Part (9)

247 4 0
                                    

"Bad Liar"

အပိုင်း(၉)

"မင့်သားက လာကြိုမှာတဲ့လားကွ"

"လာကြိုမယ်လို့တော့ ပြောတာပဲ ကိုရဲ့"

"သေချာလို့လား ဝေရယ်။ မင့်သားက ကိုတို့နဲ့ ဘယ်တုန်းကများ ကားတစ်စီးထဲ အတူထိုင်ဖူးလို့လဲ"

"ဒါဖြင့် သားက သူ မလုပ်ပေးနိုင်ဘဲနဲ့ရော ဘယ်တုန်းကများ လက်ခံဖူးလို့လဲ ကိုရယ်"

"အေးကွာ။ ဝေ ပြောတာလည်း အဟုတ်ပဲ။ တကယ်တော့ သားက ငယ်ငယ်တုန်းကဆို သိပ်လိမ္မာပြီး သိတတ်တဲ့ ကလေးပါ။ ဝေ မှတ်မိလား။ သား ကိုးနှစ်သားလောက်တုန်းက အတန်းထဲမှာ ပထမဆု ရတယ်လေ။ အဲဒီတုန်းက ကိုတို့နှစ်ယောက်က ထိုင်းမှာနေပြီး ရှိသအမျှ အလုပ် သိမ်းကြုံးလုပ်ပြီး ငွေရှာနေကြရတဲ့ အချိန်လေ။ အဲဒီတုန်းက ဖုန်းထဲကနေ သား ပြောလိုက်တဲ့စကားကို ကို အခုထိ စိတ်မကောင်းဖြစ်တုန်းပဲကွာ။ သားက ဆုပေးပွဲကို ဒက်ဒီ၊ မာမီနဲ့အတူတူ သွားချင်ခဲ့တာ ဆိုတာလေ"

"မှတ်မိတာပေါ့ ကိုရယ်။ သားက ဝေတို့ကြောင့် အခုလို ဆိုးသွမ်းသွားတာလို့ တွေးမိတိုင်း ဝေဖြင့် စိတ်မကောင်းဘူး။ ဝေတို့ကသာ သားရဲ့ ငယ်ဘဝတစ်လျှောက်လုံးကို သူ့အဖွားနဲ့ ပစ်ထားပြီး သားအတွက်ဆိုပြီး ငွေတွေ ဇွတ်ရှာခဲ့ပေမဲ့ အခုဆို သားက ဝေတို့ရဲ့ ပိုင်ဆိုင်မှုကို နည်းနည်းမှတောင် မမက်မောဘူးလေ"

"မေမေ့စနက်တွေလည်း ပါတာပေါ့ ဝေ။ မေမေက ကို့ကို ဝေနဲ့ သဘောမတူတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ကြည့်စမ်းပါဆိုပြီး ပစ်ထားခဲ့ရာကနေ ကိုတို့လည်း ကိုတို့မာနကို ရှေ့တန်းတင်ပြီး ဖြစ်ခဲ့ရတာတွေမလား။ သားလေးက ကိုတို့အပေါ် အခုလို မြင်နေတာတွေကလည်း မေမေ့ပယောကတွေချည်းပဲလေ။ မေမေက သားကို ဒီအတိုင်း ပုံသွင်းထားခဲ့တာ။ ကိုတို့က သားကို ပစ်ထားခဲ့ပါတယ်ဆိုပြီးတော့မှလေ။ သူ့မှာက သူ့မြေးကို မေတ္တာရော၊ ဥစ္စာရော လိုတာပေးနိုင်ခဲ့တဲ့ အနေအထားကြီး ရှိနေလေတော့ သားကို သူ့ဘက်ပါသွားခဲ့တာ။ ဒါတွေအားလုံးမှာ မေမေ့အပြစ်တွေ မကင်းဘူး ဝေ"

"ကဲပါ ကိုရယ်။ သွားလေသူကို အပြစ်တွေတင်မနေပါနဲ့။ မေမေလည်း နောက်ဆုံးတော့ ဝေတို့တွေကို ကြည်ဖြူသွားခဲ့သားပဲလေ။ မေမေ စောင့်ရှောက်ပေးခဲ့လို့သာ သားလေးက အခုလို ဝင့်ဝင့်ကြွားကြွားနဲ့ လူလားမြောက်ခွင့် ရလာတာမလား။ သူတို့မြေးအဖွား ချစ်ကြတယ်ဆိုတဲ့ နေရာမှာလည်း အပြစ်တင်စရာမှ မရှိတာ ကိုရယ်။ အမေ့မှာ သူ့မြေးလေးပဲ ရှိခဲ့သလို၊ သားလေးဘက်က ကြည့်ပြန်တော့လည်း သူ့ငယ်ဘဝတစ်လျှောက်လုံးမှာ သူ့အဖွားပဲ အနားမှာ ရှိပေးခဲ့တာလေ။ ကိုကသာ မေမေ့ကို အပြစ်တင်နေတာ။ကိုကရော ကို့မေမေကို ဘယ်တုန်းကများ အဖော်ပြုပေးခဲ့လို့လဲ။ အဲဒါကြောင့်လည်း သူက သူ့မြေးကို အပါဆွယ်ထားခဲ့တာ နေမှာ‌ပေါ့"

"Bad Liar" (Completed)Where stories live. Discover now