Part (17)

213 3 0
                                    

"Bad Liar"

အပိုင်း (၁၇)

"လူနာက ဘယ်လိုဖြစ်တတာလဲ မသိဘူး"

"ဟို ရုတ်တရက်ကြီး ချောင်းတွေ အဆက်မပြတ်ဆိုးလာပြီး အသက်ရှုရခက်သလို ဖြစ်တာလာပါ"

"လက္ခဏာတွေကို ကြည့်ရတာကတော့ Allergic ဖြစ်တဲ့ပုံပါပဲ။ လူနာက ဓာတ်မတည့်တဲ့ အနံ့တစ်ခုခုကို ရှူမိတယ် ထင်ပါတယ်"

"ဓာတ်မတည့်တာ တစ်ခုခု ဟုတ်လား ဒေါက်တာ"

"ဟုတ်ပါတယ်။ တော်တော်ပြင်းပြင်းထန်ထန်ပါပဲ။ ဆေးရုံကို အချိန်မီ ရောက်လာနိုင်လို့သာပေါ့။ သူမသာ အဲဒီအရာနဲ့ ဒီ့ထက်ပိုကြာကြာ ထိတွေ့လိုက်မယ်ဆိုရင် အသက်ရှူတောင် ရပ်သွားနိုင်ပါတယ်"

ဒေါက်တာ့စကားကြောင့် ရိုးရာမှာ စိုးရိမ်ပူပန်မှုတွေနှင့်အတူ မေးခွန်းတွေလည်း များလာရသည်။ ကောင်မလေးသည် သူ အဆက်မပြတ် နမ်းရှိုက်နေစဥ် ရုတ်တရက် ချောင်းတွေ ဆိုးလာပြီး အသက်ကို ရှိုက်ရှိုက်ရှူကာ သတိရတစ်ချက် မရတစ်ချက်ဖြင့် သူ့ကိုယ်ပေါ်သို့ လဲပြိုကျသွားခဲ့ခြင်းဖြစ်သည်။

"ဟ ဒါဆို သူနဲ့ ဓာတ်မတည့်တာက မင်းပေါ့ ဟုတ်လား"

ဒီအကြောင်းတွေကို သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြောပြတော့ ဒီကောင်တွေက ရိုးရာကို ဝိုင်းပြီး နှောက်ကြ၏။

ရိုးရာလည်း ဒေါက်တာ့စကားကို ကြားကြားချင်းတုန်းက သူတို့လိုပဲ တွေးခဲ့မိသေးတာ ဝန်ခံရမည်။ အဲဒီအတွက် ဆေးကျောင်းတက်နေသည့် သူငယ်ချင်းဖြစ်သူ သုတကိုပင် ဖုန်းဆက်မေးလိုက်မိသေးသည်။

"ကြောင်လိုက်တာကွာ။ မင်း ပြောမှ ငါတောင် တွေးစရာတွေ များသွားတယ်။ ငါ့ဆေးပညာမှာတော့ အဲ့လိုကြီး မကြားဖူးဘူးနော် ဟေ့ကောင်"

"ဒါဆို သူ ဘာဖြစ်တာလဲ"

"မင်းပဲပြောတော့ အာလဂျစ် ဖြစ်တာဆို"

"အဲဒါ ဟိုဒေါက်တာတွေ ပြောသွားတာလေ"

"အေးလေ စီနီယာကြီးတွေက အာလဂျစ်ဖြစ်တယ်ဆိုပြီး ပြောမှတော့ ငါ့လို ဆေးကျောင်းသားက ဘာကို စောဒက တက်ရဦးမှာလဲကွာ"

"Bad Liar" (Completed)Where stories live. Discover now