Part (15)

216 3 0
                                    

"Bad Liar"

အပိုင်း (၁၅)

"ဟယ် သမီးက ဦးမင်းထက်ရဲ့ သမီးလား"

"ဟုတ်ကဲ့ အန်တီ"

"ဟယ် ဦးမင်းထက်မှာ သမီးလေးတစ်ယောက်ရှိတယ်ဆိုတာ သိထားပေမဲ့ တစ်ခါမှ မမြင်ဖူးခဲ့တာကွယ်။ ဦးမင်းထက်ကိုတော့ ဆုံဖူးတယ်"

"ဟုတ်ကဲ့ အန်တီ။ သမီးလည်း ကိုယ့်လုပ်ငန်းနဲ့ကိုယ်ဆို‌တော့ ဒယ်ဒီနဲ့အတူ သွားတာလာတာမျိုး မရှိတော့ ဒယ်ဒီ့မိတ်ဆွေတွေက သိပ်မသိကြဘူး"

"ဂွတ်မောနင်း ဝေ။ ‌ဪ ဧည့်သည် ရောက်နေတာကိုး"

"ဟုတ်တယ် ကိုရယ်။ ဦးမင်းထက်ရဲ့ သမီးတဲ့။ စက်ဘီး လျှောက်စီးရင်း နယ်ကျွံပြီး ဒီဘက်ကို ရောက်လာတာ။ အဲဒါ လမ်းချော်ပြီး စက်ဘီးလဲတော့ ဒဏ်ရာနည်းနည်း ရလာတာလေ။ တော်သေးတာပေါ့ သားနဲ့ တွေ့လို့"

"ဟော ဒါဆို ထူးထူးခြားခြား တိုက်ဆိုင်တာပေါ့။ သမီး ကံကောင်းနေတာဖြစ်မယ်။ ပုံမှန်ဆို အန်ကယ့်သားက စောစောစီးစီး လမ်းလျှောက်တာ မဟုတ်ဘူး။ ဒီနေ့မနက်မှ မလုပ်စဖူး လုပ်လိုက်တာ သမီးနဲ့ တွေ့တော့တာပဲ"

"ဟုတ်လား အန်ကယ်"

ဇွန်ပွင့်ဖြူက တောက်တောက်ပပလေး ပြုံးပြသည်။ စိတ်ထဲမှာတော့
"သမီးလည်း ဒီမနက်မှ စက်ဘီးလျှောက်ပတ်စီးဖြစ်တာ အန်ကယ်ရဲ့" ဟုပြောပြီး ကြိတ်ရယ်လိုက်မိသေး၏။

"ရောက်တောင် ရောက်နေပြီပဲ။ မနက်စာ စားပြီးမှပဲ အေးဆေးပြန်ပေါ့ ဟုတ်လား"

"ဟို မစားတော့ဘူး အန်တီ။ ဒီအချိန်လောက်ဆို ပွင့်ဖြူ ကြာနေလို့ဆိုပြီး ဒယ်ဒီလည်း စိတ်ပူနေလောက်ပြီ"

"အန်တီတို့ဆို ရောက်နေတယ်ဆိုပြီး ပြောလိုက်‌ရောပေါ့ကွယ်။ သူ စိတ်ချမှာပါ။ ဘာလဲ အန်တီ ပြောပေးရမလား"

"အာ မလုပ်ပါနဲ့ အန်တီ။ ဟို ဒယ်ဒီ တစ်မျိုး ထင်ကုန်ပါ့မယ်"

"ဟုတ်သားပဲ ဝေရာ။ သမီးက ကိုတို့ဆီ ရောက်နေတယ်ဆိုတာကို မင်းကပါ တကူးတက လှမ်းပြောပေးရင် ဟိုဘက်က ဘယ်လို ထင်မလဲ"

"ဟယ် အဲဒီလို ဖြစ်သွားလား။ ဆောရီးနော် သမီး။ အန်တီက ဒီအတိုင်း သဘောရိုးနဲ့ ပြောတာပါ"

"Bad Liar" (Completed)Where stories live. Discover now