Part (11)

230 3 0
                                    

"Bad Liar"

အပိုင်း (၁၁)

"ဆေးကုသစရိတ် ဘယ်‌လောက်ကျသွားသလဲဟင် အန်ကယ်။ အန်ကယ့်ကို သမီး လစာထဲကနေပဲ အရစ်ကျ ဆပ်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်"

တောင်းဆု မာကျောချင်ယောင် ဆောင်ထားသော်လည်း မျက်နှာလေး နွမ်းလျနေသည်ကို မှန်ထဲမှာ သေချာတွေ့ခဲ့ရ၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိ။ သိမ်ငယ်သည်။ ဝမ်းနည်းသည်ဆိုခြင်းထက် တစ်ယောက်တည်း‌ ရှင်သန်နေရခြင်းကို နာကျည်းစက်ဆုပ်၏။ ဒီနေ့မှာ ဘောစ့်ကလည်း တောင်းဆုကို ထူးထူးကဲကဲ စိုက်ကြည့်နေသလိုပင်။

"အဲဒီအတွက် အများကြီး တွေးစရာ မလိုပါဘူး သမီးရယ်။ အန်ကယ်တို့အနေနဲ့ ကိုယ့်ဝန်ထမ်းရဲ့ ကျန်းမာရေးကို စောင့်မ ကူညီဖို့ တာဝန်ရှိတာပါပဲ။ ဒီငွေတွေကို သမီး ပြန်ပေးစရာမလိုဘူးလို့တောင် အန်ကယ့်ဇနီးက မှာလိုက်သေးတယ်"

တကယ်တော့ ဒီပိုက်ဆံတွေအားလုံးကို သားဖြစ်သူက အကုန်အကျ ခံခဲ့တာ ဖြစ်သည်။ ဦးမြတ်ရာသော်ဆီက ဆေးကုစရိတ်အတွက် ကုန်ကျငွေကို ငွေသားနှင့်သာ ပြန်ပေးဖို့ အတည်ပြုခဲ့သော်လည်း တကယ်တမ်းတွင် သားဖြစ်သူသည် ထိုပိုက်ဆံကို ပြန်ယူဖို့ ငြင်းခဲ့၏။

"ကျွန်တော့်ပိုက်ဆံကို ဒယ်ဒီ ပြန်ပေးစရာ မလိုပါဘူး။ ဟို အဲဒီအစား ဒယ်ဒီ့အတွင်းရေးမှူးဆီက ဒီငွေတွေကို ပြန်မယူဘဲ ထားပေးပါ"

ပထမတော့ သားဖြစ်သူကို သူ နားမလည်နိုင် ဖြစ်ခဲ့ရ၏။ ဒီရက်ပိုင်းတွေမှာ သားဖြစ်သူ၏ ထူးဆန်းနေမှုကို သူရော၊ သူ့ဇနီးပါ မရိုးရအောင် တွေ့နေမြင်နေရသည်။ သားသည် ငွေရေးကြေးရေးနှင့် ပတ်သက်လျင် တွန့်တို့တတ်သူ မဟုတ်သည့်တိုင် လူတစ်ယောက်ကို အထူးတလည် ဂရုမစိုက်တတ်သူဖြစ်၏။ အခုတော့ သားက တောင်းဆုပြည့်ကို အာရုံစိုက်နေသည်။ သူ့အကြောင်းတွေကို သိချင်၏။ သူ့အခက်အခဲတွေကို ကူညီချင်သည်။ အအံ့ဩဆုံးကတော့ ဘယ်တုန်းကမှ တောင်းဆို၍ မရခဲ့သည့် ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ကိစ္စကို သူကိုယ်တိုင် တောင်းဆိုလာခြင်းပင် ဖြစ်သည်။

"သား ဒယ်ဒီ့ကုမ္ပဏီမှာ အလုပ် လုပ်ချင်တယ်"

"ဘယ်လို။ သားက ဒယ်ဒီ့ကုမ္ပဏီမှာ အလုပ် လုပ်မယ် ဟုတ်လား"

"Bad Liar" (Completed)Where stories live. Discover now