Part (27)

258 4 0
                                    

"Bad Liar"

အပိုင်း (၂၇)

"ပွဲက ဒီအတိုင်း ပြီးသွားလို့ မဖြစ်ဘူး။ ဘာ ဘာလို့ ငါက ငါပိုင်ဆိုင်တာတွေအားလုံးကို ဒီလိုနည်းနဲ့ လွယ်လွယ်ကူကူ စွန့်လွှတ်ပေးရမှာလဲ။ ဇာတ်က မပြီးသေးပါဘူး။ ဆက်ကစရာတွေ အများကြီး ကျန်သေးတယ်"

ဇွန်ပွင့်ဖြူ သွေးရူးသွေးတန်းဖြင့် အကြံကုန် ဂဠုန် ဆားချက်ဖို့ အကြံထုတ်ပြန်၏။ ဒီနေရာ၊ ဒီပိုင်ဆိုင်မှုတွေကိုရဖို့ မာမီက ပွင့်ဖြူအတွက် အများကြီး ကြိုးစားပေးခဲ့ပြီးပြီ။ ဒါကို ပွင့်ဖြူက မပျောက်ပျက်သွားအောင်တော့ ထိန်းသိမ်းမှ ဖြစ်မည်။

"ဖုန်း ငါ့ဖုန်း..."

ပွင့်ဖြူက ရုတ်တရက် အကြံတစ်ခုကို ရသွားပြီး ဂါဝန်လေးကို မကာ သူမ၏ ပစ္စည်းများထားရာအခန်းဆီသို့ ပြေးထွက်လာခဲ့၏။

ပွင့်ဖြူ ဖုန်းကို ဖွင့်သည်။ ထို့နောက် ပုံတစ်ချို့ကို ရှာ၏။

"အာ အခုမှတော့ ငါက ဒီပုံတွေနဲ့ ဘာလုပ်လို့ ရတော့မှာလဲ"

ပွင့်ဖြူ ဖုန်းကို တင်းတင်းဆုပ်ကိုင်ကာ အတွေးတွေ ထွေပြားစွာဖြင့် ဆောက်တည်ရာမရ ဖြစ်နေသည်။

"တောင်.."

ထိုစဥ် ဖုန်းထဲမှ နိုတီတက်သံကို ကြားလိုက်ရ၍ စိတ်မဝင်စားသော်လည်း အကြံကုန်နေသူပီပီ ကြည့်လိုက်မိသည်။

"ဟင်...တောင်းဆုပြည့်မှာ မင်းရိုးရာနှင့် ရထားသည့် ရင်သွေးလေး လွယ်ထားရကြောင်း အတွင်းသိသူတစ်ဦးမှ ပြောကြား"

သတင်းခေါင်းစဥ်နှင့်အတူ အာထရာဆောင်းပုံရိပ်တစ်ချို့ကို တွဲတင်ထား၏။ သတင်းက စက္ကန့်နှင့်အမျှ ပျံ့နှံ့နေသည့်နှုန်းမှာ မြန်လွန်းလှ၍ ဇွန်ပွင့်ဖြူဆီ နိုတီ တက်လာခြင်း ဖြစ်သည်။

"ကိုယ်ဝန်တဲ့လား..."

သတင်းကို အပေါ်အောက်တစ်ချက်ဆွဲကာ ကျော်လွှားဖတ်လိုက်ရင်း မှတ်ချက်တွေကိုပါ တစ်ခါတည်း ကြည့်လိုက်မိ၏။

"ဒါဆို မင်းရိုးရာ သူမကို လက်ထပ်ရတဲ့အကြောင်းရင်းက ဒါပေါ့"

"ဒါကြောင့် မင်းရိုးရာက သူ့ကို ရွေးချယ်လိုက်တာကိုး။ တကယ်တော့ သူ တကယ်ချစ်တာက ဇွန်ပွင့်ဖြူပဲ ဖြစ်မယ်"

"Bad Liar" (Completed)Where stories live. Discover now