရှင် ဘာစကားပြောလိုက်တာလဲ။ ဒါက ဖြူ့သိက္ခာကို အများကြီး စော်ကားရာ ရောက်တယ်ဆိုတာကို ရှင် သိရဲ့လား။ အေး ရှင် ပြောသလို ပြောကြကြေးဆို ဖြူ ချမ်းသာချင်တယ်။ ရှင် ဘာလုပ်ပေးနိုင်လဲ။ အဲဒီအတွက် ရှင့်မှာ အစွမ်းအစ ဘယ်လောက်ရှိလဲ"

"Bad Liar" (Completed)Where stories live. Discover now